မောင်မင်းခန့်နိုင်၏ Student Life

IMG_5885.jpg

ဒီအပတ်မှာတော့ Info Myanmar College မှာ Pre Higher National Diploma UK ကို တက်ရောက်နေတဲ့ မောင်မင်းခန့်နိုင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အမည်၊ အသက်၊ ပညာအရည်အချင်းနဲ့ ဘယ်ဇာတိလဲ။

ကျွန်တော့်နာမည်က မောင်မင်းခန့်နိုင်ပါ။ ကျွန်တော့်အသက်က ၁၅ နှစ်ပါ။ ကျွန်တော် ၁၀ တန်း ဖြေထားပါ တယ်။ ကျွန်တော်က အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်း မှာ နေပါတယ်။

Info Myanmar College မှာ HND Foundation တက်ရောက်နေတယ်လို့ သိရတယ်။ HND Foundation မှာ ဘာတွေသင်ယူရလဲ။ ဆက်တက်ရမယ့် HND က ဘယ်နိုင်ငံကပေးတာလဲ။

HND Foundation  မှာ Subject ၄ ခု သင်ရပါတယ်။ အဲဒီ Subject ၄ ခုကတော့ English (4) Skills (IELTS)၊ Computer System၊ Software (HTML, CSS, Java)၊ Application (Word, Powerpoint, Photoshop) တို့ဖြစ်ပါတယ်။ Edexcel (UK) က ချီးမြှင့်တဲ့ HND Diploma မှာ Subjects တွေ အများကြီးရှိပါတယ်။ Engineering, Business, Tourism အစရှိတဲ့ ဘာသာရပ်တွေ ပါဝင်ပါတယ်။ အဲဒီဘာသာရပ်တွေထဲမှ Computing ဘာသာရပ်ကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် ၆ တန်းဖြေပြီး Computer Basic ကို စသင်ခဲ့ချိန်ကစပြီး အဲဒီကတည်းက ကွန်ပျူတာကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် Computing ကို ရွေးချယ်ခဲ့ခြင်း ဖြစ် ပါတယ်။

HND တက်ရောက်ဖို့ ဘာတွေလိုအပ်လဲ။ HND ရရှိဖို့ အချိန်ဘယ်လောက်လိုလဲ။ ဘာသာရပ် ဘယ် နှစ်ခုကို သင်ယူရမှာလဲ။

HND ကို တက်ရောက်မယ် ဆိုရင် တက္ကသိုလ်ဝင်တန်း ဒါမှမဟုတ် IGCSE နဲ့ A-Level အောင်မြင်ထားဖို့လိုပါတယ်။ ကြာချိန်အနေနဲ့ကတော့ Pre-HND မှာ ၄ လ၊ HND မှာ Year (1), Year (2) ဆိုပြီး အားလုံးပေါင်း ၂ နှစ်ဝန်းကျင် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဘာသာရပ်ကတော့ ၁၆ ဘာသာ သင်ယူရမှာ ဖြစ်ပါတယ်။

 BTEC HND တက်ရောက်ဖို့ Info Myanmar College ကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ ကောလိပ်ကပေးတဲ့ Facilities တွေကို ပြောပြပေးပါဦး။

အဓိက ကတော့ မိမိတက် ရောက်မယ့်ကျောင်းရဲ့ Background နဲ့ Image ပေါ်မူတည်ပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းရဲ့ Facilities လည်း ပါတာပေါ့။ Info Myanmar College ကို တည်ထောင် ဖွင့်လှစ်တဲ့ မိခင် Company (IMCS  LTD) ဟာ လက်ရှိမှာ IMCS Computer Center ၅ ခုကို ဖွင့်လှစ် ထားပြီး မြန်မာ ICT နယ်ပယ်အတွက် ထူးချွန်တဲ့ အိုင်တီပညာရှင်တွေကို မွေးထုတ်ပေးနေသလို နိုင်ငံတကာ ICT စာမေးပွဲ Cisco, Microsoft, EC-Council (USA) တွေမှာလည်း ထူးချွန်တဲ့ ပညာရှင်တွေကို မွေးထုတ်ပေးနေတာကြောင့် ယုံကြည်လို့ ရွေးချယ်ခဲ့တာပါ။ Info Myanmar College က Supportလုပ်ထားတဲ့ Facilities တွေကတော့ ကျောင်းသား၊ ကျောင်းသူတွေသွားလာရေး အဆင်ပြေစေဖို့ အတွက် ကြို/ပို့ ယာဉ် (Ferry) စီစဉ်ပေးခြင်း၊ ကျောင်းသားများ Self Study လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ E-Library, Library, Computer Lab Room, Language Room, Internet နဲ့ အချိန်ပို Class တွေ စီစဉ် ထားရှိပေးထားပါ တယ်။ နောက်ပြီး ပြည်ပတက္ကသိုလ်တွေမှာ လေ့လာသင်ယူတဲ့အချိန်မှာ အခက်အခဲမရှိစေဖို့ Pre-HND မှစပြီး အင်္ဂလိပ်ကို ထည့်သွင်း သင်ကြားပေးထားပါတယ်။ HND တက်ရောက်တဲ့ ၂ နှစ်အတွင်းမှာ IELTS ကို ဖြေဆိုနိုင်အောင်အထိ  စီစဉ်ပေးထားပါတယ်။

