HITACHI ကမြန်မာနိုင်ငံ အတွင်းရှိ တက္ကသိုလ်တစ်ခုနှင့် ပူးပေါင်း၍ ICT သင်ခန်းစာသစ်များ မိတ်ဆက် သင်ကြ

Mr.-Toshiaki-Higashihara-From-Press-Conference-(1).jpg

HITACHI ကမြန်မာနိုင်ငံ အတွင်းရှိတက္ကသိုလ် တစ်ခုနှင့်ပူးပေါင်း၍ ICT သင်ခန်းစာသစ်များ မိတ်ဆက် သင်ကြားပေးသွားမည်ဟု HITACHI မှ President &  COO Mr.Toshiaki Higashihara က နေပြည်တော်တွင်ကျင်းပသော HITACHI Social Innovation Forum 2105 Myanmar အခမ်းအနား မတိုင်မီ သတင်းစာ ဆရာများအား  ရှင်းလင်းပြောကြားသော  အစီအစဉ်တွင်ပြောကြားခဲ့သည်။

“HITACHI အနေနဲ့ Hitachi Laboratory အစီအစဉ်ကို မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ပွဲထုတ်ပါတော့မယ်။ ဟီတာချီက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံတွင်း တက္ကသိုလ်တစ်ခုနဲ့ပူးပေါင်းပြီး ကျောင်းမှာ ICT သင်ခန်းစာသစ် တွေကို စတင်မိတ်ဆက်သင်ကြား ပေးမှာဖြစ်ပါတယ်” ဟု Mr.ToshiakiHigashihara ကပြောသည်။

အဆိုပါအစီအစဉ်မှာ HITACHI မှဖန်တီးထားသော ICT နည်းပညာများမှတွေ့ရှိထားသည်များကို ထပ်မံ လေ့လာပြီးနောက် သင်ခန်းစာများဖန်တီးကာ နည်းပညာတက္ကသိုလ်သို့ ပေးအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ သင်ခန်းစာများမှာ အခြားသီအိုရီဆိုင်ရာသင်ခန်းစာများနှင့်မတူကွဲပြားမှုမှာ လေ့လာ သင်ကြားနေသော ကျောင်းသားများ အနေဖြင့် အချိန်နှင့်တစ်ပြေးညီ နည်းပညာများကို အကောင်အထည်ဖော်နေပြီး အမှန်တကယ်လက်တွေ့ အသုံးပြုနေသည်ကို သိသာ ထင်ရှားစေမည်ဖြစ်ကြောင်း ဆိုသည်။

သင်ခန်းစာများကို တက္ကသိုလ်၌ သင်ကြား ပို့ချရာတွင်လည်း ဟီတာချီမှ အတွေ့အကြုံရင့်ကျက်သော အင်ဂျင်နီယာများက ယင်းတို့၏ လုပ်ငန်း အတွေ့အကြုံနှင့် အသိပညာများကို ကျောင်းသား/ကျောင်းသူများအား ဧည့်စာသင် ဆရာများအနေဖြင့်ပါဝင်သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။