Apple Music ဆိုတာ

11406926_10152985306377825_1187861515809828459_n.jpg

Apple Music ဆိုတာဘာလဲ?

Apple Music ဆိုတာဟာ streaming music ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ iTunes library ထဲက ဘယ်သီချင်းကိုမဆို နားဆင်နိုင်ပါတယ်။

အခမဲ့ သုံးနိုင်သလား?

ဒီဝန်ဆောင်မှုက အခမဲ့ မဟုတ်ပါဘူး။ ဒါပေမဲ့ sign up ပြုလုပ်တဲ့အခါမှာ စမ်းသပ်သုံးစွဲခွင့် သုံးလ အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။ စမ်းသပ်သုံးစွဲခွင့်ကာလ ကုန်ဆုံးသွားရင် တစ်လကို ၉.၉၉ ဒေါ်လာနဲ့ သုံးရမှာ ဖြစ်ပါတယ်။ Family plan နဲ့သုံးမယ်ဆိုရင် တစ်လကို ၁၄.၉၉ ဒေါ်လာ ကျသင့်ပါမယ်။ Family plan က လူ ၆ ယောက်အထိ နားဆင်နိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအတွက် iCloud Family Sharing လိုအပ်ပါမယ်။

ဘယ်အချိန် စမ်းသုံးလို့ရမလဲ?

Apple က ဒီဝန်ဆောင်မှုကို Mac, PC နဲ့ iOS အတွက် ဇွန်လ ၂၀ ရက်မှ စတင်ပါမယ်။ Android နဲ့ Apple TV အတွက်ကတော့ ဒီနှစ်ကုန်ပိုင်းမှသာ သုံးနိုင်ပါမယ်။

Apple Music က iTunes နေရာမှာ အစားထိုးလိုက်တာလား?

Apple Music က iTunes နေရာမှာ အစားထိုးတာ မဟုတ်ပါဘူး။ သီချင်းဝယ်ယူမှုအတွက် iTunes က ဆက်ရှိနေပါမယ်။

Beats Music က Apple Music ဖြစ်သွားတာလား?

ဟုတ်ပါတယ်။ Beats Music က Apple Music အနေနဲ့ အသွင်ပြောင်းသွားတာပါ။ Apple Music ဝန်ဆောင်မှုကို စတင်တဲ့အခါမှာ Beats Music အဖွဲ့ဝင်တစ်ယောက် အနေနဲ့ account များကို အလွယ်တကူ ပြောင်းလဲနိုင်ပါလိမ့်မယ်။ Username, playlist တွေနဲ့ library တွေကိုလည်း ရွှေ့ပြောင်းနိုင်ပါလိမ့်မယ်။

Beats 1 Radio က ဘာလဲ?

Beats 1 က လော့အိန်ဂျလိစ်၊ နယူးယောက်နဲ့ လန်ဒန်မှာ အခြေစိုက်ထားတဲ့ Apple ရဲ့ 24/7 ရေဒီယိုအသံလွှင့်ရုံ ဖြစ်ပါတယ်။ ဂီတကျွမ်းကျင် ပညာရှင်တွေနဲ့ ရွေးချယ်ထားတဲ့ ဧည့်သည်တော်များက စီစဉ်တင်ဆက်နဲ့ သီချင်းတွေကို နားဆင်ရပါလိမ့်မယ်။

iTunes Radio ကရော ဆက်ရှိနေမှာလား?

လက်ရှိမှာတော့ iTunes Radio က ဆက်ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ Apple Music မှာ ကိုယ်ပိုင် သီးခြား ရေဒီယိုဌာနတွေ ပါဝင်ပါလိမ့်မယ်။ လစဉ်ကြေးပေးသွင်းပြီး သုံးသူများက သီချင်းတွေကို အကန့်အသတ်မရှိ ကျော်နိုင်ပါတယ်။

iTunes Match ရော ဆက်ရှိနေမှာလား?

iTunes Match ကလည်း သီချင်းတွေကို sync လုပ်ရာမှာ လိုအပ်တဲ့အတွက် ဆက်ရှိနေပါမယ်။

Apple Music က Spotify, Tidal နဲ့ ဘာကွာခြားသလဲ?

Apple Music က iTunes library မှာရှိတဲ့ သီချင်းတွေကို stream လုပ်ပေးနိုင်ပါတယ်။ Spotify မှာ မရနိုင်တဲ့ အဆိုတော်တစ်ဦးရဲ့ ထွက်ရှိပြီးသား အယ်လ်ဘမ်စုစည်းမှုများကို iTunes မှာရနိုင်တာကြောင့် The Beatles သီချင်းတွေကို Apple Music ကနေ stream လုပ်နိုင်ပါတယ်။

Apple Music က သီချင်းတွေကို offline နားထောင်ဖို့အတွက် download လုပ်နိုင်သလား?

Offline နားဆင်ဖို့အတွက် Apple Music က သီချင်းတွေကို download လုပ်နိုင်ပါတယ်။

Apple Music က သီချင်းတွေကို ဘယ်လောက် bit rate နဲ့ stream လုပ်နိုင်သလဲ။ အရည်အသွေးမြင့်မားတဲ့ အသံနဲ့ stream လုပ်နိုင်မယ့် option ပါသလား?

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး Apple က ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

Android ဖုန်းတွေမှာရော Apple Music ကို သုံးနိုင်သလား?

Android အတွက် Apple Music app ကို ဒီနှစ်ကုန်မှာ ဖြန့်ချိမယ်လို့ Apple က ပြောထားပါတယ်။

ဘယ်နိုင်ငံတွေမှာ Apple Music ကို သုံးလို့ရနိုင်မလဲ?

Apple ရဲ့ အဆိုအရ Apple Music ကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အသုံးပြုနိုင်မယ်လို့ သိရပါမယ်။ နိုင်ငံအပြည့်အစုံ စာရင်းကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

Tidal လိုမျိုး သီးသန့် content တွေကို Apple Music မှာ ရနိုင်သလား?

ဒါကိုလည်း Apple က မကြေညာသေးပါဘူး။ ဒါပေမဲ့ ဒီဝန်ဆောင်မှုမှာ Connect လို့ခေါ်တဲ့ feature တစ်ခု ပါဝင်လာပါတယ်။ ဒီ feature က အနုပညာရှင်တွေ အနေနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ၎င်းတို့ရဲ့ Apple Music စာမျက်နှာမှာ တင်ထားပြီး ပရိသတ်တွေနဲ့ like, comment အပြန်အလှန် ပြုလုပ်နိုင်စေမယ့် feature ဖြစ်ပါတယ်။

Ref: CNET