Play Store မှမဟုတ်သည့် App များကို Update ပြုလုပ်ခြင်း

apktrack-main.jpg

Android OS အသုံးပြုသူတွေအနေနဲ့ App တွေကို Play Store, 1Mobile Market အစရှိသည်တို့မှ မဟုတ်ပဲ အခြားနေရာကနေ Download ပြုလုပ်ပြီးထည့်သွင်းထားတာမျိုးလည်း ရှိကြမှာပါ။ ဒီလိုအခြေ အနေမျိုးတွေမှာ အဆိုပါ App တွေကို Update ပြုလုပ်ဖို့ရာအတွက် တစ်ခါတစ်လေ အခက်အခဲရှိမှာဖြစ်ပါ တယ်။

အဆိုပါ Play Store မှ မဟုတ်တဲ့ App များကို Update ပြုလုပ်နိုင်ဖို့အတွက် ApkTrack ဆိုတဲ့ App ကို ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ApkTrack ဟာ App တွေကို အမြဲတမ်း စောင့်ကြည့်၍ Update ရပြီလား မရသေးဘူးလားဆိုတာတွေကို စောင့်ကြည့်ပေးနေမှာဖြစ်ပါတယ်။ ApkTrack ကို Download ပြုလုပ် ဖို့အတွက် https://goo.gl/cRFBM0 ဆိုတဲ့ ဝက်ဘ်ဆိုက်လိပ်စာမှာ သွားရောက် Download လုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

Download လုပ်ပြီးသွားရင် Settings အောက်က Security ထဲကို သွားပြီး Unknow sources ဆိုတာ ကို အမှန်ခြစ်လေး ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ အဆိုပါ အဆင့်ပြီးသွားရင် Download ပြုလုပ်ထားတဲ့ Apk Track ကို စတင် Install ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ Install ပြုလုပ်ပြီးရင် အဆိုပါ App ကို ဖွင့်လိုက်ပါ။

Apk Track ကို ဖွင့်လိုက်ရင် ကိုယ့် Device ထဲမှာ ထည့်သွင်းထားတဲ့ App တွေကို မြင်နေရမှာဖြစ်ပါ တယ်။ အဆိုပါ App တွေမှာ Update ရှိမရှိ အမြဲစောင့်ကြည့်နေရန်အတွက် Settings ကို ရွေးချယ်လိုက်ပါ။ ပြီးသွားရင်တော့ Enable Background Checks ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ထည့်ပေးထားလိုက်ပါ။ အမှန်ခြစ် ထည့်သွင်းပြီးရင်တော့ အဆိုပါ Settings ကနေ ထွက်နိုင်ပြီဖြစ်ပါတယ်။ ဒါဆိုရင် Apk Track ဟာ Play Store ကနေ Download ပြုလုပ်ပြီး ရယူထားတဲ့ App တွေရဲ့ Update တွေကို အမြဲဖော်ပြပေးနေမှာ ဖြစ်ပါတယ်။