Apple Device တွေနဲ့ Download လုပ်မယ်ဆိုရင်

7.jpg

Apple Device တွေနဲ့ Download ပြုလုပ်ချင်တဲ့သူတွေ အတွက်တော့ ဒီဆော့ဖ်ဝဲဟာ အသုံးပြုရတာ အဆင်ပြေပါလိမ့်မယ်။ ဆော့ဖ်ဝဲရဲ့ နာမည်ကတော့ iDownloader ပါ။ ဆော့ဖ်ဝဲရဲ့ Icon ကတော့ ခုလိုပုံစံမျိုး ရှိပါတယ်။

ဆော့ဖ်ဝဲကို ဖွင့်လိုက်ရင်တော့ ခုလိုမျိုး မြင်ရပါလိမ့်မယ်။

အောက်ဘက်မှာ အသုံးပြုနိုင်မယ့် စနစ်တွေ တန်းစီပြီးရှိနေတာ မြင်တွေ့ရပါလိမ့်မယ်။ Browser, Download, Files, Playlists, Settings အစရှိတဲ့ စနစ်တွေကို မြင်တွေ့ရပါလိမ့်မယ်။ Browser ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရ ပါလိမ့်မယ်။

အထက်မှာမြင်ရမယ့် Browser ဘားတန်းထဲမှာ ကိုယ် Download ပြုလုပ်ချင်တဲ့ ဝက်ဘ်ဆိုက် လိပ်စာကို ရိုက်ထည့်ပြီး ဝက်ဘ်ဆိုက်တွေ ပေါ်ကနေတိုက်ရိုက် Download ပြုလုပ်နိုင်ပါတယ်။

Download ဆိုတဲ့ စနစ်ကိုနှိပ် လိုက်ရင်တော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ Download ပြုလုပ်နေတဲ့ ဖိုင်ကို ပြသနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကိုယ် Download ပြုလုပ်နေသမျှ ဖိုင်အားလုံးကို မြင်တွေ့နိုင်ပါတယ်။

နောက်ထပ် စနစ်တစ်ခုဖြစ် တဲ့ File ဆိုတဲ့ စနစ်ထဲကိုဝင်လိုက် ရင်တော့ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။

ဒါကတော့ Download ပြု လုပ်လို့ ရထားတဲ့ ဖိုင်တွေကို ပြသထားတဲ့ နေရာဖြစ်ပါတယ်။ ဒီနေရာကနေပြီး ဖိုင်တွေကို တိုက်ရိုက်ဖွင့်ပြီး ကြည့်နိုင်သလို အခြားနေရာတွေဆီကိုလည်း ရွှေ့ပြောင်းပြီး ထားနိုင်ပါတယ်။

File ရဲ့ဘေးနားမှာရှိနေတဲ့ Playlists ဆိုတဲ့စနစ်ကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ကိုယ်ကြည့်ရှုမယ့် ဖိုင်တွေရဲ့စာရင်းပဲ ဖြစ်ပါတယ်။

Settings  ဆိုတဲ့ထဲကို ဝင်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရ ပါလိမ့်မယ်။

ဒါကတော့ ဆော့ဖ်ဝဲမှာ ပါဝင်နေတဲ့ အသုံးပြုနိုင်မယ့်စနစ်တွေ ရှိနေတဲ့နေရာ ဖြစ်ပါတယ်။ ဒါကတော့ အောက်ဆုံး ဘားတန်းက စနစ်တွေဖြစ်ပြီး အပေါ်မှာ ဒုတိယ ဘားတန်းလေးတစ်ခု ရှိနေပါသေးတယ်။ အဲဒီ ဒုတိယ အပေါ်ဘားတန်း ထဲမှာတော့ အသုံးပြုနိုင်မယ့် စနစ်သုံးခု ရှိနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ပထမဆုံး Download သင်္ကေတပုံစံ လေးထောင့် ကွက်လေးကို နှိပ်လိုက်ရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

ဒါကတော့ Download ပြုလုပ်ခြင်းတွေကို ပြသပေးတဲ့နေရာ ဖြစ်ပါတယ်။

နောက်ထပ် စနစ်တစ်ခုဖြစ်တဲ့ စာအုပ်လှန်ထားတဲ့ သင်္ကေတပုံစံလေးကို နှိပ်လိုက်ပါ။ ဒီစနစ်ကတော့ ကိုယ်အသုံးပြုခဲ့တဲ့ History နဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အချက်အလက်တွေကို မှတ်သားထားနိုင်တဲ့ နေရာဖြစ်ပါတယ်။ ခုလိုမြင်ရ ပါလိမ့်မယ်။