University of West of England, Bristol မှ ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများကို မြန်မာကျောင်းသား၊ ကျောင်းသူများရရá€

UWE.jpg

ယူကေ ထိပ်တန်းတက္ကသိုလ် ဖြစ်သော University of West of England, Bristol မှ ပေးအပ်မည့် ကျောင်းဝင်ခွင့်နှင့် ပညာသင်ဆုများကို မြန်မာနိုင်ငံမှ ကျောင်း သား၊ ကျောင်းသူ ၆ ဦး ရရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းသား၊ ကျောင်းသူများမှာ ကိုမင်းကျော်သူ၊ ကိုပိုင်ကိုကို၊ ကိုဝေမိုးလွင်၊ ကိုစမ်းမောင်ဦး၊ မမေမျိုး၊ ကိုပြည့်အောင်တို့ဖြစ်ကြပြီး GUSTO International College တွင် တက်ရောက်ကာ UK’s edexcel မှ ချီးမြှင့်သည့် Higher National Diploma ကို လက်ခံရရှိပြီးသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်
ကြောင်း သိရသည်။
“GUSTO မှာ တက်ရောက်ခဲ့တဲ့ ၂ နှစ်တာကာလမှာ အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ ပျော်ရွှင်ရတဲ့ အချိန်တွေရှိသလို ရုန်းကန်ရတဲ့အချိန်တွေလည်း ပါ
ပါတယ်ခင်ဗျ။ အထူးသဖြင့် Assignment လုပ်ခဲ့တဲ့ အချိန်တွေပေါ့။ GUSTO ရဲ့ Facilities နဲ့ ဝန်ဆောင်မှုအပိုင်းကတော့ ပြောစရာ မလိုပါဘူး ခင်ဗျ။ ကျောင်း အနေနဲ့ အကောင်းဆုံး ထောက်ပံ့မှုတွေ ပေးထားတယ်။ Resourse တွေကလည်း Online resource, Offline resource တွေပေးထားတဲ့အတွက် စာသင် ယူတဲ့နေရာမှာ Perfect ပါပဲ။ ဒါ့အပြင် Academic Research လုပ်တဲ့အခါမှာလည်း  format ကျကျ လုပ်တတ်သွားတယ်။ Plagiarism မထိအောင် ဘယ်လို reference လုပ်ရမယ်ဆိုတွေလည်း သိခွင့်ရခဲ့တယ်” ဟု GUSTO မှ UWE သို့ ကျောင်းဝင်ခွင့်ရရှိသူ တစ်ဦးဖြစ်သော ကိုဝေမိုးလွင်က ပြောသည်။

ထိုကျောင်းသား၊ ကျောင်းသူ ၆ ဦး သည် University of West of England, Bristol မှ B.Sc (Hons:) Computing ၏ နောက်ဆုံးတစ်နှစ်ကို Top_Up တက်
ရောက် သင်ကြားရန် ကျောင်းဝင်ခွင့် ရရှိသည့်အပြင် ပညာသင်ထောက်ပံ့ကြေးအဖြစ် ကျောင်းသားတစ်ဦးစီလျှင် စတာလင်ပေါင်၁,၅၀၀ စီ ထောက်ပံ့ပေးမည် ဖြစ်
ကြောင်း သိရသည်။