Hyperdimension Neptunia Re;Birth2 – Sisters Generation

2015-05-27_00012-.jpg

Hyperdimension game series ရဲ့ developer Idea Factory အနေနဲ့ အရင်က Play Station 3 နှင့် PlayStation Vita ဂိမ်းစက်တွေအတွက်သာ အဓိက ဖြန့်ချိခဲ့ပေမယ့် ၂၀၁၄ နှင့် ၂၀၁၅  အတွင်းမှာ PC အတွက်ပါ ဆက်တိုက်ဖြန့်ချိလာတာ တွေ့ရပါတယ်။ Idea Factory ဆိုတဲ့ နာမည်နဲ့လိုက်အောင် Hyperdimension ဂိမ်းတွေကို စက်ရုံကနေ ဆက်တိုက် ထုတ် သလို ဖြန့်ချိနိုင်ခဲ့သလို တစ်ဂိမ်းနဲ့ တစ်ဂိမ်း ပုံစံအရမ်း မဆင်ဘဲ ကွဲပြားနေအောင်လည်း Gameplay Idea  ကောင်း ကောင်းလေးတွေ ထည့်ခဲ့နိုင်တာတွေ့ရမှာပါ။ Hyperdimen-sion ဂိမ်းတွေကို JRPG ပရိသတ်တွေအဓိက သဘောကျတဲ့ အချက်ကတော့ ဂိမ်းစက်တွေကို ကိုယ်စားပြုတဲ့ ကောင်မလေးဇာတ်ကောင်တွေ အများကြီး ပါဝင်ထားလို့ ဖြစ်သလို Gamindustri ဆိုတဲ့ video game တိုင်းပြည်အတွင်း နေထိုင်တဲ့ Xbox 360, PS3, Nintendo Wii နှင့် PSP, Nintendo DS အစရှိတဲ့ ဂိမ်းစက်တွေ၊ Compile Heart, Cave နှင့် Atlus အစရှိတဲ့ဂိမ်း developer နဲ့ publisher တွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်တွေ ပါဝင်ထားတဲ့ စိတ်ဝင်စားစရာ RPG ဂိမ်းဖြစ်နေတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ နောက်ပိုင်း PlayStation 4 မှာ ထွက်ရှိလာတော့မယ့် Hyperdimension Neptunia Victory II မှာဆိုရင်တော့ PS4 တို့ Xbox One တို့လို ဂိမ်းစက်သစ်တွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်သစ်တွေ ပါဝင်လာတော့မှာပါ။

Re;Birth 2 ဟာ ၂၀၁၄ အတွင်းက PC မှာ ထွက်ရှိခဲ့ပြီး PlayStation 3 Version ရဲ့ Remake ဖြစ်တဲ့ Hyperdimension Neptunia ရဲ့ ဇာတ်လမ်းအဆက်ဖြစ်ကာ ဂိမ်းခွေခိုးကူးမှုတွေနဲ့ Piracy ကို အားပေးတဲ့ ASIC (the Arfoire Syndicate of International Crime) အဖွဲ့ကို ဦးဆောင်သူ Arfoire နှင့် Custom Firmware Judge နှင့် တိုက်ခိုက်ပြီး အဖမ်းခံထားရတဲ့ Home Console CPU Goddess တွေကို ကယ်ဆယ်ရမယ့် Nepgear နှင့် Portable Console CPU Goddess ဇာတ်ကောင်တွေ နေရာက ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ Hyperdimension Neptunia Re;Birth  ရဲ့ Story mode အစမှာတော့ Custom Firmware နှင့် ဂိမ်းခိုးကူးမှု Piracy ကို မြှင့်တင်စေတဲ့ ASIC (Arfoire Syndicate of International Crime) အဖွဲ့အစည်းဟာ မကောင်းမှုအစွမ်းတွေ အသုံးပြု ပြီး ဂိမ်းလောကရဲ့ ရှယ်ယာအများစုကို အပိုင်စီးထားတဲ့အတွက် CPU Goddess တွေအဖြစ်လည်း Sony, Nintendo၊ Microsoft နှင့် Sega ဂိမ်းစက်အကြီး (Home Console) တွေကို ကိုယ်စားပြုတဲ့ စွမ်းအားရှင်တွေနဲ့အတူ Sega Game Gear ကို ကိုယ်စားပြုတဲ့ Napgear က သွားရောက်တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ရန်သူတွေကို မနိုင်ဘဲ Nepgear တို့ ဖမ်းဆီးခံထားရပြီး သုံးနှစ်အကြာမှာ Idea Factory နှင့် Compile Hearts အဖွဲ့ကို ကိုယ်စားပြုတဲ့ IF နဲ့ Compa တို့က Napgear ကို ကယ်တင်နိုင်ခဲ့ပြီးနောက် အခြား CPU Goddess တွေကို ဆက်လက် ကယ်တင်ရန် ကြိုးစားရပုံဖြင့် ဝင်ရောက်ကစားရမှာပါ။

