HITACHI Social Innovation Forum 2105 Myanmar ကျင်းပ

HITACHI-Social-Innovation-Forum-2105-Myanmar--(1).jpg

HITACHI Ltd ၏ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ခြင်း အစီအစဉ်များ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော HITACHI Social Innovation Forum 2105 Myanmar ကို နေပြည်တော်ရှိ HILTON Hotel တွင် ဇွန်လ ၁ ရက်က ကျင်းပခဲ့သည်။

အဆိုပါ စီးပွားရေးဆွေးနွေးပွဲသည် အခြေခံအဆောက်အအုံနှင့် ခေတ်မီ သတင်းအချက်အလက် နည်းပညာများကို ပေါင်းစပ်ဖန်တီးထားသည့် ဟီတာချီ၏ Social Innovation Business အနက်မှ Solution အမျိုးမျိုးကို ပြသခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ သုံးစွဲသူများ၊ စီးပွားဖက်များနှင့် အစုရှယ်ယာများ ပါဝင်ထားသူအနေဖြင့် ဟီတာချီ၏ အဓိက စီးပွားရေး လုပ်ငန်းခွင်များဖြစ်သည့် သတင်း အချက်အလက်နှင့် တယ်လီဖုန်းစနစ် ဆက်သွယ်ရေးစနစ်များ၊ မီးရထားလမ်း စနစ်များ၊ လျှပ်စစ်စွမ်းအားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းများကို ပိုမိုနားလည်နိုင်စေရန်အတွက်ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

အဆိုပါ Forum တွင် Hitachi ၏ ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ပြသထားပြီး မီးရထားလမ်းများ၊ လျှပ်စစ်စွမ်းအား၊ Water Treatment စသော လုပ်ငန်းနယ်ပယ်များမှ ဟီတာချီ
၏ နည်းပညာ အဆောက်အအုံများနှင့် အဆင့်မြင့်သတင်း အချက်အလက် နည်းပညာကို ပေါင်းစပ်သုံးစွဲမည်ဖြစ်ကြောင်း၊ ယင်းတို့အနေဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံပေါင်းများစွာကို ပိုမိုသက်သောင့်သက်သာဖြစ်ပြီး ပိုမိုလုံခြုံ စိတ်ချရသည့် လူမှုဝန်းကျင်တွင် နေထိုင်နိုင်အောင် ဖန်တီးပြီး ဆက်လက်ပံ့ပိုးထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။