CCNA ဘာသာရပ်တွင် အမှတ် ၁,၀၀၀ ဖြင့် အောင်မြင်ခဲ့သော ကိုနေလွင်စိုး၏ Student Life

IMG_0883(1).jpg

ဒီအပတ်မှာတော့ CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့တဲ့ ကိုနေလွင်စိုးရဲ့ Student Life ကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အမည်နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရာထူးကို သိပါရစေ။

ကျွန်တော့်နာမည် နေလွင်စိုး ဖြစ်ပါတယ်။ ကျွန်တော်က Myanmar Vineyard Estate Co., Ltd. မှာ  Network Engineer တစ်ယောက်အဖြစ်နဲ့  တာဝန်ထမ်း ဆောင်နေပါတယ်။

CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုရအောင် ဘယ်လိုကြိုးစားခဲ့ရသလဲ။

CCNA စာမေးပွဲကို အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ခဲ့တာက တော့ YOUTH Computer မှ ဆရာဦးဇော်လင်း Certified Ciso System Instructor (#CCSI 34928) မှ ဦးစီးသင်ကြားပေးသော Theory နှင့် Concept များကို သေချာလေ့လာ မှတ်သားပါတယ်။ လက်ထောက်ဆရာနဲ့ ဆရာမတို့မှ Cisco LAB ပြုလုပ်ရာမှာ စိတ်ရှည်စွာနဲ့ ကျောင်းသား၊ ကျောင်းသူများကို နားလည်တဲ့အထိ ရှင်းပြပေးပါတယ်။ အလုပ်တစ်ဖက်နဲ့ဆိုတော့ အလုပ်အားနေတဲ့ အချိန်တွေမှာ သင်တန်း က ပေးလိုက်တဲ့ Homework များကို ပြီးမြောက်အောင် လုပ်ပါတယ်။ စာသင်ချိန်ပြီးသွားရင် LAB များ လေ့ကျင့်ဖို့ အတွက် ဆရာမက Real CiscoDevice များနဲ့ သင်ကြားပေးသလို လက်ထောက်ဆရာကလည်း Packet Tracer,GNS3 အသုံးပြုပြီး လေ့ကျင့်နိုင်အောင် စနစ်တကျသင်ကြားပေးပါတယ်။ CCNA စာမေးပွဲ ဖြေ တဲ့ အခါမှာလည်း CCNA Exam အတွက် လက်ထောက်ဆရာ၊ ဆရာမများနဲ့အတူ မေးခွန်းဟောင်းများနဲ့ Up toDate မေးခွန်းများကို ပြန်လည် လေ့ကျင့် ခဲ့ရပါတယ်။ ဒါကြောင့် CCNA Exam စာမေးပွဲကို အမှတ် ၁,၀၀၀ အပြည့်နဲ့ အောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဓိကကတော့ မိမိကိုယ်ကိုယုံကြည်မှု ကံ၊ ဉာဏ်၊ ၀ီရိယ နှင့် အမှတ် ၁,၀၀၀ နဲ့ အောင်မြင်ချင်တဲ့ ဆန္ဒလည်းပါတာကြောင့် ဖြစ်ပါတယ်။

ဒီဘာသာရပ်ကိုရော ဘာကြောင့်တက်ဖြစ်တာလဲ။

CCNA က မြန်မာပြည်မှာ အရမ်းကိုခေတ်စားနေတဲ့ IT ဘာသာရပ်တစ်ခုအပါအ၀င်ပါ။ ဒါကြောင့်လည်း CCNA Routing & Switching ဘာသာရပ်တွေကို လေ့လာချင်တာရယ်၊ ပြီးတော့ ကျွန်တော်တတ်ထားတဲ့ Network Engineering ပညာရပ်တွေကို ဒီထက်ပိုပြီး တတ်မြောက်ချင်တာရယ်ကြောင့် ဒီသင်တန်းကို တက်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီဘာသာရပ်နဲ့ ဆက်နွှယ်တဲ့ နောက်ထပ် ဘာသာရပ်တွေကို ထပ်ပြီးလေ့လာဖို့ရှိသလား။

CCNA Exam အောင်မြင်သွားပြီးရင်တော့ ကျွန်တော်က ရှေ့ဆက်ပြီး CCNP, CCIE တို့အထိ ဆက်ပြီး ဆက်သွားဖို့ ရှိပါတယ်။

