Apple Watch မှတစ်ဆင့် Volvo ကားများကို ထိန်းချုပ်နိုင်တော့မည်

Volvo-XC90-Apple-Watch-on-call.jpg

ဆွီဒင်ကားကုမ္ပဏီ တစ်ခုဖြစ်သော Volvo သည် ၎င်း၏ကားများတွင် လုပ်ဆောင်ချက် အမျိုးမျိုးကို Android, iOS သို့မဟုတ် Windows Phone ထုတ်ကုန်များမှတစ်ဆင့် ထိန်းချုပ်နိုင်ရန် ၎င်း၏ Volvo On Call app ကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ Volvo On Call app ကို မိုဘိုင်း app အဖြစ် မဖြန့်ချိမီက ယာဉ်မောင်းများကို အကူအညီများ ပေးနိုင်မည့် ဖုန်းအော်ရေတာ ပါဝင်သော ဘေးကင်းလုံခြုံရေး စနစ်တစ်ခုအဖြစ် ၂၀၀၁ ခုနှစ်၌ စတင်ပြုလုပ် ပေးခဲ့သည်။ ၎င်းစနစ်မှာ ဥပမာအားဖြင့် ကား၏လေအိတ်များ ပွင့်လာပါက GPS အချက်အလက်များကို အသုံးပြု၍ Volvo ကအရေးပေါ် ဝန်ဆောင်မှုများကို စေလွှတ်ပေးမည့် စနစ်တစ်ခုဖြစ်သည်။ Volvo ကားပိုင်ရှင်များ အနေဖြင့် ၎င်း app ကိုအသုံးပြု၍ အဝေးမှတံခါးများကို ဖွင့်နိုင်၊ ပိတ်နိုင်ခြင်းအပြင် အပူပေးစနစ်နှင့် အအေးစနစ် လုပ်ဆောင်ချက်များ၊ ကားစက်နှိုးခြင်းနှင့် ဆီရှိမရှိ စစ်ဆေးနိုင်မည့် app အတွင်းရှိ အခြေခံလုံခြုံရေး feature လည်း ပါဝင်လာမည် ဖြစ်သည်။ ထို့အပြင် ကားရပ်နားခဲ့သည့် ကားပါကင်တွင် ကားကိုရှာဖွေ ပေးနိုင်မည်ကြောင်း သိရသည်။

သို့သော်လည်း Volvo ၏အဆင့်မြှင့်တင်ထားသော app တွင်မည်သည့် လုပ်ဆောင်ချက်များ ပါဝင်လာမည်ကို အသေးစိတ် မသိရှိရသေးပေ။ Volvo က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် Volvo On Call သည် Cortana ကို ထောက်ပံ့ပေးထားသလို သုံးစွဲသူ၏ ဖုန်းများကို ကားများနှင့် ချိတ်ဆက်ရာမှ ပိုမိုတိကျသည့် လမ်းညွှန်ခြင်းဆိုင်ရာ အချက်အလက်များ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref: Mahsable