Padmate

Padmate-.jpg

Android ဖုန်းမျိုးစုံကို အရွယ်အစားမရွေးဘဲ တပ်ဆင်အသုံးပြုနိုင်သည့် Padmate အမည်ဖြင့် ပစ္စည်းတစ်မျိုးဈေးကွက်အတွင်းသို့ ဝင်ရောက်လာသည်။ လက်ကိုင်ဖုန်းမျိုးစုံကို အသာတပ်ဆင်ထား လိုက်ရုံဖြင့် အားပြန်သွင်းပေးနိုင်သည့်အပြင် Bluetooth စနစ်ဖြင့် ဆက်သွယ်ပြီး ဖုန်းပြောခြင်း၊ သီချင်းနားထောင်ခြင်းကိုပါ ပြုလုပ်နိုင်မည် ဖြစ်သည်။ Bluetooth v3.0 နှင့်ဖြစ်သည်။ Built in battery ပါဝင်ပြီး AC Adaptor ဖြင့် အားသွင်းကာ အသုံးပြုနိုင်မည် ဖြစ်သည်။ အထိုင်စက်တွင်ပါဝင်သော ဓာတ်ခဲဖြင့်လည်း မီးပျက်သည့်အခါမျိုးတွင် ၂၄ နာရီဆက်တိုက် အသုံးပြုနိုင်သည့်အတွက် များစွာအသုံးဝင်မည် ဖြစ်သည်။ ၁၀ မီတာပတ်လည်အတွင်း Bluetooth စနစ်ဖြင့် အဆင်ပြေစွာဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ တန်ဖိုးမှာ ကျပ် ၅ဝ,ဝဝဝ ဖြစ်ပြီး Mobile King ဖုန်း – ၅၄၂၀၂၀ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။