Azwraith The Phantom Lancer

phantom-lancer-dota-2-wallpaper-1366x768.jpg

Spin to Win Meta အပြီးမှာ ကစားပွဲတွေကနေ Juggernaut, Axe, Troll Warlord တို့ သိသိသာသာ ပျောက်သွားပြီးနောက်မှာ မထင်မှတ်ထားတဲ့ Carry တစ်ကောင် ပြန်လည်ခေါင်းထောင်
လာခဲ့ပါတယ်။ Azwraith The Phantom Lancer ဟာ Riki ပြီးရင် ဒုတိယမြောက် Base Agility အများဆုံးဖြစ်ပြီး 6.84 မှာ ဘာတစ်ခုမှ မပြောင်းလဲခဲ့ပေမယ့် Meta ဆိုတဲ့ သဘောတရား အတိုင်း တစ်ခေတ် ပြန်လည် ပေါ်ထွက်လာပါတယ်။ Pusher, Hard Carry ဖြစ်တဲ့ The Phantom Lancer  ဟာ Single Target Ability User တွေကို ငယ်နိုင် Hero တစ်ကောင်ဖြစ်ပေမယ့် AoE Spell  Caster  တွေကိုတော့ Hard Carry တို့ရဲ့ ထုံးစံအတိုင်း အစပိုင်းမှာ တော်တော်လေး ရှောင်ပြီး ကစားဖို့လိုပါတယ်။

