Call & Audio Recording Voice2Text Email Pro

Call.jpg

ဖုန်းပြောဆိုသည့်အခါ မိမိပြောဆိုသည့် အရေးကြီးကိစ္စများကို အသံဖမ်းထားနိုင်မည့် App တစ်ခု ဖြစ်သည်။ အဆိုပါ App သည် ဖုန်းပြောဆိုချိန် တစ်ကြိမ်ကို တစ်နာရီစာအထိ အသံဖမ်းယူ ပေးထားနိုင်မည်ဖြစ်ပြီး Dropbox, SoundCloud အကောင့်များပေါ်တွင် တင်ထားနိုင်ရန်အတွက်လည်း အထောက်အပံ့ ပေးထားသည်။

အဆိုပါ App ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ကို ရရှိမည်ဖြစ်သည်။ iOS Version 4.3 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။