Computex 2015 တွင် ထုတ်ကုန်သစ်များကို Microsoft မိတ်ဆက်

mscomputexkeynote2015-34.jpg

Microsoft သည် Windows 10 အတွက် ရည်ရွယ်ကာ ဖန်တီးထားသည့် Asus, Toshiba နှင့် FoxConn တို့မှထုတ်လုပ်ခဲ့သော ထုတ်ကုန်များကို Computex 2015 ပြပွဲ၌ မိတ်ဆက်ခဲ့သည်။

အဆိုပါ ထုတ်ကုန်များသည် Computex 2015 ပြပွဲတွင် Microsoft ကမိန့်ခွန်း ပြောကြားခဲ့ပြီးနောက် ထုတ်ဖော်ပြသ ခဲ့ခြင်းဖြစ်သည်။ Microsoft ၏မိန့်ခွန်းတွင် Windows 10 တွင် ပါဝင်လာမည့် Cortana, Edge နှင့် Windows Hello များအကြောင်းကို ကုမ္ပဏီ၏ ပူးပေါင်းရေးဆိုင်ရာ ဒုဥက္ကဌ နစ်ခ်ပါကာက အဓိက ပြောကြားခဲ့သည်။ ယခုမိတ်ဆက်ခဲ့သည့် ထုတ်ကုန်အချို့သည် Windows 10 ထွက်ရှိ လာသောအခါတွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်နိုင်ပြီး ထုတ်ကုန်သစ်အတွင်း operating system သစ်အတွက် အထူးပြုလုပ်ထားသော feature   အချို့ ပါဝင်ကြောင်း ပါကာက ပြောကြားခဲ့သည်။

Microsoft သည် Computex 2015 ပြပွဲတွင် ထုတ်ကုန်သစ် ၉ မျိုးပြသခဲ့ပြီး ၎င်းတို့ထဲတွင် all-in-one PC, tablet အပြင် tablet သို့မဟုတ် PC အဖြစ်ပြောင်းလဲ အသုံးပြုနိုင်သော ထုတ်ကုန်နှင့် ကွန်ပျူတာပုံစံ အလွန်သေးငယ်သော ထုတ်ကုန်များ ပါဝင်သည်။

ပြပွဲတွင် မိတ်ဆက်ခဲ့သော all-in-one ထုတ်ကုန်နှစ်ခုမှာ အထူ ၁.၄ လက်မရှိ Acer Z3-710 နှင့် Asus Zen AiO Z240 တို့ဖြစ်သည်။ Acer သည် ဘက်ထရီ ပါဝင်သော အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် all-in-one ထုတ်ကုန်တစ်မျိုး ဖြစ်သည်။ ထို့အပြင် Asus မှနှစ်မျိုး ပြောင်းလဲအသုံးပြုနိုင်သော laptop ဖြစ်သည့် Trans-former Book T100HA ကို ထုတ်လုပ်ထားသည်။ ၎င်း၏ကီးဘုတ်များသည် အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်သလို အလေးချိန်မှာ ၅၈၀ ဂရမ်ရှိပြီး အထူမှာ ၈.၄၅ မီလီမီတာ ရှိသည်။ HP x2 ထုတ်ကုန်ကိုလည်း မိတ်ဆက်ပြသခဲ့ပြီး သံလိုက်ကီးဘုတ်ဖြင့် အလွယ်တကူ ဖြုတ်နိုင်၊ တပ်နိုင်ကာ tablet အဖြစ် အသုံးပြုနိုင်သော ထုတ်ကုန်အဖြစ် ဖော်ပြခဲ့ကြသည်။ x2 ထုတ်ကုန်သစ်တွင် Bang နှင့် Olufsen စပီကာအပြင် သတ္တုကိုယ်ထည်ဖြင့် ဖန်တီးထားသည်။

Dell XPS 15 သည်လည်း ပွဲဦးထွက် ပြသရာတွင် ပါဝင်ခဲ့ပြီး ၎င်းတွင် XPS 13 ကဲ့သို့ အနားသတ်များ မပါဝင်သော InfinityEdge display ပါဝင်သည်။ Toshiba မှလည်း 4K display အသုံးပြုထားပြီး Cortana ထောက်ပံ့မှုနှင့် Windows Hello အတွက် မျက်နှာခြေရာခံမှုများ ပြုလုပ်ပေးမည့် ကင်မရာပါဝင်သည့် two-in-one ထုတ်ကုန်ကိုလည်း မိတ်ဆက်ခဲ့သေးသည်။ FoxConn Kangaroo သည် Google Chromecast ကဲ့သို့ HDMI port အတွင်း Quanta Compute Plug slot များ ထည့်သွင်းကာ တီဗွီဖြင့်တွဲဖက်၍ desktop PC အဖြစ် အသုံးပြုနိုင်သည့် ထုတ်ကုန်ဖြစ်သည်။ ၎င်းထုတ်ကုန်သည် အလွန်အမင်း ပေါ့ပါးပြီး ဘက်ထရီ ပါဝင်သော ထုတ်ကုန် တစ်မျိုးဖြစ်ကြောင်း သိရသည်။

Ref : CNET