Linux ကွန်ပျူတာများကို အဝေးမှနေ၍ အလွယ်တကူ ချိတ်ဆက်နိုင်ရန် Windows လုပ်ဆောင်မည်

linux-penguin-ap-photo.jpg

Windows နှင့် Linux အခြေခံ ကွန်ပျူတာများ အချင်းချင်း လွယ်ကူစွာ ချိတ်ဆက်နိုင်ရန်အတွက် Secure Shell protocol နှင့် shell sessions ဟုခေါ်ဆိုသည့် SSH ထောက်ပံ့မှုများပေးရန် Power Shell အဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း Microsoft က ထုတ်ပြန်ခဲ့သည်။

လက်ရှိ Windows နှင့် Linux ကွန်ပျူတာအကြား လုပ်ဆောင်ချက်များသည် အကန့်အသတ်သာ ရှိသေးပြီး ၎င်း feature အသုံးပြု နိုင်မည့်အချိန်ကိုပြောရန် စောနေသေးကြောင်း Microsoft ၏ ဆော့ဖ်ဝဲ အင်ဂျင်နီယာ အိန်ဂျယ်ကယ်ဗို ကပြောဆိုခဲ့သည်။  ထိုသို့ပြောင်းလဲမှုသည် ခေါင်းဆောင်မှုနှင့် ယဉ်ကျေးမှုများကို ပြောင်းလဲပစ်နိုင်ကြောင်း ကယ်ဗိုက မှတ်ချက်ပေး ပြောကြားခဲ့သည်။  Microsoft ၏အမှုဆောင် အရာရှိချုပ် ဆတ်ရာနာဒယ်လာသည် ယခင်အကြီးအကဲများထက် ကုမ္ပဏီ၏ ဝန်ဆောင်မှုများကို platform တိုင်းတွင်အသုံးပြု လာစေမည့် လုပ်ဆောင်ချက်များကို စိတ်ဝင်စားမှု ရှိနေသည်။

SSH ထောက်ပံ့မှုသည် Linux ၏ပတ်ဝန်းကျင်အတွင်း Microsoft ၏နည်းပညာများ လွယ်ကူစွာ ပေါင်းစပ်လာနိုင်မည် ဖြစ်သည်။

Ref : Engadet