Laptop တစ်လုံးဝယ်ယူရာတွင် သိထားရမည့် အချက် (၈) ချက်

1421360570.jpg

အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ laptop ဟာ အလုပ်မှာပဲ ဖြစ်ဖြစ်၊ အိမ်မှာပဲ ဖြစ်ဖြစ်၊ လမ်းပေါ်မှာပဲ ဖြစ်ဖြစ် အသုံးပြုနိုင်တဲ့ အကောင်းဆုံး tool တစ်ခု ဖြစ်ပါတယ်။ Standalone tablet များနဲ့ စမတ်ဖုန်းတွေ ခေတ်စားနေချိန်မှာ ဗီဒီယိုကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း၊ စာတမ်းတစ်စောင် ပြုစုခြင်း စတာတွေကို ပြုလုပ်တဲ့ အခါမှာ laptop ပေါ်ကနေ ပြုလုပ်တာက အကောင်းဆုံး ဖြစ်တယ်ဆိုတာကို လူအများစုက နားလည်လက်ခံထားကြပါတယ်။ ဒါကြောင့် laptop တစ်လုံးကို ဝယ်ယူတဲ့အခါမှာ မိမိနဲ့ သင့်တော်မယ့် laptop အမျိုးအစားကို ရွေးချယ်ဝယ်ယူနိုင်ရန်အတွက် သိထားရမယ့် အခြေခံအချက် (၈) ချက်ကို ဖော်ပြလိုက်ပါတယ်။

(၁) Platform ကို ရွေးပါ — Mac လား Windows လား Chrome လား???

သုံးစွဲသူအနေနဲ့ Mac ရော PC ရောပါ ရင်းနှီးကျွမ်းဝင်သူ မဟုတ်ဘူးဆိုရင် ဒါက ဖြေရခက်တဲ့ မေးခွန်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အောက်ဖော်ပြပါ platform တစ်ခုချင်းစီရဲ့ အားသာချက်နဲ့ အားနည်းချက်တွေက ဘယ် platform ကို ရွေးချယ်မလဲဆိုတဲ့ အပေါ်မှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

Windows 8.1

Windows notebook များဟာ Mac တွေထက် ဈေးသက်သာပြီး ကုမ္ပဏီအများအပြားက ဒီဇိုင်းအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ Apple နဲ့ မတူတာကတော့ Microsoft နဲ့ ၎င်းရဲ့ တွဲဖက်ကုမ္ပဏီတွေဟာ touch screen တွေနဲ့ သုံးနိုင်မယ့် notebook တွေအပြင် notebook ကို tablet အနေနဲ့ ပုံစံပြောင်းလဲ အသုံးပြုနိုင်မယ့် ဒီဇိုင်းတွေကိုပါ ထုတ်လုပ် ရောင်းချလျက်ရှိပါတယ်။

Windows 8.1 ဟာ Start menu နေရာမှာ tile အခြေခံ start screen နဲ့ အစားထိုးထားတဲ့ OS သစ် ဖြစ်ပါတယ်။ ဒါပေမဲ့ Windows 8.1 ကို desktop mode အနေနဲ့ အသုံးပြုနိုင်ပါသေးတယ်။ ဒါပေမဲ့ utility နဲ့ setting tweak အချို့ကို သုံးပြီး Windows 7 လိုမျိုး user interface ပြောင်းလဲနိုင်သလို Start Menu ကို ထည့်သွင်းပြီးလည်း အသုံးပြုနိုင်ပါတယ်။

Apple OS X Yosemite

Apple MacBook Air နဲ့ MacBook Pro တို့မှာ အသုံးပြုထားတဲ့ OS X Yosemite ဟာ အလွယ်တကူ အသုံးပြုနိုင်တဲ့ operating system တစ်ခု ဖြစ်ပါတယ်။ MacBook တွေမှာ app များအတွက် Launch Pad အပြင် အလွန်ကောင်းမွန်တဲ့ multitouch gesture များနဲ့ iPhone ကနေ ဖုန်းခေါ်ဆိုနိုင်တဲ့ iOS လိုမျိုး feature တွေကို ထောက်ပံ့ပေးထားပါတယ်။

