Bloodstone

bloodstone-.jpg

ခေတ်အဆက်ဆက် ပြောင်းလဲလာတာနဲ့အမျှ Dota ဟာ ယခင်ကထက် ပိုမိုကျယ်ပြန့်လာပြီး ရွေးချယ်စရာ ကစားကွက်တွေလည်း ပိုမိုများပြားလာခဲ့ပါတယ်။ Hero ပေါင်း ၁၁ဝ ကောင်နဲ့ ဖွဲ့စည်းထားတဲ့ Dota ဟာ Basic Item ပေါင်း ၆ဝ၊ Upgradeable Item ပေါင်း ၇၇ ခု ပါဝင်ပြီး ကစားပွဲတစ်ပွဲနဲ့ တစ်ပွဲ မတူညီတဲ့ Item ရွေးချယ်မှုပေါင်းများစွာကို ပြုလုပ်ရကာ တစ်ဖက်အသင်းကို
အနိုင်တိုက်ခိုက်နိုင်ဖို့ ဆုံးဖြတ်ချက်များစွာကို ချမှတ်ရပါတယ်။ တကယ်တမ်းတော့ Dota ကစားပွဲများဟာ နိုင်ငံတကာအားကစားတစ်ခုဖြစ်လာတဲ့အတွက် ကမ္ဘာအနှံ့ အပြားက ဝါသနာရှင်တွေကို မတူညီတဲ့ ရသတွေ ပေးစွမ်းနိုင်တဲ့ E-Sports တစ်ခုဖြစ်နေခဲ့ပါပြီ။

လက်ရှိ Teamfight Meta မှာတော့ Guardian Greave, Pipe of Insight, Crimson Guard တို့ဟာ အရွေးချယ်ခံရဆုံး Support Item များဖြစ်လာပြီး လူကြိုက်အများဆုံး Item ဖြစ်တဲ့ Black King Bar ဟာလည်း Situational Item တစ်ခုအဖြစ် ကျဆင်းသွားပါတယ်။ ရွေးချယ်စရာ Item တွေများလာတဲ့ Dota 2 မှာ Intelligence Carry Hero တွေ ရွေးချယ်လေ့ရှိတဲ့ Item တစ်ခုကို ကစားပွဲတိုင်းနီးပါးလောက်ကို မြင်တွေ့လာရပါတယ်။ အဲ့ဒီ့ Item ကတော့ Bloodstone ပဲ ဖြစ်ပါတယ်။ v6.42 မြေပုံကနေ စတင်ပါဝင်လာခဲ့တဲ့ Bloodstone ဟာ Frozen Throne Dota တုန်းက လူကြိုက်နည်းတဲ့ Item တစ်ခုဖြစ်ခဲ့ပြီး v6.63 အရောက်မှာတော့ လူစိတ်ဝင်စားလောက်မယ့် အပြောင်းအလဲလေးတွေနဲ့ Bloodstone ကို မြှင့်တင်ပေးခဲ့ပါတယ်။ Dota 2 ရောက်ပြီးနောက် v6.82 မှာတော့ Bloodstone ဟာ Soul Ring + Soul Booster + Recipe ပုံစံနဲ့စပ်ရတဲ့ Item ဖြစ်ခဲ့ရာကနေစပြီး လူကြိုက်များတဲ့ Item တစ်ခု စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ Dota မှာ ရှိသမျှ  Item တွေထဲမှာ အကျိုးသက်ရောက်မှု အများဆုံးနဲ့ အားသာချက်အများဆုံးရှိတဲ့ Bloodstone ဟာ မှတ်သားစရာ အချက်အလက်အများဆုံး Durable, Support, Healing, Magic Item တစ်ခုပဲဖြစ်ပါတယ်။

Bloodstone

ပတ္တမြားအရောင်အသွေးဖြင့် တောက်ပလျက်ရှိတဲ့ Bloodstone ဟာ တိုက်ပွဲတစ်ခုအတွင်းမှာ မှားယွင်းဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး သယ်ဆောင်ထားသူကို အဆုံးမရှိတဲ့ ရှင်သန်မှုနဲ့ စိတ်ဝိညာဉ်ကို ပေးအပ်ထားပါတယ်။