ဆယ်တန်းပြီးပြီးချင်း HND Foundation တက်ရောက်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့လဲ။ Info Myanmar College မှာတက်ရောက်ဖို့ရော ဘာကြောင့်ရွေးချယ် ခဲ့လဲ။

ကျွန်တော် အိုင်တီနည်းပညာကို စိတ်ဝင်စားလို့၊ Hacking ပိုင်းကို စိတ်ဝင်စားလို့ HND ကို ရွေးချယ်ပြီး တက်ခဲ့တာပါ။ ထူးချွန်တဲ့ Hacker တစ်ယောက်၊ Software ပညာရှင်တစ်ယောက် ဖြစ်ချင်လို့ Info Myanmar College မှာ တက်ရောက်ခဲ့တာပါ။

အခုတက်နေတဲ့ Info Myanmar College ရဲ့ တစ်နေ့တာကို ပြောပြပေးပါ။ သူငယ်ချင်းအသစ်တွေနဲ့ ကျောင်းတက်ရတာဘယ် လိုနေလဲ။

၈ နာရီဆိုရင် ကျောင်း ferry လာကြိုပါတယ်။ ကျောင်းရောက်ရင် ၉ နာရီဆို အတန်းဝင်ရပါတယ်။ မနက် ၉ ကနေ ၂ နာရီခွဲအထိ စာသင်ရပါ တယ်။ ကျောင်းက အစ်ကိုတွေနဲ့ တူတူ ထမင်းစားရတော့ ပျော်ပါတယ်။ သူငယ်ချင်းတွေကတော့ ကိုယ့်ထက်ကြီးတဲ့လူတွေချည်းပါပဲ။ ကျောင်းမှာဆို အငယ်ဆုံးပါ။ အားလုံးကလည်း မိသားစုလို၊ ညီအစ်ကိုလို ခင်ကြ၊ စကြ၊ နောက်ကြတော့ ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်စရာအရမ်းကောင်းပါတယ်။ CEO နဲ့ MD ကအစပေါ့။

HND Foundation ပြီးရင် HND First Year မှာ ဘယ်ဘာသာရပ်ကို သင်ယူဖို့ ရွေးချယ်ထားလဲ။ ကိုယ်ရွေးချယ်ထားတဲ့ ဘာသာရပ်ကိုရော စိတ်ဝင်စားလား။ အဲဒီဘာသာရပ်ကို ကိုယ်တိုင်ရွေးချယ်တာလား၊  မိဘကရွေးချယ်ပေးတာလား။

Network ပိုင်းကို သင်ယူဖို့ ရွေးချယ်ထားပါတယ်။ အရမ်းစိတ်ဝင်စားပါတယ်။ ဟုတ်၊ ကျွန်တော်ကိုယ်တိုင် ရွေးချယ်ထားတာပါ။

Info Myanmar College မှာ HND (Network) Trend တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို (CCNA, MCP) ဘာသာရပ်တွေကို Scholor အနေနဲ့ အခမဲ့သင်ပေးတယ်လို့ သိရတယ်။ အဲဒါလေးပြောပြပါဦး။

ကျွန်တော်တို့ကောလိပ်မှာ Networking Trend ကို အထူးလေ့လာတဲ့သူတွေအတွက်  First Year မှာ CCNA, Second Year မှာ Microsoft ကို Scholor အဖြစ် အခမဲ့သင်ပေးမယ့် အစီအစဉ်ရှိပါတယ်။ Software Trend ကို အထူးပြု လေ့လာတဲ့သူတွေအတွက် Android Developer ကို Scholor အဖြစ် သင်ပေးမှာ ပါ။ နောက်ပြီး အခုလို လုပ်ငန်းခွင်မှာ တောင်းဆိုမှုများပြားတဲ့ International Certified ကိုပါ တစ်ပါတည်း ပူးတွဲသင်ပေးတာကြောင့် အချိန်ကုန် သက်သာသလို ကျွန်တော်တို့အတွက်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာပိုရတာပေါ့။