CCNA ဘာသာရပ်မှာ အမှတ် ၁,၀၀၀ ရရှိခဲ့တဲ့အတွက် ဘယ်လိုခံစားရသလဲ။

CNNA Exam မှာ အမှတ်၁,၀၀၀ ရတော့ ကျွန်တော်အရမ်းပျော်သွား မိပါတယ်။ ကျွန်တော် အမှတ် ၁,၀၀၀ ရတာကလည်း Unseen မေးခွန်းတွေကို အောင်မြင် စွာ ဖြတ်ကျော်နိုင်လို့  ကျွန်တော်ရခဲ့တာပါ။ ဒါတွေကလည်း ကျွန်တော့်ကို သင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုကြောင့် ရခဲ့တာပါ။

CCNA နဲ့ပတ်သက်တဲ့ သင်ကြားမှုပုံစံကိုလည်း ပြောပြပေးပါဦး။

YOUTH Computer မှာCCNA နဲ့ပတ်သက်တဲ့ သင်ကြားမှုပုံစံကတော့ Certified Cisco Systems Instructor ဆရာကို ဇော်လင်း (#CCSI 34928) မှ ဦးစီးပြီး Theory နှင့် Concept များကို သင်ကြားပေးပါတယ်။ လက်ထောက် ဆရာကနေမှ Simulati၀n တွေကို Packet Tracer, GNS3 တို့နှင့်အတူ လေ့ကျင့်ပေးပြီး Lab ပိုင်းတော့ Lab တာဝန်ခံဆရာမကနေမှ Lab ခန်းထဲမှာ Real Cisco Devices မျိုးစုံနဲ့ အဆင့်ဆင့် လေ့ကျင့်သင်ကြားပေးပါတယ်။ သင်တန်းပြီးသွားပြီဆို ရင်တော့ YOUTH Computer Test Center မှာ ဖြေလို့ရပါတယ်။ မဖြေခင်မှာ Exam အတွက်ကတော့ သက်ဆိုင်ရာ ဆရာတွေဆီမှာ Pre-Test ကို ၂ ကြိမ် ဖြေဆိုရပါတယ်။ အဲဒီမှာ အဆင်ပြေ ချောမွေ့စွာ ဖြေဆိုနိုင်မှသာလျှင် CCNA Exam ကို ၀င်ရောက်ဖြေ ဆိုခွင့်ပေးပါတယ်။

CCNA နဲ့ပတ်သက်ပြီး လေ့လာချင်တဲ့ ကျောင်းသားတွေအတွက် အကြံပြုပြောစကား ပြောပေးပါဦး။

Network Engineer တစ်ယောက်အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုမယ်ဆိုရင် CCNA Exam ကို မဖြစ်မနေ ဖြေဆိုရမှာဖြစ်ပါတယ်။ CCNA Exam ဖြေဆိုပြီး သွားပြီဆိုရင်တော့ Cisco မှာ အခြားရွေးချယ်စရာ လမ်းကြောင်းတွေဖြစ်တဲ့ CCNA Security, Wireless, Data Center, CCNP Routing & Switching, CCNA Design အစရှိတဲ့ လမ်းကြောင်းတွေထဲက ကိုယ်ဝါသနာပါတဲ့ ဘယ်လမ်းကြောင်းနဲ့ သင့်တော်လဲဆိုတာကို မိမိကိုယ်တိုင်ရွေးချယ်ဆုံးဖြတ်ပါ။ ဆရာတွေနဲ့ တိုင်ပင်ပါ။ ဆုံးဖြတ်ချက်တော့ မမှားပါနဲ့။ ဆုံးဖြတ်ချက်မှားတာနဲ့ ကိုယ်လေ့လာနေတာတွေ အလကားဖြစ်မှာ စိုးလို့ပါ။ CCNA Exam ကို တကယ်ဖြေမယ် ဆိုရင် မေးခွန်းဟောင်းတွေကို ထပ်ခါတလဲလဲ လေ့ကျင့်ပါ။ Simulation များကို Packettracer နှင့် GNS3 တို့ကို ပိုင်နိုင်အောင် လေ့ကျင့်ပါ။ ဆရာ ဦးဇော်လင်း သင်ကြားပေးတဲ့ Theory Concept တွေကြောင့် Unseen မေးခွန်းများကို ဖြေဆိုနိုင်တာပါ။ ကျောင်း သား၊ ကျောင်းသူတွေလည်း ဆရာတွေ စာသင်ချိန်မှာ စာကိုအာရုံစိုက်ပြီး ဂရုတစိုက်နားထောင်ပါ။

ဒီဘာသာရပ်ပြီးမြောက်တဲ့ အခါ ဘယ်လိုဘာသာရပ်တွေကို ဆက်ပြီး လေ့လာသင့်သလဲ။

CCNA ပြီးသွားရင် သင်ယူဖို့ဘာသာရပ်တွေက အများကြီးပဲ။ ဒါတွေကို ထပ်ပြီးလေ့လာ လိုက်စားဖို့လိုအပ်မှာ ဖြစ်ပါတယ်။