DuckDuckGo

DuckDuckGo (DDG) ဆိုသည်မှာ စိတ်ကြိုက် ရှာဖွေမှုပြုလုပ်ခြင်းကြောင့် filter bubble ဟုခေါ်သော ရှာဖွေမှုရလဒ်များ တလွဲတချော်ဖြစ်ခြင်းမှ ရှောင်လွှဲစေနိုင်ပြီး သုံးစွဲသူ၏ privacy ကို ကာကွယ်ရန် ရည်ရွယ်ဖန်တီးထားသော search engine တစ်ခု ဖြစ်သည်။

DDG သည် သုံးစွဲသူ၏ IP လိပ်စာများနှင့် အခြားအချက်အလက်များကို ခြေရာခံခြင်း မရှိပေ။ ရှာဖွေမှုပြုလုပ်ရန် ထည့်သွင်းထားသမျှကို log တစ်ခုဖြင့် ထိန်းသိမ်းထားသော်လည်း သုံးစွဲသူ၏ အချက်အလက်များကို မှတ်တမ်းတင်ထားခြင်း မရှိသလို third-party အဖွဲ့အစည်းများထံသို့လည်း ပေးအပ်ခြင်း မရှိပေ။

Google နှင့်မတူညီသည်မှာ DuckDuckGO က တည်နေရာနှင့် စိတ်ဝင်စားမှု ကဲ့သို့သော သုံးစွဲသူနှင့် သက်ဆိုင်သည့် အချက်အလက်များကို အခြေခံကာ ရှာဖွေမှုရလဒ်များကို စစ်ထုတ်ဖော်ပြသော personalized search ကို default အဖြစ် သတ်မှတ်ထားခြင်း မရှိပေ။

DuckDuckGo သည် ကိုယ်ပိုင် crawler ဖြစ်သော DuckDuckBot နှင့် Wikipedia ကဲ့သို့သော crowd-sourced site များအပြင် Yahoo!, Yandex, Yelp, Bing စသည့် အခြား search provider များ၏ အမျိုးမျိုးသော ရင်းမြစ်များမှ ရလဒ်များကို စုဆောင်းဖော်ပြသောကြောင့် ၎င်းကို တစ်ခါတစ်ရံတွင် hybrid search engine တစ်ခုအနေဖြင့် ရည်ညွန်းခေါ်ဆိုကြသည်။

DuckDuckGo ကို ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ဂါဘရီရယ်ဝိန်းဘတ်ဆိုသူက စတင်တည်ထောင်ခဲ့သည်။ ကနဦးတွင် ဝိန်းဘတ်က ငွေကြေးထောက်ပံ့ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၃ သန်း လက်ခံရရှိခဲ့သည်။ ကုမ္ပဏီ၏ ရုံးချုပ်မှာ ပင်ဆေဗေးနီးယားပြည်နယ် ပေါင်လီမြို့တွင် အခြေစိုက်သည်။

DuckDuckGo ကို Chrome, Firefox နှင့် Safari အပါအဝင် browser အများစုဖြင့် သုံးနိုင်သည်။