House.com.mm မှ ပေးအပ်မည့် ပညာသင်ဆုနှင့် အကျိုးဆောင်ထူးချွန်ဆုများ လျှောက်ထားနိုင်

1781801_10204919177799055_5641971131012347218_o.jpg

အွန်လိုင်း အိမ်၊ ခြံ၊ မြေဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် House.com.mm မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ အတွက် ပညာသင်ဆုကို ပေးအပ်သွားမည့်အပြင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ထူးချွန်ဆုများကိုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆုများအနက် ပညာသင်ဆုကို အသက် ၁၇ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ပြီး လုပ်ငန်းနယ်ပယ်ထဲမှ လက်တွေ့အသုံးချ ဘာသာရပ် များဖြစ်သည့် Econimic, Marketing, Sale, Logistic နှင့် အခြားစပ်ဆက်သည့် ဘာသာရပ်များကို သင်ကြားခွင့်ရမည်ဖြစ်သည်။

‘ကျွန်တော်တို့ဆီက အထောက်အပံ့ဟာ မြန်မာလူငယ်တွေရဲ့ အောင်မြင်မှုအတွက် အဓိက တွန်းအားဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ သူတို့တွေရဲ့ တီထွင်လိုစိတ်တွေကို အားကောင်းလာအောင် လှုံ့ဆော်ပေးရာရောက်သလို ပုဂ္ဂလိကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် အတွေ့အကြုံတွေကို လက်ဆင့်ကမ်းပေးမယ့် အစီအစဉ်တွေပါ ပါဝင်တာကြောင့် ရွေးချယ်ခံရသူအတွက် အကျိုးရှိစေမှာပါ’ ဟု House.com.mm မှ Managing Director ဖြစ်သူ Jan Sommerfeld က ပြောကြားခဲ့သည်။

အဆိုပါပညာသင်ဆုအား လျှောက်ထားလိုပါက www.house.com.mm/scholarship တွင် ဝင်ရောက်လျှောက်ထားနိုင်သည်။ ထို့အပြင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဆုများကိုလည်း ပထမဆုံးအကြိမ် ပေးအပ်သွားမည်ဖြစ်ပြီး ဆုအမျိုးအစားပေါင်း ၁၃ ဆုအား ချီးမြှင့်ပေးသွားမည်ဖြစ်သည်။

၎င်းဆုအတွက် လျှောက်ထားလိုသူများအနေဖြင့် E-Mail awards@house.com.mm နှင့် Website- www.house.com.mm တွင် ဝင်ရောက်လျှောက်ထားနိုင်ပြီး အသေးစိတ် အချက်အလက်များအား မေးမြန်းလိုပါက ဖုန်း-၀၉ ၂၅၄၂၇၄၅၁၃ တွင် ဆက်သွယ်မေးမြန်းနိုင်သည်။