Mac OS X ဗားရှင်းသစ် El Capitan ကို Apple မိတ်ဆက်

467972-apple-el-capitan.jpg

Apple သည် Mac ၏ OS ကို Yosemite National Park ၏အမည်ပေးပြီးနောက် El Captian ဟုအမည်ရသော Mac OS X ဗားရှင်းသစ် တစ်မျိုးကို ထုတ်ဖော်ပြသခဲ့သည်။

ယခု OS သစ်သည်  developer များအတွက် ဖြန့်ချိပေးခဲ့ခြင်းဖြစ်ပြီး Apple အနေဖြင့်လာမည့် စက်တင်ဘာလတွင် အခမဲ့ အဆင့်မြှင့်တင်မှုများ မပေးအပ်သေးချိန် ဇူလိုင်လတွင် beta ဗားရှင်းကို ကနဦး ဖြန့်ချိသွားမည် ဖြစ်သည်။ Apple ၏  software အင်ဂျင်နီယာဆိုင်ရာ အကြီးတန်းဒုဥက္ကဋ္ဌ ခရိတ်ဖက်ဒရီဂျီက El Captian မှသုံးစွဲသူများ ရရှိနိုင်မည့် အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များကို ရှင်းလင်းပြောကြားခဲ့ပြီး WWDC ပွဲတွင် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ OS တွင် မေးခွန်းများဖြင့် အသိပညာဆိုင်ရာ ရှာဖွေမှုများ ပြုလုပ်နိုင်ပြီး မသိရှိလိုက်သော အီးမေးလ်အချို့ကို ပြန်လည်ရှာဖွေနိုင်သလို ရာသီဥတု သို့မဟုတ် အားကစား အချက်အလက်များကဲ့သို့ အရာများကိုလည်း ရှာဖွေနိုင်သည်။ Safari တွင် Chrome နှင့် Firefox သုံးစွဲသူများနှင့် ရင်းနှီးကျွမ်းဝင်စေမည့် feature အပါအဝင် tab များကို pin ပြုလုပ်ခြင်းနှင့် ရှာဖွေမှုများ ပြုလုပ်ခြင်းအပြင် silence noisy tabs ကဲ့သို့ feature လည်း ပါဝင်လာသည်။

ထို့အပြင် Appleက OS သစ်သည် လုပ်ငန်းဆောင်တာများ ထိန်းချုပ်ဆောင်ရွက်ရာတွင် မြန် ဆန်သွက်လက်မည် ဖြစ်ကြောင်း ကတိပြု ပြောကြားထားသည်။ El Captian တွင် window ၂ ခုကို တစ်ဖက်တစ်ချက်ထား၍ အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် မျက်နှာပြင်၏ ဘယ်ဘက်ခြမ်းတွင် Safari အား pin ပြုလုပ်ပြီး ညာဘက်ခြမ်းတွင် အခြား app များကို ကြည့်ရှုနိုင်သည်။

El Capitan တွင် အီးမေးလ် trick သစ်တချို့ ပါဝင်လာပြီး  ဓာတ်ပုံများ ဆွဲထည့်ခြင်း၊ swipe လုပ်၍ ဖျက်ခြင်းတို့ ပြုလုပ်နိုင်ကြောင်း ဖက်ဒရီဂျီက ပြသပေးခဲ့သည်။ ထို့အပြင် ရုပ်ပုံနှင့်ဆိုင်သော link များကို ထောက်ပံ့ပေးထားသော Notes app သစ်လည်း ပါဝင်လာသည်။ စွမ်းဆောင်ရည်ပိုင်းအရ နှိုင်းယှဉ်ကြည့်ပါက El Capitan သည်ယခင် OS ထက် app များဖွင့်ရာတွင် ၁.၄ ဆပိုမို မြန်ဆန်ပြီး အီးမေးဖွင့်ခြင်းနှင့် app များ ပြောင်းလဲရာတွင် ၂ ဆပိုမို မြန်ဆန်သလို PDF preview ကြည့်ရှုရာ၌ ၄ ဆ မြန်ဆန်ကြောင်း ဖက်ဒရီဂျီက ပြောဆိုခဲ့သည်။

Ref: PCMag