Asus Fonepad 7 K012

giant_23444.jpg

အားသာချက်

အင်တာနက် သုံးစွဲမယ့် သူတွေအတွက် 3G ရော 2G ပါ အထောက်အပံ့ပေးနိုင်တဲ့ Dual SIM Slot ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Intel Processor ကို အသုံးပြုထားတာကြောင့် လုပ်ငန်းပိုင်း လုပ်ဆောင်မှုမှာ ပိုမိုကောင်းမွန်တာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အားနည်းချက်

ကင်မရာပိုင်းမှာ Megapixel များတဲ့ ကင်မရာကို အသုံးပြုထားတာ မဟုတ်တဲ့အတွက် ကင်မရာ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ကတော့ သိပ်စိတ်တိုင်းကျ စေမှာမဟုတ်ပါဘူး။

သုံးသပ်ချက်

သယ်ဆောင်ရ လွယ်ကူပြီး ခရီးမကြာခဏ သွားတတ်တဲ့ သူများအတွက်တော့ အသုံးဝင်မယ့် Tablet အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဒီ Tablet ဟာ Intel Atom Processor ကို အသုံးပြုထားတာ ဖြစ်တဲ့အတွက် လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ပိုမိုပြီးအဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်သလို၊ RAM ကလည်း စွဲမက်ဖွယ်ဖြစ်အောင် စီစဉ်ပေးထားပါတယ်။

အသေးစိတ်ဖော်ပြချက်

Intel Atom Z2560 Processor ကိုအသုံးပြုထားပြီး Processor ရဲ့ အမြန်နှုန်းကတော့ 1.6 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို2GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ ဂိမ်းကစားတာကို နှစ်သက်သူများ အတွက်ကတော့ Power VR FGX544 Graphics Chipset ကိုအသုံးပြု ပေးထားပါတယ်။ Tablet ကိုအသုံးပြု နိုင်ဖို့အတွက် အသုံးပြုထားတဲ့ OS ကတော့ Android 4.4.2 ဖြစ်တဲ့ Kitkat  Version ကိုအသုံးပြု ထားပါတယ်။ LCD Backlight WSVGA Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1024 x 600 resolution ရှိမှာ ဖြစ်ပါတယ်။

Screen အရွယ်အစားမှာ ၇ လက်မ ခန့်သာ ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အရှေ့ဘက် ကင်မရာက 0.3 Megapixels ရှိမှာဖြစ်ပြီး Rear Camer ကတော့ 2 Megapixels သာရှိမှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Li-polymer ဘက်ထရီကို အသုံးပြုထားပြီး BatteryLife ကို 10hours ပေးထားပါတယ်။

ဒီဇိုင်း

ကျစ်လစ်တဲ့ ဒီဇိုင်းသွင်ပြင်နဲ့ စီစဉ်ဖန်တီးထားတဲ့ Asus Fonepad 7 K012 Tablet ဟာ မြင်ရတဲ့သူများ မျက်စိကျစေမယ့် ဒီဇိုင်းပုံစံနဲ့ ထုပ်လုပ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Tablet ရဲ့ မျက်နှာပြင် အပေါ်ဘက်မှာ Speaker နဲ့ ကင်မရာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆက်သွယ်ဝယ်ယူနိုင်မည့် လိပ်စာ – T-Land IT, Digital & Mobile ၊
ဖုန်း – ၃၈၂၈၆၈
တန်ဖိုး – ၁၄၀,၀၀၀ ကျပ်