Colorfly G808

colorfly-g808-1.jpg

တန်ဖိုး- ကျပ် ၁၃၀,၀၀၀

အားသာချက်

SIM Card Slot ပါဝင်တာကြောင့် သယ်ဆောင်ရ လွယ်ကူပြီး အင်တာနက်ကို သွားလေရာသုံးစွဲ သူတွေအတွက်ကတော့ စိတ်တိုင်းကျစေမယ့် Tablet တစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် CPU ပိုင်းမှာလည်း Octa Core Processor ကို အသုံးပြုထားတာကြောင့် လုပ်ငန်းလုပ်ဆောင်မှု များမှာလည်း ကောင်းမွန်မှာကို တွေ့ရမှာ ဖြစ်ပါတယ်။

အားနည်းချက် 

ဈေးနှုန်းမျှတတဲ့ ဖုန်းတစ်လုံးဖြစ်တာကြောင့် ထူးခြားတဲ့ Feature တွေ ထပ်မံပါဝင် လာတာကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။

သုံးသပ်ချက်

Colorfly G808 ဟာ ဒီဇိုင်းပိုင်းသပ်ရပ်လှပသလို၊ စွမ်းဆောင်ရည်ပိုင်းမှာလည်း ကောင်းမွန်အောင် ပြုလုပ်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Game ကစားတာကို နှစ်သက်တဲ့ သူများအတွက်လည်း သင့်တော်တဲ့ Tablet တစ်လုံးဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

MTK6592 Corte x-7Chipset ကို အသုံးပြုထားပြီး Octa-Core Processor ကို သုံးစွဲထားပါတယ်။ Processor ရဲ့အမြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ ဂိမ်းကစားတာကို နှစ်သက်သူများ အတွက်ကတော့ Mali450 MP4 Chipset ကိုအသုံးပြု ပေးထားပါတယ်။ Tablet ကိုအသုံးပြု နိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.2.2  ဖြစ်တဲ့ Jelly Bean Version ကိုအသုံးပြု ထားပါတယ်။ 3G SIM Card ထည့်သွင်းလို့ရတဲ့ Slot တစ်ခုပါဝင်မှာလည်း ဖြစ်ပါတယ်။ Display Screen မှာIPS LCD capacitiveTouchscreen ကိုအသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ Screen အရွယ်အစားမှာ 8 လက်မ ခန့်ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက်ကင်မရာက 2 Megapixels ရှိမှာဖြစ်ပြီး အနောက်ဘက်ကင်မရာကတော့ 5 Megapixels ရှိမှာဖြစ်ပါတယ်။ Video File Format များအနေနဲ့ MP4, 3GP, AVI, MKV, MOV အစရှိသည်တို့ ကိုအထောက်အပံ့ပေးပြီး 1080p Movie များကိုလည်း ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဘက်ထရီကတော့ Li-ion ဘက်ထရီကို အသုံးပြုထားပြီး Battery သိပ်သည်းဆကတော့ 4000mAh ရှိမည်ဖြစ်သည်။

ဒီဇိုင်း

အရှေ့ဘက်ကင်မရာနဲ့ Speaker, Sensor တို့ကို တွဲဖက်ထားပြီး၊ အနောက်ဘက် ကင်မရာကိုတော့ Tablet ရဲ့ ညာဘက်ထောင့် အပေါ်ဘက်မှာ တပ်ဆင်ပေးထားပါတယ်။ အနောက်ဘက် အောက်ခြေမှာ Speaker တစ်ခုထပ်မံ ပါဝင်မှာဖြစ်ပြီး Power Button နဲ့ Volume အတိုးအလျော့ကို ညာဘက်အပေါ်နားမှာ တွေ့ရမှာဖြစ်ပါတယ်။

ဆက်သွယ်ဝယ်ယူနိုင်မည့်လိပ်စာ

T-Land IT, Digital & Mobile

ဆက်သွယ်နိုင်မည့်ဖုန်း

၃၈၂၈၆၈