WinUtilities Free Edition

WinUl.gif

WinUtilities Free Edition ဟာ System, Disk နှင့် Registry တွေကို ရှင်းလင်းပေးမယ့် ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ Windows OS အသုံးပြုထားတဲ့ ကွန်ပျူတာတွေမှာ အသုံးပြုနိုင်မှာဖြစ်ပြီး ကွန်ပျူတာ အတွင်းက မလိုအပ်တဲ့ ဖိုင်တွေကို ရှာဖွေပြီး ဖယ်ရှားရှင်းလင်း ပေးနိုင်မယ့် Utilities ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Tool တွေ အများအပြား ပါဝင်ပြီး သုံးစွဲသူတွေရဲ့ ကွန်ပျူတာစနစ်ကို ပေါ့ပေါ့ပါးပါးနဲ့ အလုပ်လုပ်ကိုင်နိုင်ဖို့ စွမ်းဆောင် ပေးနိုင်မယ့် ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။

ဒီဆော့ဖ်ဝဲမှာ System Cleaner, System Optimizers, System Control, System Tools,  Registry Tools, File Tools ဆိုပြီး မတူညီတဲ့ ကဏ္ဍတွေ ပါဝ​င်ပါတယ်။ ကိုယ်ပြုလုပ်ချင်တဲ့ အပိုင်းကို ရွေးချယ်ပြီး အလွယ်တကူနဲ့ ပြုလုပ်နိုင်စေဖို့အတွက် စီစဉ် ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေ အလွယ်တကူနဲ့ သုံးစွဲနိုင်စေဖို့အတွက် စီစဉ်ဖန်တီး ပေးထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

WinUtilities Free Edition ရဲ့သွင်ပြင်ဟာ ရိုးရှင်းတဲ့ပုံစံရှိပြီး၊ ဒီဇိုင်းပုံစံကိုလည်း  စတင်သုံးစွဲမယ့်သူတွေ အလွယ်တကူ သုံးစွဲ တတ်စေဖို့အတွက် ဖန်တီးပေးထားပါတယ်။ ကိုယ်ပြုလုပ်ချင်တဲ့ အပိုင်းကို အလွယ်တကူ ရွေးချယ်ပြီး ပြုလုပ်နိုင်အောင် စီစဉ်ဖန်တီး ပေးထားသလို၊ စွမ်းဆောင်ရည်ပိုင်းကိုလည်း အကောင်းဆုံး ဖြစ်စေရန်အတွက် စီစဉ်ပေးထားပါတယ်။

ဆော့ဖ်ဝဲတွင် Tool ပေါင်းများစွာ ပါဝင်ပြီး Tool တစ်ခုချင်းစီဟာ ကွန်ပျူတာမှ လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေမှာ ပိုမိုမြန်ဆန်စွာနဲ့ လုပ်ဆောင်နိုင်ဖို့ အတွက် စီစဉ်ဖန်တီးပေးထားတဲ့ Tool တွေ လည်း ဖြစ်ပါတယ်။ Registry နဲ့ ပတ်သက်တဲ့ အပိုင်းမှာဆိုရင်လည်း Registry တွေကို ဖယ်ရှား ရှင်းလင်းရုံသာမက Backup ပြုလုပ်ထားတဲ့ Registry တွေရှိတယ်ဆိုရင် အလွယ်တကူနဲ့ Restore ပြန်လည် ပြုလုပ်နိုင်စေဖို့ အတွက် စီစဉ်ဖန်တီးပေးထားပါတယ်။

အဆိုပါ ဆော့ဖ်ဝဲဟာ Version 11.26 ဖြစ်ပြီး ဖိုင်အရွယ်အစားမှာလည်း 6.1MB လောက်သာရှိတဲ့ အတွက် ဖိုင်အရွယ်အစား သေးငယ်ပါတယ်။ Windows 2000 မှစပြီး Windows 8 အထိ ထည့်သွင်း သုံးစွဲနိုင်အောင် အထောက် အပံ့ ပေးထားပါတယ်။ Version အသစ်မှာ Language တွေကို ထပ်မံတိုးချဲ့ပြီး ထည့်သွင်းပေးထားသလို၊ Registry Cleaner ကိုလည်း Windows 8 မှာ သုံးနိုင်အောင် ထည့်သွင်းပေးထားပါတယ်။