Android Device အား လုံခြုံစိတ်ချစွာ Reset ပြုလုပ်နည်း

7.jpg

Android Device တစ်ခုကို အကြောင်းအမျိုးမျိုးကြောင့် Reset ပြုလုပ်ကြရမှာပါ။ ကိုယ်အသုံးပြုနေတဲ့ ဖုန်းကို ပြန်ရောင်းမယ့် အခါမှာပဲဖြစ်ဖြစ် အခြားတစ်ယောက်ကို ပေးတဲ့အခါမှာပဲဖြစ်ဖြစ် Reset ပြုလုပ်ပြီးမှ ပေးကြမှာဖြစ်ပါတယ်။ ဒီနေရာမှာပုံမှန် Factory Reset ပြုလုပ်ပြီး အခြားသူတစ်ယောက်ကို ပေးလိုက်တယ်ဆိုရင် နောက်ထပ်အသုံးပြု သူတွေဟာ သင့်ရဲ့ဓာတ်ပုံတွေ၊ စာတွေနဲ့အခြားသော ဖိုင်များကို တွေ့မြင်ရတော့မှာ မဟုတ်ပါဘူး။

ဒီနည်းလမ်းဟာ တကယ်တော့ ကျွမ်းကျင်သည့် ပညာရှင်တစ်ဦး၏ လက်ထဲသို့ သင့်ရဲ့ Factory Reset ပြုလုပ်ပြီးသား Android Device ကို ပေးလိုက်တယ်ဆိုရင် လုံခြုံစိတ်ချရတဲ့ အဆင့်မှာ မရှိသေးပါဘူး။ Recovery Tool တစ်ခုခုနဲ့ ရှာဖွေပြီးသင့်ရဲ့ Data တွေကို ပြန်လည်ရှာဖွေ နိုင်အုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Android Device တစ်ခုကို Reset ပြုလုပ်မယ်ဆိုရင် နောက်ပိုင်ဆိုင်မယ့်လူက ပြန်လည်ပြီး Recovery မပြုလုပ်နိုင်အောင် ဖိုင်တွေကို Encrypt ပြုလုပ်ပြီးမှသာ Reset ပြုလုပ်မယ့်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ Device ကို Encrypt မပြုလုပ်ခင်မှာ လိုအပ်တာကတော့ ပထမဦးဆုံး Device ကို Password ပေးဖို့လိုအပ်ပါတယ်။

Device ကို Password ပေးဖို့အတွက် Settings အောက်က Lock Screen ဆိုတာကို သွားရပါမယ်။ ဒီနေရာမှာ ဖုန်းအမျိုးအစား တစ်လုံးနဲ့တစ်လုံး မတူတဲ့အတွက် Lock Screen ရှိတဲ့လမ်းကြောင်းကို ရွေးချယ်သွားပေးရပါမယ်။

ပြီးသွားရင် Screen Lock ဆိုတာကို ရွေးချယ်ပေးပါ။ Screen Lock ဟာ Settings အောက်က Lock Screen ဆိုတဲ့ စာသားရဲ့ အောက်ဘက်မှာ များသောအားဖြင့် ရှိတတ်ပါတယ်။

Screen Lock အောက်ကို ရောက်သွားပြီဆိုရင် Password ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

Password ကိုရွေးချယ်ပြီးရင် မိမိနှစ်သက်ရာ Password ကို ထည့်သွင်းပေးလိုက်ပါ။ ဒီအဆင့် ပြီးသွားရင်တော့ Device ကို Password ထည့်သွင်းပြီပြီ ဖြစ်ပါတယ်။

နောက်တစ်ဆင့်ကတော့ Device ထဲက Data တွေကို Encrypt ပြုလုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ Encrypt ပြုလုပ်ထားတဲ့ အခါမျိုးမှာ ကြုံတွေ့ရတာကတော့ သင့်ရဲ့ဖုန်းကို Reboot တစ်ခါ ပြုလုပ်လိုက်တိုင်းမှာ Data တွေကို Decrypt ပြုလုပ်မလားဆိုတဲ့ Password ကို အမြဲမေးတတ်ပါတယ်။ အကယ်၍ သင်သာ Encrypt ပြုလုပ်ဖို့ရန်အတွက် ထည့်သွင်းထားတဲ့ Password ကို မေ့နေတယ်ဆိုရင်တော့ Data ဆုံးရှုံးရမှာပါ။ Android Device ထဲက Data တွေကို Encrypt ပြုလုပ်ဖို့ အတွက်ကတော့ ဖော်ပြပါ နည်းလမ်းအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Settings ကိုဖွင့်လိုက်ပါ။ ပြီးသွားရင် Settings အောက်က Security ဆိုတာကို ရွေးပေးရမှာ ဖြစ်ပါတယ်။

Security အောက်ကို ရောက်သွားရင် Encrypt Device ဆိုတာကို ရွေးပေးရပါမယ်။

Encrypt Device ကို ရွေးချယ်လိုက်ပြီဆိုရင် Data တွေကို Encrypt ပြုလုပ်ဖို့အတွက် ဖော်ပြပေးထားတဲ့ အဆင့်များအတိုင်း တစ်ဆင့်ချင်းစီ လိုက်လံလုပ်ဆောင် ပေးရမှာဖြစ်ပါတယ်။ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ပြီးတဲ့ အခါမှသာ Data တွေကို Encrypt ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Encrypt Device ကို အသုံးပြုဖို့အတွက် PIN သို့မဟုတ် Password လိုအပ်တဲ့အတွက် Encrypt Device မပြုလုပ်ခင်မှာ ကြိုတင်ပြီး Password ကိုထည့်သွင်း ပေးထားရခြင်း ဖြစ်ပါတယ်။ ဒီအဆင့်တွေ အားလုံးပြီးသွား ပြီဆိုရင်တော့ Android Device ကို လုံခြုံစိတ်ချစွာနဲ့ Factory Reset ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။