Background Story

တိုင်းပြည်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ပွဲကြီးအကြောင်းနဲ့ ပတ်သတ်ခြင်းမရှိတဲ့ တိတ်ဆိတ်တံငါရွာကလေးဟာ မိရိုးဖလာ လမ်းစဉ်အတိုင်း လှံတံကို အသုံးပြု ပြီး ငါးဖမ်းကာ အသက်မွေးဝမ်းကျောင်းတဲ့ အေးချမ်းသော ရွာကလေးတစ်ရွာပဲ ဖြစ်ပါတယ်။ ဖမ်းဆီးရရှိတဲ့ ငါးတွေဟာ သူတို့ မိသားစုဘဝအတွက် ပြီးပြည့်စုံစွာ ဖြတ်သန်းခဲ့ပေမယ့် စစ်ပွဲတွေဟာ ငြိမ်းချမ်းမှုတွေကို ဖျက်ဆီးဖို့အတွက် ရောက်ရှိလာပါတော့တယ်။ သူတို့ရဲ့ မွေးရပ်မြေကို ငြိမ်းချမ်းခြင်းတွေပြန်လည် ယူဆောင်ပေးဖို့အတွက် နှိမ်ချတတ်တဲ့ Azwraith လို့ အမည်ရသော တံငါသည်လေး တစ်ယောက်ဟာလည်း စစ်ပွဲအတွက် မျိုးနွယ်တူသွေးသောက်ညီအစ်ကိုတွေနဲ့အတူ စာရင်း ပေးသွင်းခဲ့ပါတယ်။ ကြောက်မက်ဖွယ် မှော်ဆရာဆိုးကြီး Vorn နဲ့ ထိပ်တိုက်တွေ့တဲ့ ဒီစစ်ပွဲမှာတော့ Azwraith ဟာ နောက်ဆုံးထိုးစစ်ရဲ့ တပ်ဦးမှာ တာဝန်ကျခဲ့ပါတယ်။ Vorn စစ်တပ်ရဲ့ နောက်ဆုံးခံတပ်ကို ထိုးဖောက်ဝင်ရောက်ရာမှာ Azwraith နဲ့အတူ ထိုးစစ်ဆင်ခဲ့တဲ့ ရဲဘော်ရဲဘက်ပေါင်းများစွာ ကျဆုံးခဲ့ပြီးနောက်မှာတော့ သူ့ကို ဒေါသအကြီးအကျယ်ပေါက်ကွဲစေခဲ့ပါတော့တယ်။ နောက်ဆုံး တစ်ဦးတည်း အသက်ရှင် ကျန်ခဲ့တဲ့ Azwraith ဟာ ရန်သူမှော် ဆရာများ တပ်ဆင်ထားတဲ့ ထောင်ချောက်တွေနဲ့ ဆင့်ခေါ်ထားသော သရဲတစ္ဆေတွေကို တိုက်ခိုက် ကျော်ဖြတ်ပြီး ခံတပ်ရဲ့ ထိပ်ဆုံးမှာရှိတဲ့ Vorn ရှိရာ ထိန်းချုပ်ခန်းကို တစ်ကိုယ်တည်း ထိုးဖောက်ဝင်ရောက်သွားနိုင်ခဲ့ပါတယ်။ မှိန်းတံနဲ့ တောင်ဝှေးတို့ ထိပ်တိုက်တွေ့တဲ့ အနီးကပ်တိုက်ပွဲဟာ ညလုံးပေါက် ကြာမြင့်အောင် အသေအကြေ တိုက်ခိုက်ခဲ့ကြပြီး Azwraith ဟာ သူ့ရန်သူတော်ကြီးရဲ့ ရင်ဝကို ထုတ်ချင်း ဖောက်ပြီး ဇီဝိန်ချုပ်ပေးဖို့ ကြိုးစားခဲ့ပါ တယ်။ မှော်ဆရာကြီးကတော့ လွယ်လွယ်ကူကူ အသက်မပျောက်ခဲ့ဘဲ သူ့ရဲ့ခန္ဓာကိုယ်မှ မရေမတွက်နိုင်အောင် များပြားတဲ့ အလင်းတန်းများထုတ်လွှတ်ပြီး သူ့ကို သတ်တဲ့ Azwraith ကို ပြန်လည်ထိုးဖောက်ကာ တိုက်ခိုက်သွားခဲ့ပါတယ်။ တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီး မီးခိုးများ၊ ဖုန်မှုန့်များ ကင်းစင်ငြိမ်သက် သွားချိန်မှာတော့ Azwraith ဟာ သူ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့အတူ မားမားမတ်မတ် ရပ်နေခဲ့ပါတယ်။ သူဝတ်ဆင်ထားတဲ့ အဝတ်အစား၊ သူကိုင်ဆွဲထားတဲ့ လက်နက်အတိုင်း ထပ်တူကျစွာ တူညီနေတဲ့ ရဲဘော်ရဲဘက်တွေရဲ့ ဝိညာဉ်များကို အာရုံခံထိန်းချုပ်နိုင်မှန်း သိလိုက်ရတဲ့အခါမှာ  Azwraith  ဟာ ဝိညာဉ်တွေကို အနားယူဖို့ စေခိုင်းခဲ့ပါတော့တယ်။ တစ်ကောင်ပြီးတစ်ကောင် တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး နောက်မှာတော့ အရုဏ်ဦးအလင်းရောင်နဲ့အတူ စစ်ကူများလည်း ရောက်ရှိလာခဲ့ပါပြီ။ စစ်သားတွေဟာ မှော်ဆရာကြီး Vorn ကို တစ်ကိုယ်တည်း အနိုင်ယူ တိုက်ခိုက်လိုက်တဲ့ သူတို့ရဲ့ သူရဲကောင်းကြီးကို ဂုဏ်ပြုချီးမြောက်ဖို့ အနားကို စုပြုံ တိုးကပ်လာချိန်မှာတော့ ၎င်းတို့မျက်စိရှေ့မှာ လှံတံကို ကိုင်ဆွဲပြီး မားမားမတ်မတ် ရပ်နေတဲ့ လှံတံကိုင် စစ်သည်တော် Azwraith ဟာ တစ္ဆေတစ်ကောင်သဖွယ် ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

