Dying Light : The Bozak Horde

1-.jpg

Dying Light : The Bozak Horde ဟာ developer Techland ရဲ့ ရောင်းအားကောင်းပြီး လူကြိုက်များနေတဲ့ Dying Light ဂိမ်းရဲ့ expansion ဇာတ်လမ်း အသစ်ဖြစ်ပါတယ်။ Dead Island ဂိမ်းတွေကို ရေးဆွဲခဲ့တာကြောင့် Zombie ဂိမ်းတွေမှာ ကျွမ်းကျင်ပြီးသားဖြစ်တဲ့ Techland အနေနဲ့ Dying Light ရဲ့ အောင်မြင်မှုကြောင့် expansion / DLC အသစ်တွေ ဆက်တိုက်ဖြန့်ချိခဲ့ပြီး Bozak Horde ကတော့ Dying Light ဂိမ်းရဲ့ အကြီးဆုံး expansion ဖြစ်သလို ရှေ့ပိုင်းက Season Pass ဝယ်ယူထားသူတွေအတွက် ထွက်ရှိထားတဲ့ Cuisine & Cargo နှင့်
Ultimate Survivor Bundle တွေလည်း ပါဝင်လာတာ တွေ့ရမှာပါ။ Dying Light ရဲ့ DLC (down-loadable content) တွေကို အာရုံထားရေးသားနေလို့ First Person Action ဂိမ်းသစ် Hellraid ကို ရေးဆွဲနေတာတောင် ခဏနားထားတယ်လို့ မကြာခင်က ကြေညာထားတဲ့ Techland အနေနဲ့ Dying Light ဂိမ်းရဲ့ Update Version 1.6.1 အတွင်းမှာ အရင်ကတည်းက ထည့်သွင်း ပေးချင်ခဲ့တဲ့ စိတ်ဝင်စားစရာ gameplay ပုံစံသစ်တွေအပြင် စိတ်ကြိုက်ဖန်တီးမှုအသစ်တွေကို ထည့်သွင်းနိုင်ခဲ့တာကြောင့် story ပိုင်းနှင့် graphics ပိုင်း သာမကဘဲ သွက်လက်တဲ့ gameplay တွေကြောင့် ကစားလို့ အကောင်းဆုံး Horror Action ဂိမ်းတစ်ခုအဖြစ် မြင်တွေ့ ရပါတယ်။

First Person Viewpoint ကနေ ကစားရပေမယ့် shooting ပိုင်းမဟုတ်ဘဲ အနီးကပ် melee weapon တွေ အဓိက အသုံးပြုရမယ့် Dying Light ဂိမ်းမှာ ကစားသူဟာ လျှို့ ဝှက် undercover operative တစ်ယောက်ဖြစ်တဲ့ Kyle Crane နေရာကနေ ကစားရမှာဖြစ်ပြီး ဇွန်ဘီဖုပ်ကောင်တွေ ပြည့်နှက်နေတဲ့ Harran မြို့အတွင်းမှ ပုန်းအောင်းနေတဲ့ agent ဟောင်း
တစ်ယောက်ဖြစ်တဲ့  Kadir “Rais” Sulaiman ကို ရှာဖွေဖို့ ကြိုးစားပုံဇာတ်လမ်း ဆင်ထားပါတယ်။ Graphics ပိုင်းနှင့်အတူ lighting effects  နှင့် dynamic weather effect တွေကလည်း အထူး ကောင်းမွန်ပြီး Low settings ရဲ့ graphics ကတောင် အရင် Zombie ဂိမ်းအများစုရဲ့ graphics ပိုင်း၊ zombie character model နှင့် texture ပိုင်းတွေထက် အများကြီး ပိုပြီး ကြည့်ကောင်းနေမှာပါ။

