AcePlayer

Ace.jpg

Media Format အများအပြားအား iPhone, iPad, iPod Touch များပေါ်မှ ကြည့်ရှုနိုင်မည့်အပြင် Streaming Movie များကိုလည်း ကြည့်ရှုနိုင်မည့် Media Player App တစ်ခုဖြစ်သည်။ ထို့ပြင် သီချင်း၊ ဓာတ်ပုံများကိုလည်း AcePlayer ပေါ်မှ ကြည့်ရှုနားဆင်နိုင်စေရန်အတွက် စီစဉ်ဖန်တီးပေးထားသည်။

အဆိုပါ App ကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၉.၉၉ ပေးသွင်းမှသာ အသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယခုအခါ အချိန်ကန့်သတ်ချက်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 6.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည့် App တစ်ခုဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။