Soul Ring + Soul Booster + Recipe ဖြင့် ပေါင်းစပ်ပြီး  စုစုပေါင်းကုန်ကျစရိတ် 4900 Gold ရှိတဲ့ Bloodstone ကို စပ်ထားရုံနဲ့ ရရှိမယ့် Passive တွေကတော့ +9 Hp Regen, 200% Mana Regen, +500 Hp, +400 Mp ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စတင်စပ်လိုက်ကတည်းက Bloostone Charge ၈ ခုနဲ့ စတင်မှာဖြစ်ပြီး အဆိုပါ Charge တစ်ခုချင်းစီမှာ အားသာချက် များစွာ ရှိနေပါတယ်။

Self Profit

1 charge တစ်ခုစီတိုင်းမှာ +1 Mana Regen ရရှိနေမှာဖြစ်ပြီး နောက်ထပ်အားသာချက် ၂ ချက် ထပ်ရှိနေပါသေးတယ်။ Bloodstone ကိုင်ထားတဲ့ Hero သေသွားတိုင်းမှာ 1 charge တိုင်းအတွက် 25 gold ကုန်ကျစရိတ်သက်သာမှာဖြစ်ပြီး 1 charge တိုင်းအတွက် 4 seconds respawn time သက်သာဦးမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ 22 Charge ရှိတဲ့ Bloodstone ကို ကိုင်ထားတဲ့ Hero တစ်ကောင်ဟာ lvl 20 ရှိခဲ့မယ်ဆိုရင် ပုံမှန်အတိုင်း Respawn Time  81 seconds နဲ့ Gold Lost -600 Unreliable Gold ကို ဖြစ်ပေါ်စေပါမယ်။

Bloodstone မှာ ရှိတဲ့ Charge ၂၂ ခုဟာ Respawn Time 22 x 4 = 88 seconds သက်သာစေမှာဖြစ်ပြီး Gold Lost မှာလည်း 22 x 25 = 550 Gold ကို သက်သာစေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေမှာ မိမိ Hero သေခဲ့မယ်ဆိုရင် ပုံမှန် Respawn Time ထက် Bloodstone Reduce Time က ပိုများနေတဲ့အတွက် သေသွားတဲ့ အခါ စောင့်စရာမလိုဘဲ ချက်ချင်း ပြန်ပေါ် လာမှာဖြစ်ပြီး ကုန်မယ့် Gold ဟာလည်း 50 Gold တည်း ကုန်တော့မှာပါ။

ဒ့ါအပြင် မိမိသေသွားတဲ့ မြေကြီးပေါ်မှာ Bloodstone ဟာ Bloodmark  ဆိုတဲ့ အမှတ်အသားတစ်ခု ထားခဲ့မှာ ဖြစ်ပါတယ်။ မိမိဟာ Fountain ကနေ ပြန်ထွက်မလာမချင်း အဆိုပါ အမှတ်
အသားရဲ့ 1800 AoE အတွင်းမှာ Ground Vision ကို ရရှိနေမှာဖြစ်ပြီး အမှတ်အသားတစ်ဝိုက် 1200 AoE အတွင်းမှာ ဖြစ်ပေါ်သမျှ Enemy Dead တိုင်းကို မိမိ Hero ရှိနေသကဲ့သို့ Experience တွေလည်း ရရှိနေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မိမိသေနေတဲ့ အချိန်မှာပဲ ဒီအမှတ်အသား ဖြစ်ပေါ်မှာဖြစ်လို့ Bloodstone Charge တွေများပြီး ချက်ချင်းပြန်ပေါ်လာမယ့် အခြေအနေ မှာတော့ Bloodmark ဖြစ်ပေါ်မှာ မဟုတ်ဘဲ Bloodstone Hero သေသွားတိုင်းမှာသူ့မှာရှိတဲ့ Charge အရေအတွက်ရဲ့သုံးပုံပုံ တစ်ပုံတိတိလျော့သွားမယ့်အချက်ကို မေ့မထားသင့်ပါဘူး။

