Crazy Hedgy

Crazy.jpg

Crazy Hedgy ဂိမ်းသည် ကြမ်းတမ်းလှသည့် ခရီးရှည်ကြီးကို သွားလာရင်း ကြုံတွေ့ရမည့် အန္တရာယ်တို့ကို ကျော်လွှားသွားနိုင်အောင် ကစားရမည့် ဂိမ်းအမျိုးအစား ဖြစ်သည်။ အတားအဆီးများကို ခုန်ကျော်၍ သွားလာခြင်း၊ ပစ်ခတ်ခြင်းတို့အပြင် စိန်ပွင့်များကိုလည်း ရနိုင်သမျှ များများရစေရန်အတွက် စုဆောင်း ကစားရမည့် ဂိမ်းအမျိုးအစားဖြစ်သည်။

အဆိုပါ ဂိမ်းကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှ အသုံးပြုခွင့်ရရှိပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့် ပေးထားသည်။ iOS Version 6.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။