Hollywood Terminal ကို ထည့်သွင်း အသုံးပြုခြင်း

maxresdefault.jpg

Ubuntu OS အသုံးပြု သူတွေအနေနဲ့ Hollywood မှ ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ Hacker တွေ အသုံးပြုတဲ့ Computer Terminal များအတိုင်း ပြုလုပ်နိုင်ရန်အတွက် Hollywood  Package ကို ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ အဆိုပါ Hollywood Package ကိုထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် အောက်ဖော်ပြပါအတိုင်း ထည့်သွင်းအသုံးပြု နိုင်မှာဖြစ်ပါတယ်။

Hollywood Package ကိုထည့်သွင်း တော့မယ်ဆိုရင် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့  Command  နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေး ရပါမယ်။

 နောက်တစ်ဆင့်ကတော့ Hollywood Package ကို Install  ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command ကို  ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-add-repository ppa:hollywood/ppa

sudo apt-get update

sudo apt-get install hollywood

sudo apt-get install byo bu

ဆိုတဲ့ Command တွေပဲ ဖြစ်ပါတယ်။ အဆိုပါ Command တွေကို အသုံးပြုပြီးပြီ ဆိုရင်တော့ သက်ဆိုင်ရာ Package တွေကို Download ပြုလုပ်ပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

အဆိုပါ Hollywood Fake Terminal ကို Run မယ်ဆိုရင် Terminal ထဲမှာ “Hollywood” ဆိုတဲ့ Command ကို ရိုက်ထည့် လိုက်ရင် Terminal ထဲမှာစတင်ပြီး အလုပ်လုပ်ဆောင်မှာ ဖြစ်ပါတယ်။