V6.82 မှာ Ability ၃ ခု တောင် ပြောင်းလဲသွားပေမယ့် မပြောင်းလဲဘဲ ကျန်ခဲ့တဲ့ Spirit Lance ဟာ Phantom Lancer ကစားသမား 95% လောက်က ဦးစားပေးဆုံးအောင်ယူတဲ့ Single Target Nuke Ability တစ်ခုဖြစ်ပါတယ်။ Cooldown 7 seconds သာရှိပြီး Slow Duration 3.75 seconds ရှိတဲ့အတွက် အစောပိုင်းမှာ mana အထောက်အပံ့ အပြည့်ပေးနိုင်တဲ့ Lancer + Keeper အတွဲဟာ Dota ကစားသမားတွေအကြား ရေပန်းစားတဲ့ တွဲလုံးဖြစ်နေဆဲပါပဲ။ များများယူလေ Damage နဲ့ Movement Slow Rate တိုးလာမှာဖြစ်လို့  သူ့ရဲ့ Ability တွေထဲမှာ ဦးစားပေး အယူသင့်ဆုံး  Ability ဖြစ်နေပါတယ်။ အပစ်ခံရတဲ့ Unit ဟာ disjoint ဖြစ်အောင် မရှောင်တိမ်းနိုင်ဘူးဆိုရင် အဆိုပါ Unit အနားမှာ Damage Taken 400%, Damage Output 20% ရှိတဲ့ Illustion Unit တစ်ခုဟာ 2/4/6/8 seconds ကြာအောင်ပေါ်နေမှာ ဖြစ်ပါတယ်။

ယခင် Doppel Walk နေရာမှာ အစားထိုး ဝင်ရောက်လာတဲ့ Doppelganger ဟာ Escape Ability တစ်ခု ဖြစ်ပါတယ်။ Lancer ဟာ မြေပုံကနေ 1 second အကြာ ပျောက်ကွယ်သွားမှာဖြစ်ပြီး Illusion Unit ၂ ခု နဲ့အတူ ပြန်လည် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ အဆိုပါ Illusion ၂ ကောင်ရဲ့ ထူးခြားချက်ကတော့ ပထမ Illusion ဟာ Phantom Lancer အစစ်အတိုင်း မာကာ Damage 0 ရှိမှာဖြစ်ပြီး ဒုတိယ Illusion ကတော့ ပျော့ဖတ်ပြီး အစစ်ရဲ့ 20% Damage သက်ရောက်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် Doppelganger ဟာ Spell ရှောင်ဖို့အတွက် အလွယ်တကူ အသုံးပြုနိုင်တဲ့အပြင် ပြန်ပေါ်လာတဲ့အခါမှာလည်း မိမိကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် တစ်ဖက်အသင်းကို လှည့်ဖြားနိုင်မှာ ဖြစ်ပါတယ်။ Illusion ၂ ကောင်ထဲက အလင်းရောင် အရမ်းတောက်နေတဲ့ကောင်ဟာ အစစ်အတိုင်းမာတဲ့ Illusion ဖြစ်လို့ Doppelganger သုံးပြီး တာနဲ့ အဆိုပါအကောင်ကို အလွယ်တကူ Control ယူပြီး အစစ်ယောင်ဆောင်ကာ လှည့်ဖြားနိုင်မှာပါ။ များများယူရင် Cooldown ကျသွားမှာ ဖြစ်လို့ အစောပိုင်းမှာ တစ်ဆင့်လောက်နဲ့ လုံလောက်ပါတယ်။

