Microsoft ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဥပဒေနှင့် ကော်ပိုရိတ်ရေးရာ ဒါရိုက်တာ Dr.Astird S.Tuminez နှင့် တွေ့ဆုံခြ

IMG_3261.jpg

Microsoft ၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ဥပဒေနှင့် ကော်ပိုရိတ်ရေးရာ ဒါရိုက်တာ Dr.Astird S.Tuminez နှင့် နည်းပညာသတင်းထောက်အချို့တို့ မေလ (၂၈) ရက်နေ့ က နေပြည်တော်တွင် တွေ့ဆုံခဲ့သည်မှ ပြောကြားချက်၊ မေးမြန်းဖြေကြားချက်များ ဖြစ်ပါသည်။

မေး- Microsoft က Cyber လုံခြုံရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် ဆောင်ရွက်ချက်တွေကို သိလိုပါတယ်။

ဖြေ- Microsoft အနေနဲ့ Cyber လုံခြုံရေးနဲ့ပတ်သက်ပြီး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။ အဲဒါတွေထဲက တစ်ခုကတော့ ပညာရေးလုပ်ငန်းတွေမှာ Cyber နဲ့ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေလုပ်သွားမှာပါ။ ဆောင်ရွက်တဲ့အခါ အစိုးရအနေနဲ့ ပါဝင်ပတ်သက်မှုကလည်း အရေးကြီးပါတယ်။ ဥပမာအားဖြင့် Cyber Security Law က ဘယ်မှာလဲ။ အဲဒါတွေလည်း လိုအပ်တယ်။ နောက်ပြီး Public Private Partnership ကလည်း အရေးကြီးပါတယ်။ ကျွန်မတို့ဆီမှာ CERT ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်။ Cyber Security နဲ့ပတ်သက်ပြီး ဒီအဖွဲ့နဲ့ပေါင်း လုပ်နေတယ်။ မြန်မာနိုင်ငံအတွက်လည်း ဒီလိုဆောင် ရွက်ချက်မျိုးတွေကို အကောင်အထည်ဖော်သွားမှာပါ။ ကမ္ဘာပ်ါမှာ စက္ကန့်တိုင်းမှာ ဆိုက်ဘာရာဇဝတ်မှုတွေဖြစ်ပေါ်နေပါတယ်။ တစ်စက္ကန့်ကိုလူ ၁၂ ယောက်ကသားကောင်ဖြစ်နေတယ်။ သူ့အတွက် ကုန်ကျစားရိတ်က ဒေါ်လာ ၄၅၀ ဘီလီယံကုန်ကျ တယ်။ Cyber Attack ကို မိုဘိုင်းဖုန်းတွေ သုံးစွဲမှုများလာတာနဲ့အမျှ ကာကွယ်ဖို့လိုလာတယ်။ ဘဏ်လုပ်ငန်းကလည်း Cyber Attack ပြုလုပ်တဲ့ သူအကြိုက်ဆုံးအရာဖြစ်နေတယ်။ Cyber Crime ကြောင့် စီအီးအိုရာထူးတွေယူထားတဲ့သူတွေက အလုပ်တွေ ဆုံးရှုံးခဲ့ပြီးတာမျိုးတွေရှိပါတယ်။

မေး- မြန်မာနိုင်ငံမှာ တရားဝင်မဟုတ်တဲ့ဆော့ဖ်ဝဲသုံးစွဲနေမှုနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါ။

ဖြေ- တရားဝင်ထုတ်ထားတဲ့ဆော့ဖ်ဝဲတွေကိုပဲ သုံးပြီး တရားမဝင်ဖြန့်ချိနေတဲ့ ဆော့ဖ်ဝဲကို လုံးဝမသုံးစွဲပါနဲ့။ International Data Corporation (IDC) နဲ့ National University of Singapore (NUS) တို့ကနေ နိုင်ငံပေါင်း (၁၁) နိုင်ငံမှာပြုလုပ်ခဲ့တဲ့ လေ့လာချက်တွေအရ တရားမဝင်ဆော့ဖ်ဝဲသုံးစွဲ လိုက်တဲ့ကွန်ပျူ တာအသစ် (၂၀၃) လုံးမှာ ၆၁ ရာခိုင်နှုန်းက malware တွေ ပါဝင်နေတယ်လို့ တွေ့ရှိရ ပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တရားမဝင်ဆော့ဖ်ဝဲတွေ ထည့်ထားတဲ့ ကွန်ပျူ တာအသစ်တွေရဲ့ ၈၄ ရာခိုင်နှုန်းက Malware ပါဝင်နေတယ် လို့တွေ့ရှိရတယ်။ တရုတ်နိုင်ငံမှာတော့ ၈၅ ရာခိုင်နှုန်းပါ။

