IT Business Plan Contest 2015 အတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်

11270657_10204886778949104_978177370973400930_o.jpg

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် ဂျပန်နိုင်ငံ CIESF အဖွဲ့အစည်းတို့ ပူးပေါင်းကာ IT Industry ဖွံ့ဖြိုးစေရန် အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်မည်ဖြစ်သော IT Business Plan Contest 2015 အတွက် ပြိုင်ပွဲဝင်များအား ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲဝင်များအား ဖိတ်ခေါ်ခြင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဆရာမကြီး ဒေါ်သန်းသန်းတင့်မှ “ဒီပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက် ကတော့ ICT နည်းပညာကဏ္ဍတွေမှာ ထူးချွန်တဲ့မြန်မာ လူငယ်တွေ ပေါ်လာစေချင်ပါတယ်။ နောက် အသင်းအဖွဲ့တွေ၊ အဖွဲ့အစည်းတွေ၊ အများနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်ပြီး စီးပွားရေးစီမံကိန်း Business Plan တွေ Strategy ကို ရေးဆွဲ တတ်လာအောင် ရယ်၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ပေါ်လာစေဖို့ အတွက် ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ပြောကြားခဲ့သည်။

ပြိုင်ပွဲသို့  အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်ပြီးသူများလည်း ပြန်လည် ဝင်ရောက်နိုင်မည် ဖြစ်သည်။ ဝင်ရောက်လိုသူများအနေဖြင့် ပထမဦးစွာ မိမိတို့၏ Project များကို တင်သွင်းရမည်ဖြစ်ပြီး နောက်ဆုံးရက်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်ဖြစ်သည်။

ရွေးချယ်ခံရသူများ အနေဖြင့် သင်တန်းတက်ရောက်ခွင့်ရမည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် အနိုင် ရရှိသူများသည် ပထမဆု အမေရိကန်ဒေါ်လာ ၃,၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၂,၀၀၀၊ တတိယဆု အမေရိကန်ဒေါ်လာ ၁,၀၀၀ အသီးသီးရရှိမည်ဖြစ်သည်။

အသေးစိတ် စုံစမ်းလိုပါက အဆောင်(၁) မြန်မာအင်ဖိုတက်ခ်၊ လှိုင်မြို့နယ်၊ ဖုန်း-၀၁ ၆၅၂၃၀၇၊ ၀၁ ၂၃၀၅၂၃၃ email : ictcompetition@gmail.com နှင့် office@mcf.org.mm တို့ တွင်ဆက်သွယ်စုံစမ်းနိုင်သည်။