TrueCrypt

TrueCrypt ဆိုသည်မှာ file နှင့် full disk encryption အတွက် open source cross-platform program တစ်ခု ဖြစ်သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖြန့်ချိခဲ့သော အဆိုပါ software သည် လျှို့ဝှက်အချက်အလက် ပေါက်ကြားမှုကြောင့် လူသိများသော အမေရိကန် အစိုးရ ကန်ထရိုက်တာ အက်ဒ်ဝပ်စနိုဒန်က encryption အတွက် TrueCrypt ကို အကြံပြုခဲ့ပြီးနောက် လူသိများခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် မေလတွင် TrueCrypt ဝက်ဘ်ဆိုက်က program ကို ရပ်ဆိုင်းမည်ဟု ကြေညာခဲ့သည်။ ၎င်းကြေညာချက်ထဲတွင် TrueCrypt ၌ မပြင်ဆင်ရသေးသည့် လုံခြုံရေး ပြဿနာများ ပါဝင်ပြီး Windows XP အတွက် အထောက်အပံ့ ရပ်ဆိုင်းခဲ့ပြီးနောက် လုံခြုံမှု မရှိတော့ကြောင်း သတိပေး ဖော်ပြခဲ့သည်။ ထို့အပြင် ၎င်းဝက်ဘ်ဆိုက်သည် TrueCrypt မှ BitLocker ကို ပြောင်းလဲအသုံးပြုရန် အကြံပြုခဲ့ပြီး BitLocker အသုံးပြုပုံ နည်းလမ်းများကိုလည်း ဖော်ပြခဲ့သည်။

TrueCrypt ကို ၂၀၁၂ ခုနှစ်တွင် နောက်ဆုံး ဖြန့်ချိခဲ့သည်။ ထိုစဉ်က ဖြန့်ချိခဲ့သော version 7.1a သည် သုံးစွဲသူများက Serpent, AES နှင့် Twofish အပါအဝင် နည်းလမ်းများစွာကို ရွေးချယ် အသုံးပြုနိုင်စေသည်။ ၎င်းအပြင် Whirlpool အပါအဝင် hash function များကိုလည်း အထောက်အပံ့ ပေးခဲ့သည်။

နောက်ဆုံးဖြန့်ချိခဲ့သော TrueCrypt က version 7.2 ဖြစ်သည်။ ၎င်း version ကို TrueCrypt ကို အနားပေးမည့် အစီအစဉ်နှင့်အတူ ကြေညာခဲ့ခြင်း ဖြစ်သည်။ Version 7.2 တွင် သုံးစွဲသူများက encrypt လုပ်ထားသမျှကို decrypt လုပ်နိုင်ရန်အတွက် ထောက်ပံ့ပေးခဲ့ပြီး encryption လုပ်ဆောင်ချက်များကိုမူ ထည့်သွင်းပေးခဲ့ခြင်း မရှိပေ။