မေး- မြန်မာနိုင်ငံမှာ Microsoft က ဘယ်လိုလုပ်ငန်းတွေ လုပ်သွားမှာပါလဲ။

ဖြေ- မြန်မာနိုင်ငံမှာ Microsoft အနေနဲ့ လုပ်ငန်းတွေ စတင်လုပ်ကိုင်သွားတော့မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်း၊ ဝန်ကြီးဌာန၊ စာကြည့်တိုက်တွေနဲ့ပူးပေါင်းပြီး အသိပညာပေး လုပ်ငန်းတွေ လုပ်သွားမယ်။ ဒီနှစ်အတွင်းမှာ အခမဲ့ဝန်ဆောင်မှုတွေကို အများပြည်သူရှေ့ယူဆောင်ပေးသွားတော့မှာ ဖြစ်ပါတယ်။ Dream Spark လို့ခေါ်တဲ့ ဆောင်ရွက်ချက်ကို တက္ကသိုလ်ပညာရေးအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်းသွားမယ်။ Dream Spark ကို ကျောင်းသားတွေကို သုံးနှစ်တာကာလ ပေးသုံးမယ်။ အရည်အသွေးကောင်းကောင်း အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမယ်။ ဒါ့အပြင် Biz Spark အတွက်လည်း သုံးနှစ်ကာလ အခမဲ့ပေးသုံးမယ်။

မေး- Dream Spark၊ Biz Spark အဖွဲ့ဝင်ဖြစ်ဖို့ ဘာတွေ လိုအပ်မလဲ။

ဖြေ- Dream Spark၊ Biz Spark အဖွဲ့ဝင်ဖြစ်လာဖို့အတွက် သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေရှိရမယ်။ အဖွဲ့ဝင်တွေကို အခမဲ့သင်တန်းတွေ ပေးသွားဖို့ရှိတယ်။ အစိုးရအဖွဲ့အစည်းတွေ ကုမ္ပဏီတွေကို တရားဝင်ဆော့ဖ်ဝဲတွေ ရောင်းချသွားဖို့ ရှိတယ်။

မေး- တရားဝင်ဆော့ဝဲသုံးတာနဲ့ တရားမ၀င် ဆော့ဖ်ဝဲသုံးတာ ဘာကွာခြားသွားမလဲ။

ဖြေ- ကွန်ပျူ တာ Malware တွေကနေ ကာကွယ်နိုင်မယ်။ Spam တွေ အန္တရာယ်ကနေ ကာကွယ်နိုင်မယ်။ ဘဏ်တွေအနေနဲ့လည်း ဆော့ဖ်ဝဲအစစ် (တရားဝင်ဆော့ဖ်ဝဲ) တွေ မသုံးဘူး ဆိုရင် အကျိုးအမြတ် မရနိုင်ပါဘူး။

မေး- Cyber Security နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာဆောင်ရွက်ဖို့ ဘယ်လိုမူဝါဒတွေချမှတ်ထားပါသလဲ။

ဖြေ- Microsoft Cyber Crime Center ဆိုတာရှိပါတယ်။ အဲဒီစင်တာကနေ ဆောင်ရွက်မယ့် မူဝါဒတွေ ချမှတ်ထားတယ်။ နိုင်ငံတကာမှာ Cyber Security တွေ ဘယ်လိုလုပ်နေသလဲ ဆိုတာတွေ အားလုံးမြန်မာနိုင်ငံကို ယူဆောင်လာမယ်။ အဲဒါနဲ့ပတ်သတ်ပြီး လှုပ်ရှားမှုတွေ လုပ်မယ်။

မေး- မြန်မာနိုင်ငံမှာက Cyber Security Law မရှိသေးတော့ အဲဒီအပေါ်ကိုလည်း ဘယ်လိုမြင်ပါသလဲ။

ဖြေ- ဥပဒေတစ်ခုဖြစ်လာဖို့က အချိန်ယူရတယ်၊ ဥပဒေဖြစ်လာရင်လည်း လူတွေက လိုက်နာဖို့ အချိန်ယူ ဆောင်ရွက်သွားဖို့လိုတယ်။

