Professional Web Designer တန်းခွဲသစ်အား ၃၀ ရာခိုင်နှုန်း သင်တန်းကြေး လျှော့မည်

graphic-design.gif

Professional Web Designer တန်းခွဲသစ်အား ၃၀ ရာခိုင်နှုန်း Discount နှင့်အတူ Free Hosting & Domain ဖြင့် ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Web Design တန်းခွဲအသစ်ကို သင်တန်းကာလ ၄ လဖြင့် ထပ်မံဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး Web Design ရေးဆွဲခြင်းကို အခြေခံမှစတင်လိုသူများအတွက် Intermediate Level နှင့် အခြေခံသိရှိပြီးသူများ အတွက် Advanced Level ဟူ၍ နှစ်ခုခွဲထားကာ Intermediate Level တွင် ဝက်ဘ်ဆိုက်တစ်ခု ရေးဆွဲရာ၌ အခြေခံကျသော HTML Language မှစ၍ သင်ကြားပေးမည် ဖြစ်သည်။ CSS၊ JavaScript များကိုလည်း Design ပိုင်း အလှဆင်ရာတွင် ကျွမ်းကျင်မှုရှိစေရန် ထည့်သွင်းလေ့ကျင့် သင်ကြားပေးမည်ဖြစ်ပြီး ကွန်ပျူတာ အခြေခံရှိသူများ၊ Graphic Designer မှ Web Designer သို့ ပြောင်းလဲလိုသူများပင် တက်ရောက်နိုင်ကြောင်း

သိရသည်။ ထို့အပြင် မိမိ၏ဝက်ဘ်ဆိုက်တွင် ထည့်သွင်းမည့် ပုံများကို စိတ်ကြိုက် ဖန်တီးနိုင်ရန်အတွက် Photoshop CS5၊ Illustrator CS5၊  ဝက်ဘ်ဆိုက်များကို  JQuery၊ ဝက်ဘ်ဆိုက်ရေးဆွဲမည့် IDE Dreamweaver စသည်တို့ကို HTML5 ၊ CSS3 နည်းပညာများနှင့်ပေါင်းစပ်ကာ ဝက်ဘ်ဆိုက်များ ဖန်တီး ရေးသားခြင်းနှင့် PHP Web Developer ဖြစ်လိုသူများအတွက် Server side programming Language ဖြစ်သည့် PHP Foundation ကို Advanced Level တွင် ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ပထမဦးဆုံး ကျောင်းအပ်နှံသူ ၅ ဦးကို ကိုယ်ပိုင် Hosting နှင့် Domain name တစ်ခု ပေးအပ်သွားမည်ဖြစ်ပြီး  Level နှစ်ခုစလုံးတွင် မိမိ၏ ကိုယ်တိုင်ရေး၊ ပရောဂျက်တစ်ခုနှင့် ၎င်း၏ Code test များ ဖြေဆို အောင်မြင်မှ သာလျှင် Certificate ထုတ်ပေးမည်ဖြစ်သည်။ သင်တန်းကာလမှာ Level တစ်ခုလျှင်၂ လ ကြာမြင့်မည်ဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် Data World Computer Center ဖုန်း ၀၉- ၂၅၄၀၆၅၅၀၇ ၊ ၀၉- ၃၃၀၉၄၆၇၇ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။