Predictive Text

Predictive text ဆိုသည်မှာ မိုဘိုင်းထုတ်ကုန် တစ်ခုပေါ်တွင် စာရိုက်သည့်အခါ စာလုံးများကို ခန့်မှန်းဖော်ပြပေးသည့် input နည်းပညာတစ်ခု ဖြစ်သည်။ စာလုံးများကို ခန့်မှန်းဖော်ပြခြင်းသည် message ရှိ အခြားသော စာလုံးများကို အခြေခံပြီး စာလုံးများ၏ ပထမစာလုံးကို ရိုက်လိုက်သည့်အခါတွင် ဖော်ပြပေးသည်။ ထို့အတွက်ကြောင့် end user များအနေဖြင့် လျင်မြန်စွာ စာရိုက်နိုင်သည့် လုပ်ဆောင်ချက်ကို predictive text က ထောက်ပံ့ပေးနိုင်သည်။

Apple သည် iOS 8 ကို ဖြန့်ချိရာတွင် QuickType ဟုခေါ်သော predictive text bar ကို ထည့်သွင်းခဲ့သည်။ QuickType တွင် machine learning component တစ်ခုပါဝင်သောကြောင့် custom dictionary များကို တည်ဆောက်နိုင်သည်။ ၎င်းသည် software က end user များ အနေဖြင့် ဘန်းစကားများ အသုံးပြုကာ ဆက်သွယ်မှုများ ပြုလုပ်ရာတွင် မှတ်သားထားနိုင်ပြီး စာလုံးခန့်မှန်းဖော်ပြမှုများကို ချိန်ညှိနိုင်သည်။ Android တွင် predictive text ကို ၂၀၁၂ ခုနှစ်က ဖြန့်ချိခဲ့သည့် Jelly Bean 4.1 မှ စတင်မိတ်ဆက်ပေးခဲ့သည်။

Predictive text အတွက် အစောဆုံး application များအနက် တစ်ခုမှာ T9 ဖြစ်သည်။ T9 သည် မိုဘိုင်းဖုန်းများနှင့် အခြားသော အရွယ်သေးငယ်သည့် ထုတ်ကုန်များပေါ်တွင် ခလုတ်များကို ကြိမ်ဖန်များစွာ နှိပ်ခြင်းဖြင့် စာရေးသားမှုကို အလွယ်တကူ ပြုလုပ်နိုင်စေခဲ့သည်။

Predictive text နည်းပညာများသည် ပိုမိုဆန်းသစ်လာခဲ့သော်လည်း အမှားအယွင်းများ ရှိနေသေးသည်။ ယခင် Apple ထုတ်ကုန်များရှိ predictive text သည် တစ်ခါတစ်ရံတွင် cooperation ဟူသော စာလုံးကို Cupertino ဟူ၍ ပြောင်းလဲ ဖော်ပြခြင်းမျိုးကဲ့သို့ စာလုံးအမှန်များကို မှားယွင်းနေသော စာလုံးများအဖြစ် အလိုအလျောက် ပြောင်းလဲဖော်ပြလေ့ရှိသည်။ ထိုသို့သော ဖြစ်စဉ်ကို Cupertino effect ဟု ခေါ်ဆိုကြသည်။