MacBook Air နဲ့ MacBook Pro တွေဟာ Windows laptop အများစုထက် ပိုကောင်းပေမယ့် software ရွေးချယ်မှုအပိုင်းမှာတော့ Windows တွေလောက် မများပါဘူး။ Apple ကတော့ program တွေကို အလွယ်တကူ ရှာပြီး install လုပ်နိုင်ဖို့အတွက် Mac App Store ကို ထောက်ပံ့ပေးထားပါတယ်။ Apple notebook တွေရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၈၉၉ ကနေ စတင်ပါတယ်။

(၂) သင့်တော်တဲ့ အရွယ်အစား ရွေးချယ်ပါ။

တစ်ခြားအရာတွေကို မစဉ်းစားချင်မှာ laptop ကို အလွယ်တကူ သယ်ယူသွားနိုင်ဖို့အတွက် သင့်တော်မယ့် အရွယ်အစားကို ရွေးချယ်ရပါမယ်။

– ၁၁ လက်နဲ့ ၁၂ လက်မ laptop တွေဟာ ပါးလျပြီး ပေါ့ပါးတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ အလေးချိန်က ၂.၅ ပေါင်ကနေ ၃.၅ ပေါင်အထိ ရှိပါတယ်။ ဒါပေမဲ့ screen နဲ့ ကီးဘုတ်အရွယ်အစားက အချို့သော သုံးစွဲသူတွေအတွက် အနည်းငယ် ကျဉ်းကျပ်နေပါလိမ့်မယ်။

– ၁၃ လက်မနဲ့ ၁၄ လက်မ laptop တွေရဲ့ အလေးချိန်ကတော့ ၃.၅ ပေါင်ကနေ ၄.၅ ပေါင်အထိ ရှိပါတယ်။ ပေါင်ပေါ်မှာ အလွယ်တကူ တင်ပြီး သုံးနိုင်သလို ပိုမိုကျယ်ဝန်းတဲ့ ကီးဘုတ်နဲ့ screen တွေနဲ့ သုံးနိုင်ပါတယ်။ ငွေကြေး အမြောက်အများ သုံးစွဲဖို့ စဉ်းစားထားရင်တော့ အလေးချိန် ၂.၆ ပေါင်ရှိတဲ့ Dell XPS 13 နဲ့ ၂.၉ ပေါင်ရှိတဲ့ ၁၄ လက်မ Lenovo ThinkPad X1 Carbon တို့ကို ရနိုင်ပါတယ်။

– ၁၅ လက်မ laptop တွေကတော့ အရွယ်ကြီးမားသလို သယ်ဆောင်တဲ့အခါမှာလည်း လေးလံပါတယ်။ အလေးချိန်က ၅ ပေါင်ကနေ ၆.၅ ပေါင်အထိ ရှိပါတယ်။ Laptop ကို မကြာမကြာ သယ်ဆောင်သွားဖို့နဲ့ ပေါင်ပေါ် တင်သုံးဖို့ အစီအစဉ် မရှိဘူးဆိုရင် ၁၅ လက်မ laptop အမျိုးအစားကို စဉ်းစားနိုင်ပါတယ်။ အချို့ ၁၅ လက်မ အမျိုးအစားတွေမှာ DVD drive တွေ ပါဝင်ပါတယ်။ ဒါကို ဖယ်ရှားမယ်ဆိုရင် အလေးချိန် ပိုပေါ့သွားပါလိမ့်မယ်။

– အလေးချိန် ၇ ပေါင်နဲ့အထက်ရှိတဲ့ ၁၇ လက်မနဲ့ ၁၈ လက်မ အမျိုးအစားကိုတော့ စားပွဲပေါ်မှာပဲ အမြဲတမ်း သုံးမယ်ဆိုမှပဲ စဉ်းစားသင့်ပါတယ်။ ဒီ laptop အမျိုးအစားဟာ စွမ်းဆောင်ရည်မြင့် ဂိမ်းတွေ ဒါမှမဟုတ် workstation အဆင့် လုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

(၃) Keyboard နဲ့ Touchpad ကို စစ်ဆေးပါ။

Laptop မှာပါဝင်တဲ့ keyboard မှာ ခလုတ်တစ်ခုနဲ့ တစ်ခုကြား အရမ်းကပ်နေသလား၊ touchpad ကို အသုံးပြုတဲ့အခါမှာ ချောချောမွေ့မွေ့ ရှိသလား ဆိုတာကိုလည်း စစ်ဆေးရပါမယ်။ Mouse ခလုတ်တွေကို နှိပ်တဲ့အခါမှာ စိတ်ကျေနပ်မှု ရှိ၊ မရှိနဲ့ touchpad ကိုသုံးပြီး စာတွေကို selection လုပ်တဲ့အခါမှာ cursor က မငြိမ်ဘဲ ရွေ့နေတာမျိုး ရှိ မရှိတို့ကိုလည်း စစ်ဆေးရပါမယ်။

