မလေးရှား ပညာရေးဝန်ကြီးဌာန၏ (၁၀) ကြိမ်မြောက် ပညာရေးစုံညီပွဲတော် ကျင်းပမည်

Update-News_5.jpg

JenkoGroup of Educare Services မှ ဦးစီးကျင်းပမည့် မလေးရှားပညာရေးဝန်ကြီးဌာန၏ (၁၀) ကြိမ်မြောက် ပညာရေးစုံညီပွဲတော်ကို ဇွန်လ ၁၃ ရက်၊ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအထိ Rose Garden ဟိုတယ်၊ ရန်ကုန်တွင်လည်းကောင်း၊ ဇွန်လ ၁၄ ရက်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ဆီဒိုးနားဟိုတယ်၊ မန္တလေးတွင် လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပွဲတွင် ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာအရည်အချင်းစစ်စာမေးပွဲ အခမဲ့စစ်ဆေးပေးခြင်း (Free English Placement Test) များကိုလည်း စစ်ဆေးပေးသွားမည်ဖြစ်သည်။

အဆိုပါ စုံညီပွဲတွင် မလေးရှားနိုင်ငံ၏ နာမည်ကြီးတက္ကသိုလ်များဖြစ်သော Help University, Taylor’s University, Sunway University, Infrastructure University Kuala Lumpur (IUKL), UCSI University, Berjaya University College of Hospitality, University Malaysia, Curtin University, Swinburne University, ERICAN College, Brickfields Asia College (BAC), Universiti Teknologi Malaysia (UTM), International Medical University (IMU), Limkokwing University အစရှိသည့် တက္ကသိုလ်များမှ တာဝန်ရှိသူများက လာရောက်၍ အခမဲ့အကြံပေး ဆွေးနွေးပေးမည် ဖြစ်သည်။

ပွဲသို့လာရောက်သူများအတွက် ကံစမ်းမဲ အစီအစဉ်များအပြင် မလေးရှားနိုင်ငံတွင် ပညာသင်ကြားလိုသူများ အတွက်လည်း ၅၀ ရာခိုင်နှုန်း ပညာသင် ဆုနှင့် ကျောင်းသား၊ ကျောင်းသူများ မိမိ၏ အင်္ဂလိပ်စာ အရည်အချင်းကို သိရှိနိုင်ရန်အတွက်လည်း ERICAN College မှ အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲ EPT(English Placement Test) ကိုလည်း အခမဲ့ စစ်ဆေးပေးသွားမည် ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက အမှတ် ၁၈၊ ၁ ဘီ၊ ကျောက်ကုန်းလမ်း၊ ရန်ကင်းမြို့နယ်၊ ဖုန်း ၀၉-၅၀၆၂၈၉၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။