live USB (operating system on a stick)

Live USB ဆိုသည်မှာ ကွန်ပျူတာတစ်ခုရှိ universal serial bus (USB) port တွင် တပ်ဆင်နိုင်သော portable device တစ်ခုတွင် ရှိသည့် operating system (OS) တစ်ခု၏ distribution တစ်ခုဖြစ်သည်။ အဆိုပါ portable device များသည် USB drive များနှင့် external hard drive များသာမက စမတ်ဖုန်းများနှင့် media player များကဲ့သို့ device များလည်း ဖြစ်နိုင်သည်။

Live USB သည် removable media မှ boot လုပ်ပြီး run နိုင်သော operating system တစ်ခု၏ distribution တစ်ခုကို ရည်ညွှန်းသော LiveDistro အမျိုးအစား တစ်ခုဖြစ်သည်။ ၎င်းနည်းလမ်းသည် သုံးစွဲသူများက အခြား ကွန်ပျူတာများပေါ်တွင် အသုံးပြုရန်အတွက် ၎င်းတို့၏ operating system ကို ရွေးချယ်ယူဆောင်သွားနိုင်စေမည် ဖြစ်သည်။ Live USB အများစုသည် Linux ကို အခြေခံထားပြီး လက်ခံမည့် ကွန်ပျူတာတွင် မည်သည့်အပြောင်းအလဲမှ ပြုလုပ်စရာမလိုဘဲ Windows system များတွင် အဆိုပါ OS ကို အသုံးပြုနိုင်စေသည်။

Windows To Go သည် ပထမဦးဆုံး Microsoft operating system ဖြစ်ပြီး USB device တစ်ခုမှ boot လုပ်ပြီး run နိုင်စေသည်။

Live USB ကို တစ်ခါတစ်ရံတွင် operating system on a stick တစ်ခုအနေဖြင့် ရည်ညွှန်းခေါ်ဆိုကြသည်။ ၎င်းသည် operating system ကိုသာမက လိုအပ်သည့် application များနှင့် ဖိုင်များကိုပါ သိုလှောင်ထားနိုင်သောကြောင့် “computer on a stick” တစ်ခုအနေဖြင့်လည်း လုပ်ဆောင်နိုင်သည်