LG ၏ G4 စမတ်ဖုန်း ဈေးကွက် ဝင်ရောက်မည်

lg-g4.jpg

LG မှ အသစ်ထပ်မံ တင်သွင်းရောင်းချမည့် LG G4 စမတ်ဖုန်းအား မကြာမီအချိန်တွင် ဈေးကွက်အတွင်း ဝယ်ယူရ ရှိနိုင်တော့မည်ဖြစ်ပြီး အဆိုပါ စမတ်ဖုန်းတွင် နည်းပညာမြင့် ကင်မရာ စနစ်များ ပါဝင်လာမည် ဖြစ်ကြောင်းသိရသည်။

LG ၏ G4 စမတ်ဖုန်းအား ယခုလ ၁၉ ရက်နေ့တွင် ပြည်တွင်းဈေးကွက်သို့ စတင်မိတ်ဆက် ရောင်းချပေးသွားမည် ဖြစ်သည်။ ၎င်းစမတ်ဖုန်းတွင် Selfie Light ပါဝင်လာမည် ဖြစ်ခြင်းကြောင့် အလင်းအားနည်းသော နေရာများတွင် Selfie ကောင်းကောင်း ရိုက်နိုင်မည်ဖြစ်ပြီး Selfie နှစ်သက် သူများအတွက် ကောင်းမွန်သော ဖုန်းအမျိုးအစား တစ်ခုဖြစ်ကြောင်း သိရသည်။

LG G4 အား Screen မျက်နှာပြင်၊ ကင်မရာနှင့် ဒီဇိုင်းပိုင်းတို့တွင် အဓိကဦးစားပေး ထုတ်လုပ်ထားပြီး ကင်မရာပိုင်းတွင် သဘာဝ အရောင်များအား G3 ထက် ၂၅ ရာခိုင်နှုန်းခန့် ပိုမိုကောင်းမွန်စွာ မြင်တွေ့ခံစားနိုင်မည် ဖြစ်ကြောင်းသိရသည်။ ကင်မရာ ပိုင်းတွင် OIS+ နှင့် Laser Auto Focus စနစ်များ ပါဝင်ခြင်းကြောင့် ပုံရိပ်များအား လွယ်ကူလျင်မြန်စွာနှင့် ကြည်လင်စွာ ဖမ်းယူပေး နိုင်မည်ဖြစ်ပြီး အသုံးပြုထားသော ကင်မရာများမှာလည်း နောက်ဘက် ကင်မရာ 16 Mega Pixel နှင့် ရှေ့ကင်မရာ 8Mega Pixel ကင်မရာများ ပါဝင်လာမည် ဖြစ်ကြောင်းသိရသည်။

မှတ်ဉာဏ်ပိုင်းတွင် Internal Memory 32GB နှင့် 3GB RAM စနစ်များ ပါဝင်ပြီး Dual-core 1.82 GHz Cortex-A57 & quad-core 1.44 GHz Cortex-A53 CPU တို့ကို အသုံးပြုထားသည်။ ၅.၅ လက်မ အရွယ်အစားရှိ IPS LCD Screen ကို အသုံးပြုထားပြီး Screen Resolution အနေဖြင့် 1440 x 2560 pixels (~538 ppi pixel density) ရှိမည် ဖြစ်သည်။

အဆိုပါ စမတ်ဖုန်းအား ပြည်တွင်းတွင် ရောင်းချမည့် နှုန်းထားအတွက် ထုတ်ပြန်ကြေညာထားခြင်း မရှိသေးသော်လည်း တန်ဖိုးမြင့် စမတ်ဖုန်းတစ်လုံး ဖြစ်လာနိုင်ကြောင်း သိရသည်။