Ubuntu OS အသုံးပြုသူများအတွက် Terminal Application များ

easy-terminal-cmus-paying.jpg

Ubuntu OS အသုံးပြုသူ အများစုဟာ Terminal ကိုသုံးစွဲကြမှာပါ။ Terminal ကို အသုံးပြုပြီး Ubuntu OS မှာ အသုံးပြုနိုင်မယ့် Terminal Application တွေဟာ သုံးစွဲသူအတွက် အသုံးဝင်မယ့် Application တွေ ဖြစ်ပါတယ်။ Ubuntu OS ရဲ့ Terminal မှာ အလွယ်တကူနဲ့ ထည့်သွင်းသုံးစွဲနိုင်မယ့် Application တွေဟာ System Administrator များ အတွက် ပိုမိုသင့်တော်ပါတယ်။

Htop

Htop ဆိုတဲ့ Application ကတော့ Terminal မှာ CPU, Memory အစရှိတာတွေရဲ့ အသုံးပြုမှုတွေကို Terminal မှာ ရောင်စုံပုံစံနဲ့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Htop ကို Install ပြုလုပ်ဖို့အတွက် sudo apt-get install htop ဆိုတဲ့ Command ကိုရိုက်ထည့်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Run ဖို့အတွက်ကတော့ Terminal မှာ htop လို့ရိုက်ထည့်လိုက်ရင် စတင် run မှာဖြစ်ပါတယ်။

Midnight Commander

MC (Midnight Commander) ကတော့ Ubuntu OS ရဲ့ System ပိုင်းထဲက Folder တွေကို ဖော်ပြပေးနိုင်မယ့် File Manager တစ်ခုပဲ ဖြစ်ပါတယ်။ Midnight Commander ကို Run ဖို့အတွက် Terminal မှာ mc ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ရင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

CMUS

CMUS ဟာ System Administrator တွေ အပန်းဖြေ သီချင်းများ နားဆင်နိုင်ဖို့အတွက် Music Player တစ်ခုပဲ ဖြစ်ပါတယ်။ CMUS ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ sudo apt-get install cmus ဆိုတဲ့ Command နဲ့ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Run ဖို့အ တွက်ကတော့ Terminal မှာ cmus လို့ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Terminal မှာ Music Player ပွင့်လာမှာ ဖြစ်ပါတယ်။

Cmatrix

Cmatrix ကတော့ စာလုံးများစွာကို Matrix ပုံစံဖြင့် Terminal ထဲမှာ အလုပ်လုပ်ဆောင် နိုင်ရန်အတွက် စီစဉ်ပေးနိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။ ထည့်သွင်းအသုံးပြုဖို့ အတွက်ဆိုရင် sudo apt-get install cmatrix ဆိုတဲ့ Command ကိုရိုက်ထည့် ရမှာဖြစ်ပြီး၊ Run ဖို့အတွက်ကတော့ cmatrix ဆိုတဲ့ Command နဲ့ Run နိုင်မှာ ဖြစ်ပါတယ်။ အထက်ပါ Terminal Application များနှင့် သက်ဆိုင်တဲ့ Key တွေနဲ့ Command တွေကိုလည်း တစ်ခုချင်းစီး -help ဆိုတဲ့ Command နဲ့ ရှာဖွေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။