Car Dash

Car.jpg
Windows Phone အသုံးပြုသူများအတွက် ကားမောင်းနေစဉ်တွင် မိုဘိုင်းဖုန်းကို အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ပေးနိုင်သည့် Car Dash App သည် ယာဉ်မောင်းနေစဉ်တွင် မိုဘိုင်းဖုန်းအတွင်းမှ လုပ်ငန်းများကို အလွယ်တကူ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အဆိုပါ App သည် Nokia MixRadio Voice Command ကို အသုံးပြုထားသည့်အတွက် Nokia ဖုန်းများဖြင့် အသုံးပြုမည်ဆိုပါက Voice Command ကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။
Download ပြုလုပ်လိုသူများအနေဖြင့် Market Place တွင် Download ပြုလုပ်နိုင်မည်ဖြစ်ပြီး ဖိုင်အရွယ်အစားမှာ 5MB ခန့်သာ ရှိမည်ဖြစ်သည်။ Windows Phone Version 8 နှင့် 8.1 တို့တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။