PC Version ရဲ့ gameplay features, updates အသစ်တွေအနေနဲ့  တစ်ခုနှင့်တစ်ခုကြား အကြာကြီး သွားလာစရာမလိုတော့ဘဲ ချက်ချင်းပြောင်းလဲလို့ ရသွားပြီဖြစ်ပြီး အရင်တုန်းက စကား ပြောခန်းတွေမှာပဲ ပါဝင်ခဲ့တဲ့ Oracles နဲ့ Red တို့လို ဇာတ်ကောင်တွေကိုလည်း   ဂိမ်းအတွင်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ FPS (Framerate per second) ပိုင်းကတော့ PlayStation 3 Version နှင့် PlayStation Vita Version တွေထက် အများကြီး ပိုသာလာပြီး 60 FPS အပြည့်ရလို့ တိုက်ပွဲခန်းအားလုံးက သွက်လက်နေပါတယ်။ Gameplay Battle System အနေနဲ့ကတော့ Turnbased RPG ဂိမ်းပုံစံဖြစ်ပြီး မူလဂိမ်းကထက် in-game menu စနစ်တွေ၊ တိုက်ပွဲ အကူးအပြောင်း Battle system တွေပိုကောင်းအောင် လုပ်ထားပေးပါတယ်။ ရန်သူတွေနဲ့ CPU  ဇာတ်ကောင်တွေ တစ်လှည့်ဆီ တိုက်ခိုက်နိုင်မှာဖြစ်ပြီး တိုက်ပွဲအတွင်း အလှည့် မပြည့်ချိန်မှာ စိတ်ကြိုက်နေရာမျိုးစုံ ကြိုရွှေ့ထားလို့ရပါတယ်။ ရွေးချယ်တဲ့ လက်နက်ပေါ်မူတည်ပြီး attack range ကလည်း ပြောင်းလဲသွားမှာမို့လို့ ဇာတ်ကောင်ရဲ့ character stats ပေါ်မူတည်ပြီး လက်နက်မျိုးစုံ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ CPU Candidates တွေအပြင် support character ဇာတ်ကောင်တွေလည်း ပါဝင်ထားပါတယ်။ 5pb, Cave, Compile Heart နဲ့ Idea Factory အစရှိတဲ့ ဂိမ်း developer တွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်လေးတွေလည်း ပါဝင်ထားသလို mini-game mode ပုံစံသစ်အဖြစ် Stella အမည်ရ ဇာတ်ကောင်သစ်ကို အသုံးပြု ပြီးတော့လည်း သွားပြီးသား dungeons တွေက items တွေကို ရှာဖွေခိုင်းလို့ရမှာပါ။

PC အတွက် ထွက်ရှိလာတဲ့ PS3 နှင့် PSVita တို့ရဲ့ remake Version – Hyperdimension Neptunia Re;Birth2 – Sisters Generation ဟာ Mouse & Keyboard support နှင့် Controller Support ပါဝင်ထားပြီး gameplay features သစ်တွေနဲ့ ပိုမိုကောင်းမွန်လာတဲ့ resolution support နှင့် graphics ပိုင်းတွေကြောင့် မူလ Neptunia ပရိသတ်တွေရော၊ PC မှာ ထွက်ရှိတော့မှ ကစားဖို့ အခွင့်ကြုံခဲ့တဲ့ JRPG ပရိသတ်တွေပါ သဘောကျမယ့် ဂိမ်းသစ်ဖြစ်ပါတယ်။