Linux Mint

Linux Mint သည် x-86 x-64 သုံးနိုင်သော ကွန်ပျူတာများအတွက် Ubuntu နှင့် Debian တွင် အခြေခံထားသည့် အခမဲ့နှင့် open source operating system (OS) distribution တစ်ခုဖြစ်သည်။

Mint ကို အလွယ်တကူ အသုံးပြုနိုင်ရန် ရည်ရွယ်ဖန်တီးထားသောကြောင့် Linux distribution အများစုထက် အလွယ်တကူ install ပြုလုပ်နိုင်သည်။ Mint တွင် e-mail နှင့် အွန်လိုင်းလုပ်ဆောင်ချက်များအတွက် လိုအပ်သည့် software အပြင် multimedia content အတွက် အထောက်အပံ့တို့ ပါဝင်သည်။

Linux distribution အများစုနှင့် မတူညီသည်မှာ Mint တွင် third-party browser plugins, Java, media codecs နှင့် လက်ခံထားသည့် စံသတ်မှတ်ချက်များကို ထောက်ပံ့ပေးသော အခြား component များ ပါဝင်သည်။ ၎င်းအထောက်အပံ့သည် DVD နှင့် BluRay ကို ကြည့်ရှုစေနိုင်သလို streaming media အတွက် Flash ကိုလည်း ထောက်ပံ့ပေးသည်။ အဆိုပါ OS တွင် firewall ပါဝင်သော်လည်း anitimalware မလိုကြောင်း Mint မှ ပြောကြားထားသည်။ Mint ကို အခမဲ့နှင့် open source software ၃၀,၀၀၀ ခန့်ဖြင့် သုံးနိုင်သော Ubuntu installer နှင့် အသုံးပြုနိုင်သည်။

Mint တွင် Cinnamon, GNOME, XFCE နှင့် KDE တို့အပါအဝင် ကွဲပြားခြားနားသော desktop edition များရှိသည်။