Google I/O 2015 အနှစ်ချုပ် ကြေညာစာတမ်း

Fig-1-.jpg

အမေရိကန်နိုင်ငံ ကယ်လီဖိုး နီးယားပြည်နယ် ဆန်ဖရန်စစ္စကို မှာ Google အနေနဲ့ ဆော့ဖ်ဝဲ ရေးသား တီထွင်သူများကို ဖိတ်ခေါ်ပြီး Google I/O ဆိုတဲ့ ညီလာခံ တစ်ခုကို ၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ကျင်းပလာခဲ့တယ်။ ၂၀၁၅ ခုနှစ် မေလ ၂၈၊ ၂၉ နေ့ရက်များမှာ လည်း Google I/O 2015 ကို ကျင်းပ ဖြစ်ခဲ့ပါတယ်။ Google I/O လို့ သတ်မှတ်ခဲ့တာကတော့ I နဲ့ O က input နဲ့ output ကို ကိုယ်စားပြုစေတယ်လို့ ဆိုညွှန်းခဲ့သလို Innovation in the Open ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်စေ ပါတယ်လို့ နားလည်ထားကြတယ်။ ယေဘုယျ သဘောအရ ဒီလိုနှစ်စဉ်ကျင်းပတဲ့ပွဲက Google Developer Day ကို ကိုယ်စားပြုတယ်လို့ ဆို နိုင်ပါတယ်။ Google ရဲ့ Web တို့ Mobile တို့ Enterprise Application တို့နဲ့ ပတ်သက်ပြီး ဆော့ဖ်ဝဲတီထွင်သူများက ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း အသုံးချနိုင်စေမယ့် အင်္ဂါရပ်တွေ ဖြည့်ဆည်းနိုင်စေဖို့ ဆော့ဖ်ဝဲတီထွင် ရေးသားသူများကို Google ရဲ့ အခြေခံလမ်းကြောင်းသစ်တွေကို ချပြရင်း ဖိတ်ခေါ်ယူတဲ့ သဘော ဖြစ်တယ်။

Google I/O 2015 ရဲ့ ထုတ်ဖော် ကြေညာဆွေးနွေးကြတဲ့ အကြောင်းအရာ အများစုက မကျင်းပမီ တစ်လအလိုက ခန့်မှန်းတွက်ချက်ထားတဲ့ အကြောင်းအရာ ဖြစ် တယ်။ လွန်ခဲ့တဲ့ ၃ လလောက်က Apple TU နဲ့ iOS system တို့ အတွက် လမ်းဖွင့်ပေးခဲ့တဲ့ HBO Now အနေနဲ့ အခုအခါ Google Play ကိုပါ အသ့င်ဖြစ်ပါပြီ လို့ ကြေညာခဲ့တဲ့ အကြောင်းအရာကို ပထ မဆုံး ဖွင့်လှစ်ခဲ့တယ်။ HBO Now ဆိုတာ ကေဘယ်လ်နဲ့ရော ဂြိုဟ်တု ကွန်ရက်ကရော  ဗီဒီယိုများကို လစဉ်ကြေးပေး သွင်းပြီး ကြည့်နိုင် တဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းလုပ်ငန်း ဖြစ်တယ်။ HBO Now ကို ၂၀၁၄ ခုနှစ်အောက်တိုဘာလကစပြီး အမေ ရိကန်နိုင်ငံ နယူးယောက်မှာ ရုံးချုပ်ထားရှိပြီး လုပ်ကိုင်လာခဲ့တယ်။ Google ကုမ္ပဏီက Sundar Pichai က HBO နဲ့ ပတ်သက်တဲ့ စီမံချက်အားလုံးကို အတည်ပြု ပြောကြား သွားတယ်။ ဗြိတိန်နိုင်ငံ အတွက်လည်း သဘောတူ စာချုပ်ချုပ်ပြီးပြီဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့တယ်။

အဖွင့်မိန့်ခွန်းမှာ Android ရဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒုဥက္ကဋ္ဌ ဖြစ်သူ Dave Burke က Android M လည်ပတ်စနစ်အသစ် အ ကြောင်းကို ထည့်သွင်းပြောကြား သွားတယ်။ လောလောဆယ် Android M လို့ ခေါ်ဆိုပြောကြား နေပေမယ့် နှစ်ကုန်ခါနီးရောက်တဲ့ အချိန် လက်တွေ့ချပေးတဲ့အခါ Android Milkshake လို့ ပြောဆို သတ်မှတ်နိုင်ဖွယ် ရှိတယ်။ Android M မှာ Android Pay ပါ  ဝင်လာမှာ ဖြစ်သလို USB-C Support လည်း ပါရှိပါလိမ့်မယ်။ ၂၀၁၅ ခုနှစ်ရဲ့ တတိယသုံးလပတ် မှာ Nexus 5 တို့ Nexus 6 တို့ 9 တို့နဲ့ အတူ Android M ပါ ရှိလာမှာ ဖြစ်တယ်။ ဒါ့အပြင် fingerprint support ကိုလည်း ထည့်ပေးလိမ့်မယ်။ USB-C Support ပါရှိတာကြောင့် ဘက်ထရီ အားသွင်းတဲ့ နေရာမှာ အလွန်မြန်ဆန်တဲ့ အကျိုးအာနိသင်ရရှိ နိုင်တယ်။ Android Pay က Mobile Payment System ဖြစ်တယ်။ အမေရိကန်နိုင်ငံရဲ့ အရောင်းဆိုင် ပေါင်း ခုနှစ်သိန်းလောက်နဲ့ စတင်လုပ်ကိုင်ခွင့်ရလိမ့်မယ်လို့ သိရ တယ်။ အလွန်အသေးစိတ် လာ မယ့် ငွေပေးချေမှုစနစ်လို့ ညွှန်းဆိုနိုင်ပါလိမ့်မယ်။