Juxtapose နေရာမှာ ဝင်လာတဲ့ Phantom Rush ကတော့ Enemy  Unit အနားကို အလွယ်တကူ ကပ်နိုင်မယ့် Passive Ability ဖြစ်ပါတယ်။ Passive ပေမယ့် Weaver ရဲ့ Geminate Attack ကဲ့သို့ Cooldown ရှိမှာဖြစ်ပြီး Cooldown ပြည့်နေသည့်တိုင် အလိုအလျောက် Phantom Rush ဖြစ်နေမှာမဟုတ်ဘဲ မိမိတိုက်ခိုက်ချင်တဲ့ Unit ကို Right Click (ဒါမှမဟုတ်) Attack ထောက်မှ ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ များများယူလေ Range ဝေးလာပြီး Cooldown ကျလာမှာဖြစ်လို့ ဒုတိယ ဦးစားပေးတင်ဖို့ အကြံပြု ချင်ပါတယ်။ ပြေးနေစဉ်မှာ 800 MS ရှိကာ
အခြားလှုပ်ရှားမှု တစ်ခုခုကို လုပ်လိုက်ရင် အပြေးရပ်သွားမှာဖြစ်ပြီး Illusion တွေမှာလည်း ကိုယ်ပိုင် Phantom Rush Cooldown  များ သီးခြားစီ ရှိနေမှာဖြစ်ပါတယ်။

Phantom Lancer ရဲ့ အဓိက အသက်ဖြစ်တဲ့ Illusion တွေကို Ultimate အဆင့်ရောက်မှသာ ရရှိတော့မှာဖြစ်ပြီး Juxtapose ဟာ အရင်လို Magic Resistance ကိုတော့
ရရှိတော့မှာ မဟုတ်ပါဘူး။ Lancer အစစ်မှာရော Illusion တွေမှာပါ ခုတ်ချက်တိုင်းမှာ Illusion တွေဖြစ် ပေါ်လာဖို့ Chance သီးခြားစီ ရှိပါတယ်။ အစစ်ရဲ့ ခုတ်ချက်တိုင်းမှာ 40/45/50% ရှိပြီး
အတုတွေမှာတော့ 8% Chance ရှိပါတယ်။ ဒါပေမဲ့ အများဆုံး Illusion 5/7/9 ကောင်သာ ဖြစ်ပေါ်နိုင်မှာဖြစ်ပြီး Illusion တွေဟာ အစစ်ရဲ့ Damage 16% သက်ရောက်နိုင်စွမ်း ရှိပါတယ်။ Illusion တွေဟာ Maim, Bash စတဲ့ Passive တွေ မရရှိနိုင်ပေမယ့် အားသာချက်ကတော့ Diffusal Blade ရဲ့ Feedback ကို အပြည့်အဝ သက်ရောက်နိုင်စွမ်းရှိတဲ့အတွက် Phantom Lancer ရဲ့အဓိက Item တွေထဲမှာ Diffusal Blade က ထိပ်ဆုံးက ပါဝင်နေပါတယ်။

Illusion Hero တွေရဲ့ ထုံးစံအတိုင်း Damage များများ သက်ရောက်ဖို့ Main Attribute ပေါ်မှီခိုနေရတဲ့အတွက် Diffusal Blade, Butterfly, Skadi, Manta Style, Sange and Yasha, Heart စတဲ့ Item တွေကို အဓိကရွေးချယ်ပေးသင့်ပါတယ်။ Earthshaker, Timersaw, Tiny, Axe, Ember, Legion Commander တို့ဟာ Phantom Lancer ရဲ့ အဆိုးရွားဆုံး Counter Hero များဖြစ်ပြီး Single Target Hero များဖြစ်တဲ့ Wraith King, Huskar, Doom, Viper တို့ကို Counter ပြန်လုပ်ဖို့လည်း စဉ်းစားနိုင်ပါတယ်။ Phantom Lancer ကစားသမားတွေအတွက် Hot-key Option ထဲက Select All Unit  ကို နှိပ်ရလွယ်တဲ့ (ဥပမာ – Z) Hotkey တစ်ခုပေးထားပြီး ကစားဖို့ အကြံပြုချင်ပါတယ်။ များပြားလှတဲ့ Illusion တွေကို အချိန်တိုင်း Dash ဆွဲပြီး Select မှတ်နေတာထက် Key တစ်ခုတည်းကို နှိပ်ပြီး ထိန်းကျောင်းနိုင်မှာဖြစ်လို့ ပိုမိုထိရောက်စေမှာပါ။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါ လိမ့်မယ်။

yahooyeeha