Team Profit

Bloodstone ကိုင်ထားတဲ့ Hero သေသွားတဲ့အခါမှာ သေသွားတဲ့နေရာရဲ့ 1675 AoE အတွင်းက Ally Hero, Units တွေ အားလုံးကို သွေးပြန် ပြည့်စေမှာ ဖြစ်ပါတယ်။ ပမာဏ ကတော့ 500 Hp + 1 Charge တိုင်းအတွက် 30Hp နှုန်းနဲ့ သွေးပြန်ပြည့်စေမှာပါ။ ဥပမာ 22 Charges ရှိတဲ့ Hero သေခဲ့ရင် 500 + (22×30) = 1160 Hp ကို 1675 AoE အတွင်းက Ally အားလုံး ကို သွေးချက်ချင်းပြည့်စေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိ Hero ကို မိမိဘာသာ Committed Suicide လုပ်လို့ရတဲ့ Pocket Deny ဟာလည်း v6.78 Patch ကနေစတင်ပြီး ပါဝင်လာခဲ့ပြီးဖြစ်လို့ မိမိရဲ့ အရေးကြီး အသင်းသား Carry တစ်ကောင်ကောင်ကို အသက်ဆက်စေဖို့ မိမိဘာသာ Suicide လုပ်ပြီး သွေးပြန်ဖြည့်ပေးနိုင်တဲ့ Support နည်းကိုလည်း လိုရင်လိုသလို အသုံးချပေးနိုင်ပါတယ်။ Pocket Deny ဟာ 300 Seconds Cooldown ရှိပါတယ်။

Bloodstone Count ကတော့ Bloodstone ကိုင်ထားတဲ့ Hero ရဲ့ 1675 AoE အတွင်းမှာ Enemy Hero တစ်ကောင် သေသွားတိုင်း 1 Charge တိုးလာမှာဖြစ်ပြီး အားသာချက်အနေနဲ့ 1675 AoE အပြင်ဘက်က Hero ကို မိမိကိုယ်တိုင် သတ်နိုင်ခဲ့မယ်ဆိုရင်လည်း (Sunstrike, Rocket Flare, Thunder God’s Wrath, etc…) Charge တိုးစေဦးမှာဖြစ်ပါတယ်။ Bloodstone ဟာ Urn of Shadow လိုမျိုး အနီးဆုံး တစ်ယောက်မှာသာ Charge တိုးတာမျိုးမဟုတ်လို့ မိမိ Team မှာ Bloodstone စပ်ထားတဲ့ Hero တစ်ကောင်ထက်ပိုခဲ့ရင်လည်း ကိစ္စမရှိဘဲ Charge ကို လွတ်လွတ်လပ်လပ် တိုးစေမှာ ဖြစ်ပါတယ်။

ယခင်က Initiator Hero တွေလောက်သာ ဝယ်ယူလေ့ရှိတဲ့ Blink Dagger ဟာ ယခုခေတ် မှာ Hero တိုင်းနီးပါးဝယ်နေကြတဲ့ Item တစ်မျိုးဖြစ်ခဲ့ပါပြီ။ Bloodstone ဆိုတဲ့ Item ဟာလည်း လူကြိုက် နည်းပါးခဲ့ပေမယ့် ခေတ်အပြောင်းအလဲမှာ ဆင့်ကဲပြောင်းလဲသွားမယ့် Meta တွေအရ Carry, Ganker, Initiator အားလုံးရွေးချယ်ဖို့ ကျယ်ပြန့်တဲ့ Item တစ်ခုဖြစ်လာနိုင်ပါတယ်။ မည်သို့ပင် ဆိုစေကာမှု မိမိနှစ်သက်သော ကစားကွက်သာလျှင် မိမိအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။