ယေဘုယျအနေနဲ့ Apple နဲ့ Lenovo တို့က အကောင်းဆုံး keyboard များနဲ့ touchpad များကို ထောက်ပံ့ပေးထားကြပါတယ်။ Dell နဲ့ HP ကလည်း စိတ်ချ ယုံကြည်အားထားရတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။

(၄) Laptop ရဲ့ အသေးစိတ်အချက်အလက်ကို သိရှိအောင် လုပ်ပါ။

Laptop ရဲ့အသေးစိတ် အချက်အလက်ဖြစ်တဲ့ CPU, hard drive, RAM နဲ့ graphics chip တို့ကို သိထားရပါမယ်။ အဓိက သိထားရမယ့် အချက်အလက် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

CPU

ဈေးကွက်ထဲမှာရှိတဲ့ ဈေးအနည်းဆုံး laptop တွေမှာ AMD E Series ဒါမှမဟုတ် Intel Pentium CPU တွေကို သုံးထားပါတယ်။ ဒီ CPU တွေဟာ မီဒီယာ လုပ်ဆောင်ချက်တွေအတွက် အခက်ကြုံနိုင်ပေမယ့် အင်တာနက် အသုံးပြုခြင်းကိုတော့ အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ Intel Atom processor ကတော့ စွမ်းဆောင်ရည် နိမ့်ပေမယ့် ဘက်ထရီသက်တမ်း ပိုရှည်ပါတယ်။

ဈေးကြီးတဲ့ tablet/laptop hybrid တွေမှာတော့ Intel ရဲ့ Core M CPU ကို သုံးထားပါတယ်။ ဒီ processor ဟာ Atom ထက် ပိုမိုလျင်မြန်ပေမယ့် Core Series (Core i3, i5, i7) တို့လောက် မမြန်ပါဘူး။ Core i3, Core i5 နဲ့ Core i7 တို့ကို ဝယ်ယူမယ်ဆိုရင်တော့ ၂၀၁၅ အစောပိုင်းက ထွက်ရှိတဲ့ Intel 5th Generation (Broadwell) ကို ရွေးချယ်သင့်ပါတယ်။

ဈေးသက်သာတဲ့ laptop ကို စဉ်းစားသူများကတော့ Intel Core M ဒါမှမဟုတ် Core i3 CPU/AMD A Series တို့ကို စဉ်းစားနိုင်ပါတယ်။ ဒေါ်လာ ၅၀၀ ကျော်လောက် သုံးမယ်ဆိုရင်တော့ Intel Core i5 CPU ကို စဉ်းစားနိုင်ပါတယ်။ Gamer များကတော့ Core i7 ထက် မနိမ့်တဲ့ စနစ်ကို စဉ်းစားသင့်ပါတယ်။

RAM

လက်ရှိအချိန်မှာ ဈေးသက်သာတဲ့ laptop တွေမှာတောင် RAM 4GB လောက် ပါနေပါပြီ။ RAM ကို 6GB ဒါမှမဟုတ် 8GB အထိ သုံးမယ်ဆိုရင် စွမ်းဆောင်ရည်မြင့် application တွေနဲ့ multitasking ကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။ Gamer တွေကတော့ 16GB RAM လောက်အထိ စဉ်းစားသင့်ပါတယ်။

Hard Drive

သုံးစွဲသူ အများစုအတွက်ကတော့ လျင်မြန်တဲ့ drive တစ်ခုက ပမာဏများပြားတဲ့ drive ထက် ပိုအရေးပါပါတယ်။ ဒါကြောင့် 5,400-rpm ထက် 7,200-rpm hard drive ကို ရွေးချယ်သင့်ပါတယ်။ ရုပ်ရှင်အချို့နဲ့ ဂိမ်းအချို့ကို hard drive မှာ သိမ်းထားမယ်ဆိုရင် 320GB က လုံလောက်တဲ့ ပမာဏပါ။ ဒါပေမဲ့ 500GB နဲ့ 750GB drive တွေရဲ့ ဈေးကလည်း သိပ်မကွာပါဘူး။