Google I/O 2015 မှာအကြီး အကျယ် ကြေညာသွားတဲ့ အကြောင်းအရာ တစ်ခုကတော့ Project Brillo ဖြစ်တယ်။ စမတ်ကိရိယာတွေအတွက် အထူးစီမံ လုပ်ကိုင်ခဲ့ပြီး UniversalStandard အစစ်အမှန်ဖြစ်စေမယ်လို့ ဆိုညွှန်းထားတယ်။ စမတ်ကိရိယာ တွေဆိုရာမှာ Internet of Things (IoTs) များကို ပြောဆိုလို တာ ဖြစ်တယ်။ နောင်နှစ်အနည်းငယ်အတွင်း IoTs အသုံးပြုစရာတွေ အဆမတန် များပြားလာမှာ ဖြစ်တာကို ရည်မှန်းပြီး တီထွင်လုပ်ကိုင်ခဲ့တာ ဖြစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Sundar Pichai က ရှင်းပြတယ်။ အိမ်အဆောက်အဦးအတွင်း ရှိနေကြတဲ့ အီလက်ထရွန်နစ် ကိရိယာတွေ အချင်းချင်း မတူညီတဲ့ Language တွေနဲ့ မတူညီတဲ့ ကြိုးမဲ့ Protocols တွေကို အသုံးပြုပြီး တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြောဆို အသိပေးစေကာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြမယ်။

 အသစ်စက်စက် မိတ်ဆက် လာတဲ့ Google Photos အသုံးချ ပရိုဂရမ်ကလည်း အလွန်အသုံးဝင်စေပြီး စိတ်ဝင်စားဖွယ်ရာ ကောင်းလှတယ်။ Resolution 16 Megapixels အထိ ရှိတဲ့ ဓာတ်ပုံတွေ၊ 1080p အရည်အသွေးရှိတဲ့  ဗီဒီယိုတွေကို အခမဲ့ အကန့်အသတ်မရှိ သိမ်းဆည်း ထားသိုခွင့်ပြုပေးတဲ့ အပြင် အလိုအလျောက် ဖွဲ့စည်း ထားရှိပေးလိမ့်မယ်။ Twitter တို့ Instagram တို့လို လူမှုကွန်ရက် ဆိုရှယ်မီဒီယာဆီကိုလည်း မျှဝေရာမှာ Google Photos app က လုပ် ဆောင်ပေးမှာ ဖြစ်တယ်။ လက်ရှိစုဆောင်းရရှိထားပြီးတဲ့ ဓာတ်ပုံတွေကို လိုအပ်သလို အလင်းအမှောင်ချိန်ညှိခြင်း၊ ဖြတ်တောက်ခြင်းစတဲ့ တည်းဖြတ်မှုတွေကို ပြုလုပ်နိုင်ပါသေးတယ်။

Google Cardboard အသစ် ကို မိတ်ဆက်ပေးခဲ့ပုံကလည်း Google I/O 2015 ရဲ့ ထူးခြား ချက်တစ်ခု ဖြစ်နေစေပြန်ပါတယ်။ Android နဲ့ သာမက iOS နဲ့ လည်း လိုက်လျောညီထွေ အသုံးပြုနိုင် တယ်လို့ ဆိုညွှန်းခဲ့တယ်။ Google Cardboard တွေ ကမ္ဘာ့ဈေးကွက် မှာ ၁ သန်းခန့် ရောင်းချထားပြီး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ Android နဲ့သာ အသုံးပြုခွင့်ရတာဖြစ်တဲ့ အတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် VR video တွေကို ကြည့်နိုင်ဖို့ iPhone နဲ့ အသုံးချနိုင်မယ့် Google  Card-board အသစ်ကို မိတ်ဆက်ပေးလိုက်တာ ဖြစ်တယ်။ VR Video နဲ့ပတ်သက်ပြီး GoPro နဲ့ ပူးတွဲပြီး Jump kids ကို ၂၀၁၅ ခုနှစ် နှောင်းပိုင်းမှာ ထုတ်လုပ်ရောင်းချတော့ မယ်ဆိုတဲ့ ကြေညာချက်လည်း  ပြုလုပ်ခဲ့ပါသေးတယ်။

နောက်ဆုံး Project Jacquard ကိုလည်း Google ရဲ့developers တွေကို ခင်းပြခဲ့တယ်။ ၀တ်စားတန်ဆာ နည်းပညာအတွက် Google Parts များကို ထုတ်လုပ်ပေးလိမ့်မယ်။ ဘောင်း ဘီအထည်စထဲမှာ Conductive Fabric များ ထည့်သွင်းထားပြီး ချုပ်လုပ် ဝတ်ဆင်နိုင်ကြစေမှာ ဖြစ်တယ်။ အဝတ်အထည်ကစ touchscreen အရည်အချင်း ရရှိ ဖို့ ကြိုးစားအားထုတ်ချက်လို့ ဆိုရ ပါလိမ့်မယ်။ Wearable Technology လောကအတွက် ပြီးခဲ့တဲ့ နှစ်အနည်းငယ်က မိတ်ဆက်ပေး ခဲ့တဲ့ Google Glass ထက်ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ကြရတယ်။ Project Jacquard အနေနဲ့ ဘယ်လိုပုံတွေ ဖော်ကျူးမယ်ဆိုတာ ပုံစံအထင်အရှား မတွေ့မြင်ရကြသေးပေမယ့် Google I/O 2015 ပွဲကို တက်ရောက်သူတိုင်း အ တွက်တော့ ကြည်နူးမှန်းဆစရာ အတွေးအိမ်မက်များ ရသွားစေတာ အမှန်ဖြစ်ပါတော့တယ်။