အင်္ဂလိပ်စာကို (4 Skill ) သာမက IELTS Level အထိ သင်ပေးမယ်လို့ သိရတယ်။ IELTS Level အထိ သင်ပေးခြင်းအပေါ် ထင်မြင်ချက်နဲ့ ခံယူချက်ကို ပြောပြပေးပါဦး။

နိုင်ငံတကာမှာ ပညာသင်ကြားဖို့ဆိုရင် IELTS Score က အရမ်းအရေးကြီးပါတယ်။ နာမည်ကြီး တက္ကသိုလ်တွေမှာ ပညာသင်ကြားဖို့ဆိုရင် IELTS Score လည်း ကောင်းဖို့လိုပါတယ်။ နောက်ပြီး ကျွန်တော့်အမြင်နဲ့ ပြောရမယ်ဆိုရင် ပညာရပ်တစ်ခုကို လေ့လာသင်ယူဖို့ English Skill ကောင်းမှဖြစ်မှာပါ။ English Skill ကောင်းမှ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်နိုင်မှာဖြစ်သလို ကိုယ်သင်ယူမယ့် ဘာသာရပ်အပေါ်မှာ ထူးချွန်ထက်မြက်ဖို့ English က အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ English ကို Pre-HND မှာ ကတည်းက အခုလို ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းပေးတဲ့အတွက် အရမ်းကိုကောင်း ပါတယ်လို့ ပြောချင်ပါတယ်။ Pre-HND မှာကတည်းက အင်္ဂလိပ်ကို ထည့်သွင်းသင်ကြားပေးတဲ့အတွက်ကြောင့် IELTS ကို ကောင်းကောင်း ကျော်ဖြတ်နိုင်မှာပါ။

HND Diploma ပြီးရင် ဒီဂရီအထိသွားမှာလား၊ Diploma ရပြီးရင် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုမျှော်မှန်းလဲ၊ ထင်မြင်လဲ။

ဟုတ်ကဲ့။ ကျွန်တော့်အနေနဲ့ကတော့ HND Diploma ပြီးသွားရင် ကုမ္ပဏီတစ်ခုမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ဝင်ရောက်လုပ်ကိုင်ပြီးတော့မှ နိုင်ငံခြားမှာ ဒီဂရီယူဖို့ စဉ်းစားထားပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းအနေနဲ့ကတော့ ယူကေရဲ့ အကြီးမားဆုံး  ပညာရေးအဖွဲ့အစည်း Edexcel ကနေ ချီးမြှင့်တဲ့ QCF-Level (5) ရှိတဲ့ Higher National Diploma ဖြစ်တဲ့အတွက်ကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီတွေမှာ အခက်အခဲမရှိ ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ခုရှိတာက ကိုယ်တိုင်အရည်အချင်းရှိဖို့တော့ လိုတာပေါ့။

Info Myanmar College ကပေးတဲ့ Facilities တွေလည်း ပြောပြပေးပါဦး။ ဆရာ၊ ဆရာမတွေကရော စာသင်ကြားမှု အဆင်ပြေရဲ့လား။

HND စတက်တာနဲ့ Laptop Lenovo တစ်လုံးရတယ်။ Uniform နှစ်စုံရတယ်။ Locker တစ်ခုရတယ်။ School Logo ပါတဲ့ ကိုယ်ပိုင်ရေခွက် တစ်ခွက် ရတယ်။ ခေါက်ဆွဲ၊ ကြက်ဥ၊ ကော်ဖီ စားသောက်လို့ရပါတယ်။ Trip လည်းသွားရပါတယ်။ E-Library တစ်ခုရှိပါတယ်။ Wifi Free ရှိပါတယ်။ ပြေပါတယ်။ ဆရာတွေ၊ ဆရာမတွေက မိသားစုလို၊ ညီအစ်ကို မောင်နှစ်မတွေလိုပါပဲ။ ဆုံးမတယ်။ နားလည်အောင်ပြောတယ်။ ဂရုလည်းစိုက်ပါတယ်။

နွေရာသီကျောင်းပိတ်ရက် မှာ နားရက်မယူဘဲ HND Foundation ကို ဘာကြောင့် တက်ရောက်ခဲ့တာလဲ။ ခံယူချက်၊ ခံစားချက်နဲ့ အနာဂတ် ရည်ရွယ်ချက် ကိုလည်း ပြောပြပေးပါဦး။

UK BTEC edexcel အဖွဲ့ အစည်းကပေးတဲ့ Higher National Diploma (HND) ကို လိုချင်လို့ပါ။ Hacker တစ်ယောက်ဖြစ်အောင်လုပ်မှာပါ။ နောက်ဆုံးမှာ Hacker, Server Administrator တွေ လုပ်နိုင်တဲ့သူဖြစ်ချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။