Intrapreneur

Intrapreneur ဆိုသည်မှာ ထုတ်ကုန်တစ်ခုက ကုမ္ပဏီအတွက် ဝင်ငွေရရှိမည့် ရင်းမြစ်တစ်ခု ဖြစ်မလာမည်ကို စိုးရိမ်ရန် မလိုဘဲ ထုတ်ကုန်သစ်တစ်ခု ဖန်တီးရာတွင် လုပ်ပိုင်ခွင့်နှင့် အထောက်အပံ့ပေးနိုင်သည့် ဝန်ထမ်းတစ်ဦးကို ခေါ်ဆိုသည်။ ထုတ်ကုန်တစ်ခု မအောင်မြင်ပါက တာဝန်ယူရသည့် entrepreneur နှင့် မတူညီသည်မှာ intrapreneur အနေဖြင့် ထုတ်ကုန်တစ်ခု ထုတ်လုပ်ရန် အရေးနိမ့်ခဲ့ပင်လျှင် လစာ ဆက်လက်ခံစားခွင့် ရှိခြင်း ဖြစ်သည်။

အချို့သော ကုမ္ပဏီများသည် research and development (R&D) ဌာနများတွင် intrapreneur ဝန်ထမ်းများကို ခန့်အပ်ကာ အကြံဉာဏ်များ ရှာဖွေစေသောကြောင့် ကုမ္ပဏီအနေဖြင့် အများဖြင့် ယှဉ်ပြိုင်ရာတွင် အထောက်အကူ ဖြစ်စေသည်။ အခြားသော စီးပွားရေးလုပ်ငန်းများကမူ သုတေသန၊ ဒီဇိုင်း၊ အရောင်းနှင့် ထုတ်လုပ်မှုဌာနတို့မှ ဝန်ထမ်းများကို အဖွဲ့တစ်ခု အနေဖြင့် တိုက်တွန်းအားပေးခြင်းဖြင့် အကြံဉာဏ်ကောင်းများ ဆက်လက် တိုးတက်ကောင်းမွန်လာစေသည်ဟု လက်ခံယုံကြည်ကြသည်။ အောင်မြင်နေသည့် IT လုပ်ငန်းသစ်များသည် အလုပ်လုပ်ချိန်အတွင်း intrapreneur များကို ၎င်းတို့၏ နည်းပညာဆိုင်ရာ စိတ်ဝင်စားမှုများကို လေ့လာလိုက်စားရန် ခွင့်ပြုထားကြသည်။