Tomahawk Music Player ကို Ubuntu OS တွင် ထည့်သွင်းခြင်း

nk5oixy-.gif

 Ubuntu OS ပေါ်ကနေ သီချင်းတွေကို နားဆင်တဲ့အခါမှာ အသုံးပြုနိုင်မယ့် Music Player တစ်ခု ဖြစ်ပါတယ်။ Tomahawk Music Player Version အသစ်မှာ User Interface ကို ပြောင်းလဲပေးထားပါတယ်။ ဒါ့အပြင် Beats Music ကိုလည်း အထောက်အပံ့ ပေးနိုင်အောင် စီစဉ်ဖန်တီး ပေးလိုက်ပါတယ်။

Tomahawk Music Player ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုဖို့အတွက်ဆိုရင် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို  Update တွေ၊ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt  + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။

ပြီးပြီဆိုရင်တော့ Terminal ထဲ မှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေကို  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

 နောက်တစ်ဆင့်ကတော့ Tomahawk Music Player ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command တွေကတော့-

sudo add-apt-repository ppa:tomahawk/ppa

sudo apt-get update &&

sudo apt-get install toma-hawk

စတာတွေပဲ ဖြစ်ပါတယ်။ ဒီ Command ကို အသုံးပြုပြီးပြီ ဆိုတာနဲ့ Ubuntu OS တွင်းသို့ Tomahawk Music Player ကို စတင် Download  ပြုလုပ်ပြီး ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

Tomahawk Music Player ဟာ Google Play Music ကို အထောက်အပံ့ ပေးထားမှာ ဖြစ်ပါတယ်။ Web Link တွေကို ထည့်သွင်းပြီး သီချင်းတွေကို နားဆင်နိုင်မှာ ဖြစ်သလို၊ သီချင်းဖိုင်တွေကိုလည်း Drag & Drop  ပြုလုပ်ပြီးလည်း ခံစားနားဆင်နိုင်မှာလည်း ဖြစ်ပါတယ်။ ဆန်းပြားတဲ့ သွင်ပြင်ကြောင့် သုံးစွဲသူတွေ စိတ်ကျေနပ်စေမယ့် ဆော့ဖ်ဝဲ တစ်ခုလည်း ဖြစ်ပါတယ်။