Smartphone film festival ကျင်းပမည်

film.jpg

Smartphone film festival ကို Yangonheartz မှ သြဂုတ်လအတွင်း ကျင်းပနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

Smartphone ကိုင်ဆောင်သူများ၏ အနုပညာဆိုင်ရာ တီထွင်ဖန်တီးမှုစွမ်းရည်ကို ထုတ်ဖော်ပြသရန် ကျင်းပခြင်းဖြစ်သည်ဟု Yangonheartz က သတင်း ထုတ်ပြန်ထားသည်။ အသုံးပြုမှုနှုန်း မြင့်တက်လာသည့် Smartphone ကင်မရာများကို အသုံးချ၍ movie clip ပေးပို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး movie clip များ၏ ကြာမြင့်ချိန်မှာ ၅ မိနစ်မှ ၁၀ မိနစ်အထိ ဖြစ်သည်ဟု သိရသည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ ဆုအမျိုးအစား သုံးမျိုး ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုကြေးငွေနှင့် ပတ်သက်၍ စီစဉ်သူများက ကြေညာထားခြင်းမရှိခဲ့ပေ။ မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက် ထက်ဝက်ကျော်သည် Smartphone များကို ကိုင်ဆောင်ထားကြသည်ဟု Telelnor ကပြောဆိုခဲ့သည်နောက်ပိုင်း ယခုကဲ့သို့ ပြိုင်ပွဲများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များကို www.spffmm.com ၌ တင်ဆက်ပေးသွားမည်ဟု စီစဉ်သူတို့က ကြေညာထားသည်။