Xbox 360 ဂိမ်းအဟောင်းများကို Xbox One ဂိမ်းစက်တွင် ကစားနိုင်မည်

11012904_10152998238507825_3360849236519453576_n.jpg

Xbox 360 ဂိမ်းအဟောင်းများကို Xbox One ဂိမ်းစက်တွင် ကစားနိုင်မည်ဟု Microsoft က E3 ဂိမ်းပြပွဲတွင် ကြေညာခဲ့သည်။

Xbox One ပိုင်ရှင်များသည် ၎င်းတို့ ပိုင်ဆိုင်ထားသည့် ဂိမ်းများကို ကစားနိုင်ရန်အတွက် အခကြေးငွေ ထပ်မံပေးဆောင်ရမည် မဟုတ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Microsoft သည် ဂိမ်းအဟောင်းများကို Xbox One တွင် ကစားနိုင်မည့် feature အား ခရစ္စမတ်ကာလတွင် ဖြန့်ချိသည့်အခါ၌ ဂိမ်း ၁၀၀ ခန့်ကို ကစားနိုင်မည်ဖြစ်ပြီး ထို့နောက်တွင် နောက်ထပ် ဂိမ်းရာပေါင်းများစွာကို ကစားနိုင်ဖွယ်ရှိကြောင်း ဆိုခဲ့သည်။

အဆိုပါ ဂိမ်းအဟောင်းများကို ကစားနိုင်သည့်အခါတွင် Xbox One ကစားသူ၏ games library ၌ အလိုအလျောက် ပေါ်လာမည်ဖြစ်ကြောင်း သိရသည်။

Microsoft သည် E3 ဂိမ်းပြပွဲတွင် ကုမ္ပဏီ၏ virtual reality headset HoloLens နှင့် ကစားနိုင်မည့် အသစ်မွမ်းမံပြင်ဆင်ထားသော Minecraft ဗားရှင်းသစ်ကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ထို့အပြင် မူရင်းဂိမ်းကို ကစားသူများသည် HoloLens မှတဆင့် multiplayer Minecraft session များကို ချိတ်ဆက်နိုင်မည် ဖြစ်သည်။

Ref: BBC