Flash Cache

Ultrabook နဲ့ အချို့သော notebook တွေမှာ စွမ်းဆောင်ရည် တိုးမြှင့်ရာမှာ သုံးနိုင်တဲ့ flash cache ကို 8GB, 16GB နဲ့ 32GB ဆိုပြီး ရနိုင်ပါတယ်။ Flash cache ဟာ SSD လောက် မမြန်ပေမယ့် boot တက်ချိန် ပိုမြန်စေသလို အချက်အလက်အားလုံးကို အရွယ်ကြီးမားတဲ့ hard drive မှာ သိမ်းဆည်းပေးနိုင်ပါတယ်။

Solid State Drives (SSDs)

ဒီ drive တွေကတော့ သာမန် hard drive များထက် ကုန်ကျစရိတ် ပိုမိုသလို သိုလှောင်မှုပမာဏ နည်းပါးပေမယ့် စွမ်းဆောင်ရည်အပိုင်းကိုတော့ ပိုကောင်းစေပါတယ်။ Boot တက်ချိန် လျင်မြန်သလို application ဖွင့်ချိန်တွေလည်း ပိုမြန်ပါတယ်။

Display

Pixel ပမာဏ များလေ screen ပေါ်မှာ content ကို ကြည်လင်ပြတ်သားစွာ မြင်ရလေပါ။ ဈေးသက်သာတဲ့ notebook တွေမှာ 1366 x 768-pixel resolutions display ပါဝင်ပါတယ်။ ရွေးချယ်စရာ ရှိတယ်ဆိုရင် 1600 x 900 ဒါမှမဟုတ် 1920 x 1080 အထိ ဖော်ပြနိုင်တဲ့ laptop ကို ရွေးချယ်သင့်ပါတယ်။ Resolution မြင့်တဲ့ screen မှာ ဝက်ဘ်စာမျက်နှာတွေကို ပိုပြီး ပြည့်ပြည့်စုံစုံ မြင်နိုင်သလို၊ သိပ်ကောင်းတဲ့ ဗီဒီယို အတွေ့အကြုံကိုလည်း ရရှိနိုင်ပါတယ်။

ဈေးကြီးတဲ့ အချို့ notebook တွေမှာ screen resolution ကို 2560 x 1600, 3200 x 1800 အပြင် 3840 x 2160 pixel  အထိ ထောက်ပံ့ပေးထားပါတယ်။

Touch Screen

Windows 8 ကို touch screen တစ်ခုနဲ့ အသုံးပြုတဲ့အခါမှာ ပိုကောင်းပါတယ်။ ဒါပေမဲ့ laptop က ကွေးနိုင်တဲ့ screen ဒါမှမဟုတ် လှည့်နိုင်တဲ့ screen ပါတဲ့ hybrid အမျိုးအစား မဟုတ်ဘူးဆိုရင် touch screen မပါလည်း သုံးနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ touch screen laptop တစ်လုံးကို ဒေါ်လာ ၅၀၀ လောက်နဲ့ ရနိုင်ပေမယ့်လည်း စနစ်တူတဲ့ laptop တစ်လုံးရဲ့ touch ပါတာနဲ့ မပါတာရဲ့ ဈေးကွာခြားချက်က ဒေါ်လာ ၁၀၀ နဲ့ ၁၅၀ ကြားမှာပဲ ရှိပါတယ်။

Graphics Chip

Integrated graphics chip တစ်ခုဟာ အင်တာနက်သုံးခြင်း၊ ဗီဒီယိုကြည့်ခြင်း၊ အချို့သော ဂိမ်းများ ကစားခြင်း စတဲ့ အခြေခံ လုပ်ဆောင်ချက်တွေ ကို ကောင်းကောင်း လုပ်နိုင်ပါတယ်။ ဒါပေမဲ့ AMD နဲ့ Nvidia တို့ရဲ့ discrete graphics processor တစ်ခုကတော့ ဂရပ်ဖစ် လိုအပ်ချက်များတဲ့ ဂိမ်းတွေကို စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ကစားစေနိုင်ပါတယ်။ ကောင်းမွန်တဲ့ GPU တစ်ခုဟာ Hulu တို့လို ဆိုက်တွေက ဗီဒီယိုတွေကို အရည်အသွေးကောင်းကောင်းနဲ့ ကြည့်နိုင်သလို ဗီဒီယို တည်းဖြတ်မှုကိုလည်း မြန်မြန်ဆန်ဆန် လုပ်နိုင်ပါတယ်။

