Laser Pointer

Asia-Best-Link_1.jpg

ဒီတစ်ပတ်မှာ ဈေးကွက်အတွင်းသို့ Laser ရောင်ခြည်သုံး တစ်ကိုယ်ရေပစ္စည်းငယ်များ ဝင်ရောက်လာသည်။ တစ်မျိုးက Key Chain ပုံစံ 3 in 1 pointer ဖြစ်သည်။ သံဘော်ဒီနဲ့ ပြုလုပ်ထားပြီး ခါးချိတ်အရွယ် ဖြစ်သည်။ Laser Pointer LED Light နှင့် ငွေစက္ကူ စစ်ဆေးမီး ပါဝင်သည်။ Pointer က Presentation, Powerpoint များအတွက် အသုံးဝင်ပြီး LED Light က အလင်းရောင် အားနည်းသည့် နေရာမျိုးအတွက် သင့်တော်ကာ ငွေစက္ကူ စစ် UV မီးက ငွေစက္ကူ မျိုးစုံ စစ်ဆေးနိုင်သည့်အပြင် ကားမောင်းလိုင်စင်၊ ကားဝှီးတက် စသည်တို့ကိုပါ အတုအစစ် စစ်ဆေးပေးနိုင်မည်ဟု သိရသည်။  အရောင် ၆ ရောင်ရှိပြီး နာရီဓာတ်ခဲသုံးလုံးဖြင့် အသုံးပြုရမည်ဖြစ်သည်။ နောက်တစ်မျိုးမှာ အစိမ်းရောင် လေဆာရောင်ခြည်ဖြင့် ပြသပေးသော pointer သီးသန့်ဖြစ်ပြီး ဘောပင် ပုံစံဖြစ်သည့်အတွက် အိတ်ကပ်ထဲ ထည့်ထားနိုင်မည် ဖြစ်သည်။ AAA အရွယ်ဓာတ်ခဲနှစ်လုံးထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။ နှစ်မျိုးစလုံးမှာ Class II Laser Product များဖြစ်သည့်အတွက် ကျန်းမာရေး ထိခိုက်မှုမရှိဘဲ အသုံးပြုနိုင်မည်ဟု သိရသည်။ အသုံးပြုလိုသူများအနေဖြင့် Asia Best Link ဖုန်း – ၃၉၉၁၂၉၊ ၀၉-၅၁၀၉၄၄၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။