BarCamp TU-Meiktila 2015

Barcamp.jpg

ဒုတိယအကြိမ်မြောက် နည်းပညာတက္ကသိုလ် (မိတ္ထီလာ) ဘားကမ့်
ကျင်းပမည့်နေ့    –     ဇွန်(၂၀)
အချိန်    –     နံနက် (၈း၃၀) နာရီမှ ညနေ (၃း၃၀)
 နေရာ    –    နည်းပညာတက္ကသိုလ် (မိတ္ထီလာ)
 ဆောင်ပုဒ်    –    It’s Unity !

ဒုတိယအကြိမ်မြောက်အဖြစ် BarCamp TU-Meiktila 2015 ကို နည်းပညာတက္ကသိုလ် (မိတ္ထီလာ) တွင်  ဇွန်လ  ၂၀ ရက်နေ့၊ စနေနေ့တွင် ကျင်းပမည် ဖြစ်သည်။ ယခုနှစ် ဘားကမ့်ကို  နံနက်
၈း၃၀ နာရီမှ ညနေ ၃း၃၀ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး စာသင်ခန်း ၆ ခန်း၊ အချိန် ၇ ချိန်ဖြင့် Topic စုစုပေါင်း ၄၀ ကျော်ခန့်ရှိမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။ ဒုတိယအကြိမ်မြောက် နည်းပညာတက္ကသိုလ် (မိတ္ထီလာ) ဘားကမ့်ကို နည်းပညာတက္ကသိုလ်သာမက အခြားတက္ကသိုလ်များမှ ကျောင်းသား/သူများ၊ လူငယ်များ ပါဝင်ကျင်းပမည်ဖြစ်ကြောင်း၊ ပညာရပ်ဆိုင်ရာ အသိပညာ၊ ဗဟုသုတ တိုးပွားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေနိုင်စေရန်၊ မိမိ မသိသေးသော ပညာရပ်များကို သိရှိလာပြီး၊ သိရှိပြီးသော ပညာရပ်များကိုလည်း ပိုမို ကျယ်ပြန့်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ထပ်မံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

တက်ရောက်မည့်သူများအတွက် လိုအပ်ချက်

ပွဲတက်ရောက်လိုသူများအနေဖြင့် Online Register ပြုလုပ်ရန် မလိုအပ်ဘဲ ပွဲစတင်ချိန်တွင် ZawGyi Mart Mobile Application တွင် စာရင်းပေးသွင်းခြင်းဖြင့် ဘားကမ့်အမှတ်တရ လက်ဆောင် ထုတ်ယူနိုင်ပြီး ညနေပိတ်ပွဲတွင်လည်း ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်နိုင်ဦးမည် ဖြစ်သည်ဟု သိရသည်။  ယခုနှစ်ဘားကမ့်တွင် BarCamp Museum စီစဉ်ထားပြီး BarCamp & Project Show ဟု ခေါင်းစဉ်တပ်နိုင်ရန်အတွက် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီ၏ ကိုယ်ပိုင် Project များကို ပြသနိုင်အောင် စီစဉ်ထားကြောင်း သိရှိရသည်။