HID Lamp

HID-Lamp-.jpg

မီးအလင်းအားကောင်းပြီး အဖြူရောင်စူးရှသော အလင်းရောင်ကို ရရှိနိုင်သည့် ကွန်ဒင်ဆာတစ်မျိုး ထည့်သွင်းတည်ဆောက်ပေးထားသော HID အမျိုးအစား မီးတစ်မျိုးကို Asia
Best Link တွင် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ ကားမီးလုံးကို အသုံးပြုထားပြီး မီးစလောင်းကောင်းမွန်သည့်အတွက် ခရီးဝေးဝေးအထိ မြင်နိုင်စွမ်းရှိမည်ဟု သိရသည်။ တောလမ်းခရီးထွက်၊
အပန်းဖြေခရီး၊ စူးစမ်းရှာဖွေရေးနှင့် နေရာအတော်များများအတွက် အသုံးဝင်ပြီး လက်ကိုင်မီးအဖြစ် အသုံးပြုနိုင်သလို ခေါင်းဆောင်းဦးထုပ်အမာ Helmet ပေါ်တွင်လည်း တပ်ဆင် အသုံးပြုနိုင်အောင် စီစဉ်ပေးထားသည်။ အထိုင်ပါဝင်ပြီး ဖြစ်သည်။ မေးသိုင်းကြိုးလည်း ပါဝင်သည်။ ရာသီဥတုဒဏ် ခံနိုင်ပြီး ရေလည်းလုံမည် ဖြစ်သည်။ DC 12V ဖြင့် အသုံးပြုရခြင်းဖြစ်ပြီး မီးလုံးမှာ ၅၅ ဝပ်ရှိသည်။ တန်ဖိုးမှာကျပ် ၃၈,ဝဝဝ ဖြစ်ပြီး ဖုန်း – ၃၉၉၁၂၉ နှင့် ၀၉၅၁၀၉၄၄၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။