မေး- မြန်မာနိုင်ငံမှာ Microsoft လိုင်စင်ဆော့ဖ်ဝဲတွေကို ဘယ်လိုနှုန်းထားတွေနဲ့ ၀ယ်ယူနိုင်မှာပါလဲ။

ဖြေ- မြန်မာနိုင်ငံမှာ လူအများစု ဝယ်ယူနိုင်တဲ့နှုန်းထားနဲ့ လိုင်စင်ဆော့ဖ်ဝဲတွေ ဝယ်ယူနိုင်အောင် ဆောင်ရွက်သွားဖို့ရှိတယ်။ ဥပမာ တက္ကသိုလ်အတွက် အခမဲ့ ပေးသုံးတာမျိုးတွေဖြစ် လာအောင် ဆောင်ရွက်သွားမယ်။ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန စတာတွေနဲ့ MOU ထိုးသွားပြီး အခမဲ့ Training တွေလုပ်သွားမယ်။ Cloud ကနေ ဒေါင်းလုပ် ဆွဲနိုင်တာမျိုးတွေ ဖြစ်လာအောင် ဆောင်ရွက်သွားမယ်။ နောက်ပြီး အခုမြန်မာနိုင်ငံမှာ Office 365 Service လည်း ရနေပါပြီ။ ဝင်ကြည့်ကြည့်ပါ။

မေး- အဲဒီအစီအစဉ်တွေအားလုံးကို ဘယ်အချိန်မှာ အကောင်အထည် ဖော်သွားမှာပါလဲ။

ဖြေ- ဆောင်ရွက်ဖို့ စီစဉ်နေတဲ့ အရာအားလုံးကိုဖြစ်နိုင်ရင်လာမယ့် ၁၂ လာအတွင်းမှာ အကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။ နည်းနည်းချင်းစီ ခပ်သေးသေးကနေစသွားမယ်။ တစ်ဖြည်းဖြည်းချင်း ကျယ်ပြန့်လာမှာဖြစ်ပါတယ်။ Dream Spark ကိုတက္ကသိုလ်တစ်ခုနှစ်ခုနဲ့စတင်သွားမယ်။ အဲဒီ ကနေ Biz Spark ကိုကူးလာမယ်။ Microsoft မှာ မြန်မာစာ စနစ်အတွက်လည်း ဆောင်ရွက်နေဆဲပါပဲ။

မေး -မြန်မာနိုင်ငံရဲ့အိုင်စီတီကဏ္ဍနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါ။

ဖြေ- မြန်မာနိုင်ငံအနေနဲ့ အိုင်စီတီဖွံ့ဖြိုးတိုးတက်မှုက အောက်ဆုံးအခြေအနေမှာ အမြဲတမ်းပါတယ်။ ၇၀ ရာ ခိုင်နှုန်းက လျှပ်စစ်မရှိဘူး။ ဒါပေမဲ့ ဒါဟာ အခွင့်အရေးတစ်ခုဖြစ်တယ်။ ဒီနေ့ခေတ်မှာ တယ်လီနော၊ အူရီဒူးတို့က ကွန်ရက်လွှမ်းခြုံနိုင်အောင် ဆောင်ရွက်နေကြတယ်။ အိုင်စီတီကဏ္ဍဟာ စီးပွားရေး၊ ပညာရေး၊ ဆက်သွယ်ရေးတွေကို အထောက်အ ပံ့ပေးနိုင်မယ်။ နောက် ငါးနှစ် ဆယ်နှစ်လောက်မှာ အိုင်စီတီကဏ္ဍ တိုးတက်လာမယ်ဆိုရင် အိုင်စီတီလုံခြုံရေးကအရေးကြီးတယ်။ အိုင်စီတီလုံခြုံရေးပိုင်းဆိုင်ရာ ပြဿ     နာဖြစ်လာရင် အိုင်စီတီကို လူတွေ ယုံကြည်မှုပျောက်သွား မယ်။ အိုင်စီတီကို ဘဏ်ဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာတွေမှာ အသုံးပြုတာမို့ အဲဒီဟာတွေကိုလည်း ယုံကြည်မှု ထိခိုက်လာမယ်။ Microsoft အနေနဲ့ ဒါကို ကူညီပေးဖို့ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။