CPU တွေလိုပဲ graphics chip တွေမှာ စွမ်းဆောင်မြင့်တာနဲ့ နိမ့်တာတွေ ရှိပါတယ်။ Workstation တွေနဲ့ gaming laptop တွေမှာ သိပ်ကောင်းတဲ့ GPU တွေ ပါဝင်ပြီး ဈေးအရမ်းကြီးတဲ့ စနစ်တွေမှာတော့ dual graphics တွေကို တွေ့နိုင်ပါတယ်။

DVD/Blu-ray Drives

ဒီနေ့ခေတ်မှာ အနည်းငယ်သော laptop တွေမှာသာ optical drive တွေကို တွေ့နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အများစုက software တွေ download ပြုလုပ်တာနဲ့ ဗီဒီယို stream ကြည့်ရှုခြင်းတို့ကို ဝက်ဘ်ပေါ်ကနေ တိုက်ရိုက် လုပ်ကြတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် disc ကူးယူတာတွေ Blu-ray ရုပ်ရှင်ကြည့်တာတွေ မလုပ်ဘူးဆိုရင် drive မလိုတော့ပါဘူး။ Drive မလိုတဲ့အတွက်ကြောင့်လည်း laptop ရဲ့ အလေးချိန်က ပေါင်ဝက်လောက် ပေါ့သွားပါလိမ့်မယ်။

(၅) 2-in-1 ဝယ်မှာလား သာမန် laptop ဝယ်မှာလား ဆုံးဖြတ်ပါ။

Windows 8 ထွက်လာပြီးတဲ့နောက်မှာ tablet အနေနဲ့ပါ သုံးနိုင်မယ့် 2-in-1 laptop ဒီဇိုင်းတွေ အများကြီး ထွက်ပေါ်လာပါတယ်။ ဒီအမျိုးအစားတွေထဲမှာမှ Lenovo Yoga Pro 3 ဟာ screen ကို ၃၆၀ ဒီဂရီလှည့်ပြီး tablet တစ်ခု အနေနဲ့ ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ နောက်ပြီး Asus Transformer Book Chi ဆိုရင် keyboard ကို ဖယ်ရှားပြီး tablet  လို သုံးနိုင်ပါတယ်။ ဒီ laptop နှစ်မျိုးစလုံးဟာ MacBook Air ထက် ပိုပါးပါတယ်။

Laptop ကို tablet လိုမျိုး သုံးချင်တယ်ဆိုရင် Yoga လိုမျိုး laptop တွေက ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ standalone tablet တစ်ခုလို သုံးချင်ရင်တော့ keyboard ကို ဖြုတ်/တပ် လုပ်နိုင်တဲ့ laptop တွေကို ရွေးချယ်သင့်ပါတယ်။

(၆) ဘက်ထရီ သက်တမ်းကိုလည်း ထည့်စဉ်းစားပါ။

Laptop ကို ဆိုဖာပေါ်မှာ ဒါမှမဟုတ် အိပ်ရာပေါ်မှာ သုံးတဲ့ အခါမျိုးမှာ ဘက်ထရီသက်တမ်းက အရေးကြီးပါတယ်။ ဒီလိုအခြေအနေမှာ ဘယ်သူကမှ ပါဝါကြိုး တန်းလန်းနဲ့ မသုံးချင်ကြပါဘူး။ ဒါကြောင့် ၁၅ လက်မ laptop ကို ဝယ်ယူတဲ့အခါမှာ ဘက်ထရီနဲ့ အနည်းဆုံး ၄ နာရီလောက် သုံးလို့ရမယ့် အမျိုးအစားကို ရှာသင့် ပါတယ်။ နောက်ပြီး laptop ထုတ်တဲ့ ကုမ္ပဏီတွေက ပြောတဲ့ ဘက်ထရီ သက်တမ်းကို မယုံပါနဲ့။ အဲ့ဒီအစား Laptop Mag လို review ဆိုက်တွေက စမ်းသပ်ဖော်ပြချက်တွေကို လေ့လာဖတ်ရှုပါ။ ဘက်ထရီသက်တမ်းက screen အလင်းအမှောင်နဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်ပါတယ်။

