Moji Keyboard

Moji.jpg

Moji Keyboard သည် ပုံမှန်တွေ့ မြင်နေကျ Emoji များအပြင် အဆိုပါ Keyboard App တွင် Emoji ပေါင်း ၉,၀၀၀ ကျော်နှင့် Animated Sticker များစွာလည်း ပါဝင်မည်ဖြစ်သည်။ အပတ်စဉ် Update ပြုလုပ်ပေးနေမည့် အဆိုပါ Moji Keyboard သည် လူမှုကွန်ရက်များဖြစ်သည့် Facebook Messenger, Instagram တို့တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသော Icon များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ Keyboard App ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၀.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 7.0 နှင့် အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။