Windows 8.1 တွင် System Restore အတွက်နေရာ သတ်မှတ်ပေးခြင်း

configure-system-restore-turn-off-system-restore.jpg

Windows System Restore နည်းပညာဟာ Windows XP ကတည်းက စတင်ထည့်သွင်းထားတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။  ယခုဖော်ပြ ပေးမှာကတော့ Windows 8 နဲ့ 8.1 ကို အသုံးပြု သူတွေအတွက် System Restore ပြုလုပ်ထားနိုင်မယ့် နေရာကို ကိုယ်နှစ်သက်သလို ပြင်ဆင်ထားနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Windows 7 ကနေ Windows 8.1 အထိ ကွန်ပျူတာစနစ် တစ်ခုခုဖြစ်ပါက System Restore ကနေပြန်လည် ပြင်ဆင်နိုင်စေရန်အတွက် Restore Point ပြုလုပ်ပြီး သိမ်းဆည်းထား နိုင်ပါတယ်။

Windows 8 နဲ့ 8.1 တို့မှာတော့ System Restore ပြုလုပ် သိမ်းဆည်းနိုင်မယ့် Point တွေကို ကိုယ်လိုအပ်တဲ့ ပမာဏလောက်ထားပြီး သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ System Restore အတွက် Configure ပြုလုပ်မယ်ဆိုရင် Win  +  X ကိုနှိပ်ပြီး System ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ System ကိုရွေးချယ် ပြီးသွားပြီဆိုရင် System ဆိုတဲ့ Box တစ်ခုကျလာမှာ ဖြစ်ပါတယ်။ ဘယ်ဘက်ထောင့်ကို ကြည့်လိုက်ရင် System Protection ဆိုတာကို ထပ်မံပြီးနှိပ်ရမှာ ဖြစ်ပါတယ်။

System Protection ဆိုတာကို နှိပ်လိုက်ရင် System Properties ဆိုတဲ့ Box ကျလာမှာဖြစ်ပြီး ကိုယ့်ရဲ့ကွန်ပျူတာ အတွင်းမှာရှိတဲ့ Hard Disk Partition တွေကို ဖော်ပြနေမှာ ဖြစ်ပါတယ်။ System Restore ပြုလုပ်မှာ ဖြစ်တဲ့အတွက် Drive C: ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Drive C: ကို Select ပြုလုပ်ပြီးပြီဆိုရင် Configure ဆိုတဲ့ Button ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ Configure Button ကို နှိပ်ပြီးရင် Turn on system protection ဆိုတာကိုပါ ရွေးချယ်ပေးထားရမှာ ဖြစ်ပါတယ်။

Restore Point အတွက်ကတော့ Disk Space မှာ Max Usage ကို ကိုယ်လိုအပ်သလို အတိုးအလျှော့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ Hard Disk က သိမ်းဆည်းနိုင်တဲ့ ပမာဏ များတယ်ဆိုရင် ပိုပေးထားနိုင်ပြီး သိမ်းဆည်းနိုင်မှု ပမာဏ နည်းပါးတယ် ဆိုရင်တော့ Restore Point ကို အများကြီး မသတ်မှတ်သင့်ပါဘူး။ အကယ်၍ ကိုယ့်ဆီမှာ ရှိနေတဲ့ System Restore Point တွေကြောင့် သိမ်းဆည်းနိုင်တဲ့ နေရာတွေ အများအပြား နေရာယူနေတယ်ဆိုရင် Delete ဆိုတဲ့ Button ကိုနှိပ်ပြီး ဖယ်ရှားရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။