ဇာတ်လမ်းသစ်တွေအဖြစ်ကတော့ Cuisine & Cargo DLC မှာ level မြင့်ပြီးသူတွေ ဆက်လက် ကစားနိုင်မယ့် hardcore missions အသစ်တွေပါဝင်ပြီး အရင်က infected တွေ
အများကြီးရှိလို့ ပိတ်ထားတဲ့ အဆောက်အဦးတွေထဲ ဝင်ရောက်ပြီး အစာရေစာတွေ ရှာဖွေရမယ့်ဇာတ်လမ်းသစ်ကို ထည့်သွင်းပေးထားပါတယ်။ Dying Light ဂိမ်းကို အခြား open world, zombie ဂိမ်းတွေနဲ့ ပုံစံမတူကွဲ ထွက်သွားစေတဲ့ အချက်ကတော့ တိုက်တွေပေါ်မှာ လျင်မြန်ဖျတ်လတ်စွာ ခုန်ပျံကျော်လွှားသွားလာနိုင်တဲ့ Mirror’s Edge ဂိမ်းထဲကလို Parkour freerunning gameplay ပဲဖြစ်ပါတယ်။ Harran မြို့ရဲ့ လူ ကြိုက်အများဆုံး စားသောက်ဆိုင်တွေရှိရာ နယ်မြေတွေမှာ ကစားနိုင်မယ့် mission သစ်တွေ ပါဝင်ထားသလို infected/ zombie တွေ မမြင်အောင် တိတ်တဆိတ် stealth gameplay ပုံစံနဲ့ သွားမလား၊ လက်နက်တွေ အသင့်ပြင်ပြီး တိုက်ခိုက်မလား၊ freerunning gameplay ပုံစံနဲ့ အမြန်ပြေးမလားဆိုတာ ကိုယ်တိုင်ရွေးချယ်နိုင်မှာပါ။

The Bozak Horde နှင့် Ultimate Survivor Bundle အတွင်းမှာတော့ လေးနှင့်မြားလို လက်နက်တွေအပြင်  Buzz Killer, Constable နှင့် Lacerator အစရှိတဲ့ Combo Weapon တွေ ပါဝင်လာပါတယ်။ Exp. points အသုံးပြု ပြီး level တင်ရတဲ့ စနစ်လည်း ပါဝင်သလို Dead Island ကလို workbench မလိုတော့ဘဲ လမ်းပေါ်မှာတင် Combo Weapon တွေ ဖန်တီးနိုင်ပါတယ်။ Harran မြို့ရဲ့ အားကစားရုံကြီးအတွင်းမှာ ကစားရမည့် Bozak Horde ကိုတော့ single player ရော co-op mode အနေနဲ့ပါ ကစားသူ လေးယောက်ပေါင်းကာ ဆော့နိုင်မှာဖြစ်ပြီး Saw ရုပ်ရှင်တွေထဲက Jigsaw ပုံစံမျိုး Bozak အမည်ရ ရန်သူခေါင်းဆောင်ရဲ့ challenge mission တွေမှာ ဝင်ရောက်ကစားရမှာ ဖြစ်ပါတယ်။ အမြန်ပြေးရမယ့် parkour ပိုင်းနှင့် တိုက်ခိုက်မှု
ပိုင်းတွေကို အသားပေးထားတဲ့ missions တွေဖြစ်ပြီး ဂိမ်းအတွင်း ပါဖူးသမျှ  ရန်သူမျိုးစုံနှင့်အတူ infected ဒီဇိုင်းသစ်တွေနဲ့ပါ ရင်ဆိုင်ရမှာပါ။ Retry limit (3 retries) ကန့်သတ်ထားတဲ့ အတွက်ကြောင့် missions တွေ အားလုံးနိုင်ဖို့ ခက်အောင်လုပ်ထားသလို Horde mode ပုံစံမျိုး infected တွေ အရမ်းများတဲ့ နေရာအချို့ မှာတော့ တစ်ယောက်တည်း ကစားသူတွေအတွက် ပိုခက်မှာ သေချာလို့ level နှင့် skill တွေ upgrade လုပ်ပြီးမှ ကစားလို့ ပိုသင့်တော်တဲ့ missions တွေဖြစ်ပါတယ်။ Story mode ကို ကစားပြီးလို့ အခြား missions တွေအရမ်း လွယ်သွားသူတွေကတော့ အကြိုက်တွေ့မှာ သေချာပါတယ်။

The Bozak Horde expansion အပြီးမှာ လောလောဆယ်ကြော်ငြာထားတဲ့ Dying Light DLC တွေ အကုန်ထွက်ပြီးသွားပြီဆိုပေမယ့် ဂိမ်းရဲ့ အောင်မြင်မှုကြောင့် developer Techland အနေနဲ့နောက်ထပ် DLC အသစ်တွေ  ဆက်ဖြန့်ချိသွားဦးမယ်လို့ သိရပါတယ်။ Dying Light: The Bozak Horde ကိုတော့ မူလ Dying Light ဂိမ်းပရိသတ်တွေနဲ့ Action ဂိမ်းပရိသတ်တွေ သဘောကျမှာပါ။