(၇) သုံးစွဲမယ့် ငွေကြေးပမာဏကို ဆုံးဖြတ်ပါ။

ဒီနေ့ခေတ်မှာ laptop ကောင်းတစ်လုံးကို ဒေါ်လာ ၅၀၀ အောက်နဲ့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီထက် ငွေနည်းနည်း ပိုသုံးနိုင်တယ်ဆိုရင် ဖွဲ့စည်းမှု အရည်အသွေးကောင်းပြီး စွမ်းဆောင်ရည်မြင့်တဲ့ laptop ကို ရနိုင်ပါတယ်။

– ဒေါ်လာ ၁၅၀ ကနေ ၃၅၀ အထိ သုံးမယ်ဆိုရင် Google ရဲ့ browser အခြေခံ OS သုံးထားတဲ့ Chromebook လိုမျိုး ဈေးသက်သာတဲ့ laptop တွေကို ရနိုင်ပါတယ်။ နောက်ပြီး HP Stream 11 (Intel Celeron, 32GB flash drive) လိုမျိုး စွမ်းဆောင်ရည်နိမ့်တဲ့ Windows စနစ်တွေကိုလည်း သိုလှောင်မှု ပမာဏ နည်းနည်း၊ နှေးတဲ့ processor နဲ့ ရနိုင်ပါတယ်။

ဒါမှမဟုတ် စွမ်းဆောင်ရည်ကောင်းတဲ့ တစ်ပတ်ရစ် laptop တွေကိုလည်း ရနိုင်ပါတယ်။ Chromebook တွေကတော့ တစ်ကြိမ်အားသွင်းရင် ဘက်ထရီနဲ့ ၈ နာရီလောက် သုံးနိုင်ပါတယ်။

– Intel Core i5 ဒါမှမဟုတ် AMD A8 CPU, 4GB ဒါမှမဟုတ် 8GB RAM နဲ့ 500GB hard drive ပါတဲ့ laptop တစ်လုံးကို ဒေါ်လာ ၆၀၀ လောက်နဲ့ ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီဈေးနှုန်းနဲ့ laptop အများစုက ဈေးပေါတဲ့ ပလတ်စတစ် ကိုယ်ထည်ကို သုံးထားပါတယ်။ နောက်ပြီး screen တွေက resolution နိမ့်သလို ဘက်ထရီသက်တမ်းကလည်း နည်းပါတယ်။

– ဒေါ်လာ ၆၀၀ နဲ့အထက်ဆိုရင် သတ္တုနဲ့ လုပ်ထားတဲ့ ဒီဇိုင်းတွေကို တွေ့နိုင်ပါတယ်။ အသံအရည်အသွေးကောင်းပြီး backlit keyboard တွေ ပါဝင်သလို resolution ကလည်း 1600 x 900 ဒါမှမဟုတ် 1920 x 1080 နဲ့ ရနိုင်ပါတယ်။

– ဒေါ်လာ ၈၀၀ နဲ့အထက်ဆိုရင် စွမ်းဆောင်ရည်မြင့်ပြီး အလွယ်တကူ သယ်ဆောင်သွားနိုင်တဲ့ laptop တွေကို ရနိုင်ပါတယ်။ Resolution အလွန်မြင့်မားတဲ့ screen တွေနဲ့ လျင်မြန်တဲ့ processor တွေအပြင် discrete graphics တွေကို ရနိုင်ပါတယ်။ အလေးချိန်ကလည်း ပေါ့ပါးပြီး ဘက်ထရီသက်တမ်း ကြာရှည်တဲ့ ၁၃ လက်မ MackBook Air နဲ့ Dell XPS 13t တို့က ဒေါ်လာ ၁,၀၀၀ နဲ့အထက် ကုန်ကျနိုင်ပါတယ်။ စွမ်းဆောင်ရည်မြင့် gaming laptop တွေနဲ့ workstation တွေက ဒေါ်လာ ၁,၅၀၀ ကနေ ဒေါ်လာ ၃,၀၀၀ အထိ ရှိပါတယ်။

(၈) Brand ကို ကြည့်ပါ။

Laptop တစ်လုံးရဲ့ အရည်အသွေးဟာ ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ် မူတည်ပြီး ကောင်းမွန်ပါတယ်။ Support ပေးတဲ့  laptop brand တစ်ခု ဆိုရင်တော့ ပေး ရတာနဲ့ ထိုက်တန်တယ်လို့ ဆိုရမှာပါ။ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး Laptop brand စာရင်းမှာ Apple က ထိပ်ဆုံးမှာရှိပြီး Lenovo နဲ့ Asus တို့က အစဉ်အလိုက် ရပ်တည်နေပါတယ်။

Ref: LaptopMag