Kaymu Myanmar မှ iOS Application ကို စတင်မိတ်ဆက်

Ye Htut.jpg

ပြည်တွင်း အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် kaymu.com.mm ၏ iOS Application ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ မိုဘိုင်းဈေးကွက် ချဲ့ထွင်ခြင်းအနေဖြင့် ယခုကဲ့သို့ iOS Application ကို ဖြန့်ချိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“iOS မိုဘိုင်း App ကြောင့် အခုဆိုရင် iOS သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ Kaymu မှာ ပိုမိုလွယ်ကူစွာနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ data ကုန်ကျမှု အသက်သာဆုံးနဲ့ quality မြင့်မားကောင်းမွန်တဲ့ မိုဘိုင်း App ကို သုံးစွဲသူတွေဆီကို အရောက်ပို့ဆောင်ပေးလိုက်ပါပြီ။ အခုဆို ကျွန်တော်တို့ဟာ iOS အပြင် Andorid OS နဲ့ Blackberry app တွေကိုလည်း အခမဲ့ ထုတ်လုပ်ဖြန့်ချိ ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ထုတ်လုပ်ဖြန့်ချိထားတဲ့ မိုဘိုင်း App အကုန်လုံးကို မြန်မာဘာသာနဲ့ သုံးစွဲနိုင်အောင်လည်း ပြုလုပ်ပေးထားပါတယ်” ဟု Kaymu Myanmar မှ ဌာနေ ကိုယ်စားလှယ် Max Langer က ပြောသည်။

အဆိုပါ App ဖြင့် kaymu.com.mm ၏ အွန်လိုင်းစတိုးမှ ရောင်းချသူပေါင်း ငါးထောင်ကျော် တင်ထားသည့် ကုန်ပစ္စည်းပေါင်း ခြောက်သောင်းကျော်အား ရှာဖွေ ဝယ်ယူနိုင်မည် ဖြစ်သည်။ kaymu.com.mm ၏ Android App အား ယခုနှစ် နှစ်လယ်ပိုင်းတွင် စတင်ထုတ်လုပ်ခဲ့ပြီး ယခုမှ iOS App ကို ထပ်မံ မိတ်ဆက်ခြင်း ဖြစ်သည်။ iOS App ကို iPhone နှင့် iPad နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး iOS 7.0 နှင့်အထက် ထုတ်ကုန်များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ App အား Apple App Store (https://itunes.apple.com/app/id980632193) မှ အခမဲ့ ရယူနိုင်မည်ဖြစ်သည်။